ဒိဗုရမ်ဗောဓိဝိဟာရ

ဝီကီပီးဒီးယား မှ
Divurum Bodhi Viharaya
දිවුරුම් බෝධී විහාරය
Pagoda of Divurum Bodhi Viharaya
အချက်အလက်များ
တည်နေရာAmpitiya
ဘာသာရေး နှီးနွယ်မှုBuddhism
အပိုင်းRamanya Nikaya
မျူနယ်စီပယ်Ampitiya
ခရိုင်Kandy District
စီရင်စုCentral Province
နိုင်ငံSri Lanka
ထောက်ပံ့သူVen. Kolabisse Tilakasiri Thera
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
စတင်သည့်နှစ်1914

ဒိဗုရမ်ဗောဓိဝိဟာရ (သီဟိုဠ်: දිවුරුම් බෝධි විහාරය or Purana Divurum Bodhi Maha Viharaya) သည်သီရိလင်္ကာနိုင်ငံ၊ ကန်ဒီခရိုင်တွင် တည်ရှိသည့် ထေရဝါဒဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်သည် Ampitiya မြို့၊ Ampitiya လမ်းတွင် တည်ရှိသည်။[၁]

ဒေသခံတို့၏ ပြောကြားချက်အရ ဗောဓိပင်၏ သက်တမ်းသည် နှစ်ပေါင်း ၆၅၀ ရှိပြီဖြစ်သည်။ ကန်ဒီမင်းများအုပ်ချုပ်သည့်ကာလတွင် ဘုရင်များသည် ကျောင်းတော်တည်ရှိရာတစ်စိတ်တပိုင်းကို တရားစီရင်ရာနေရာအဖြစ် အသုံးပြုပြီး ထိုနေရာတွင် ပြစ်မှုများ မကျူးလွန်ကြောင်းကို ကျမ်းကျိန်ကြရသည်။ ဒီဗုရမ် ဆိုသည်မှာ သီရိလင်္ကာဘာသာစကားဖြင့် ကျမ်းကျိန်ခြင်းဟု အဓိပ္ပာယ်ရသည်။ တရားစွဲခံရသူသည် ကျမ်းကျိန်ကျောက်တုံး (ဒီဗုရမ်ဂလ, දිවුරුම් ගල) ကို ထိကာ ကျမ်းကျိန်ရသည်။ Kandyan ရှေးစကားများအရ တရားစွဲခံရသူသည် လိမ်လည်ပါက သုံးရက်အတွင်း ထိုလိမ်လည်သူကို မြွေဟောက်သည် ကိုက်သတ်သည်ဟု ဆိုကြသည်။

နေပုံနှင့် လပုံပါဝင်သည့် ကျမ်းကျိန်ကျောက်တုံးကို Dambadeniya မင်းဆက်လက်ထက်တွင် ပြုလုပ်ခဲ့သည်ဟု ယုံကြည်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Udugama၊ Udumbara (3 February 2008)။ Divirum Bodhiya and its many legends။ 12 June 2016 တွင် ပြန်စစ်ပြီး။