ဒိပမား

ဝီကီပီးဒီးယား မှ
ဒိပမား၊ ၁၉၇၈ ခုနှစ်၊ မက်ဆာချူးဆက်ပြည်နယ်, ဘာရီ

ဒိပမား (၁၉၁၁ ခုနှစ် မတ်လ ၂၅ - ၁၉၈၉ ခုနှစ် စက်တင်ဘာလ) သည် ထေရဝါဒဗုဒ္ဓတရားပြဆရာမတစ်ဦးဖြစ်သည်။ သူမသည် Barua လူမျိုး ဖြစ်သည်။[၁] အာရှတွင် ထင်ရှားသည့် တရားပြဆရာတစ်ဦးဖြစ်ခဲ့ပြီ အမေရိကန်နိုင်ငံတွင်လည်း တရားပြသမှု ဆောက်ရွက်ခဲ့သည်။ သူမသည် အမေရိကန်နိုင်ငံ၏ ဝိပဿနာတရားပြန့်ပွားရေးတွင် လွှမ်းမိုးမှုရှိသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။[၂]

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

သူမကို ၁၉၁၁ ခုနှစ်တွင် ဗြိတိသျှအိန္ဒိယနိုင်ငံ၊ အရှေ့ဘင်္ဂလားပြည်နယ်၊ စစ်တကောင်းတွင် တည်ရှိသည့် ရွာငယ်လေးတစ်ခုတွင် ဖွားမြင်ခဲ့သည်။ ယခုအခါ ထိုနေရာသည် ဘင်္ဂလားဒေ့ရှ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သူမ၏အမည်မှာ Nani Bala Barua ဖြစ်သည်။[၃]

သူမသည် ငယ်စဉ်ကလေးဘဝတွင် ဗုဒ္ဓဘာသာ၏တရားများအပေါ် စိတ်ဝင်စားမှုရှိသည်ကို ပြသခဲ့ပြီး ကစားဆော့ကစားခြင်းထက် ဗုဒ္ဓ၏တရားတော်များကို လေ့လာရာခြင်းကို ပိုမိုနှစ်သက်ခဲ့သည်။[၁] သူမသည် စာသင်ကျောင်းသို့ သွားချင်ခဲ့သော်လည်း ၁၉၂၃ ခုနှစ်တွင် သူမသည် အိမ်ထောင်ပြုခဲ့ပြီး နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူနှင့် အတူနေထိုင်ခဲ့သည်။ သူ၏ ခင်ပွန်းသူ ရန်ကုန်မြို့မှ ဖြစ်ပြီး အင်ဂျင်နီယာတစ်ယောက် ဖြစ်သည်။[၁] မကြာမီပင် သူ၏ ခင်ပွန်းသည် သူမအား သူမ၏ဆွေမျိုးများနှင့်အတူ ထားခဲ့ကာ ရန်ကုန်သို့ ထွက်ခွာခဲ့သည်။ နောက်ဆုံးတွင် သူမသည်လည်း သူမ၏ခင်ပွန်းဖြစ်သူနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။ သူမ အသက် ၁၈ နှစ်အရွယ်တွင် သူမ၏ မိခင်ဖြစ်သူသည် မမျှော်လင့်ဘဲ ဆုံးပါးသွားခဲ့သည်။ သေဆုံးသွားချိန်တွင် Bijoy ဟု အမည်ရှိသည့် သားငယ်တစ်ဦး ကျန်ရှိခဲ့သည်။ ထိုအချိန်တွင် သူမတို့လင်မယားသည် ကလေးမရှိသေးပေ။ ထိုကလေးငယ်ကို ရန်ကုန်မြို့တွင် ကြီးပြင်းလာအောင် စောင့်ရှောက်ပေးခဲ့သည်။

သူမသည် အသက် ၃၅ နှစ်အရွယ်ရောက်သည့်အခါတွင် ပထမဆုံးကလေးကို ဖွားမြင်ခဲ့သည်။ မိန်းကလေးဖြစ်ပြီး သုံးလအကြာတွင် ဖျားနာကာ ဆုံးပါးခဲ့သည်။ လေးနှစ်ကြာပြီးနောက် ၁၉၅၀ တွင် Dipa ဟု အမည်ရသည့် သမီးမိန်းကလေးတစ်ဦး ဖွားမြင်ခဲ့ပြီး ထို့နောက် သူမသည် သူမကိုယ်သူမ Dipma Ma “Dipa ၏ အမေ” ဟု ခေါ်ဆိုခဲ့သည်။[၁] သူမ၏ သမီးဖြစ်သူ၏ လွတ်မြောက်မှုသည် အရေးကြီးသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထို့နောက်တွင် သူမသည် ပထမဆုံးသော သားငယ်ကလေးကိုလည်း မွေးဖွား၍ ဆုံးရှုံးခဲ့ရပြန်သည်။ သူမ၏ ခင်ပွန်းဖြစ်သူသည်လည်း ၁၉၅၇ ခုနှစ်တွင် ရုတ်တရက် ဆုံးပါးခဲ့ပြန်သည်။ ဤသို့အားဖြင့် သူမသည် ပြင်းထန်သည့် ပူဆွေးသောကနာကျင်မှုများကို ခံစားခဲ့ရသည်။

တရားအားထုတ်ခြင်း[ပြင်ဆင်ရန်]

သူမ၏ ခင်ပွန်းဆုံးပါးပြီးနောက်တွင် သူမသည် ပြင်းထန်စွာမပျော်မရွှင် ဖြစ်ခဲ့ရသည်။ တစ်နေ့တွင် ဆရာဝန်တစ်ဦးအား သူမအား မည်ကဲ့သို့ အားထုတ်ရမည်ကို အကြံပေးခဲ့သည်။ ထိုအခါ သူမသည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် တည်ရှိသည့် ကမာရွတ်တရားစင်တာသို့ သွားရောက်ကာ ပထမဆုံးသော တရားအားထုတ်လေ့ကျင့်မှုကို စတင်ခဲ့သည်။[၁] ထို့နောက် မကြာမီပင် သူမသည် သာသနရိပ်သာစင်တာတွင် ဒုတိယအကြိမ် တရားအားထုတ်ခဲ့ပြန်သည်။ ဤသာသနရိပ်သာစင်တာတွင် မဟာစည်ဆရာတော်သည် အကြီးအကဲတရားပြဆရာ ဖြစ်သည်။[၁] ထိုနေရာတွင် သူမသည် ပထမအရိယာ (သောတာပန်) ဖြစ်ခဲ့သည်။[၁]

၁၉၆၃ ခုနှစ်တွင် သူမသည် အိန္ဒိယဆရာ Anagarika Munindra နှင့်အတူ စိတ်စွမ်းအင်များကို လေ့လာခဲ့သည်။[၄] Anagarika Munindra သည် မဟာစည်ဆရာတော်၏ တပည့်ကြီးတစ်ဦးလည်း ဖြစ်သည်။ ဝိသုဒ္ဓိမဂ်သည် ထူးခြားသည့် စိတ်စွမ်းအားတန်ခိုးများ ရရှိနိုင်သည့် ရှားပါးကောင်းမွန်သည့် စာပေတစ်ခု ဖြစ်သည်။ လေတွင်သွားလာနိုင်ခြင်း၊ မြေလျှိုးနိုင်ခြင်း၊ ရေပေါ်လမ်းလျှောက်နိုင်ခြင်း စသည်တို့အပြင် အရာဝတ္ထုများကို တန်ခိုးစွမ်းအားဖြင့် ပြောင်းလဲပစ်နိုင်ခြင်းစသည်တို့ကိုတန်ခိုးများဖြင့် ပြုလုပ်နိုင်သည်။[၅][၆][၆] ဒိပမား သည် ဤဝိသုဒ္ဓိမဂ်ပါ ကျင့်စဉ်များကို လေ့ကျင့်ခဲ့ပြီး ထိုတန်ခိုးစွမ်းရည်များကို ရရှိရန်ဖြစ်ကြောင်း ပြောခဲ့သည်။[၇]

သင်ကြားပြသမှုများ[ပြင်ဆင်ရန်]

၁၉၆၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ပြန်လာခဲ့ကာ ကာလကတ္တားသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။[၁] သူမသည် ကာလကတ္တားတွင် တရားအားထုတ်နည်းကို သင်ကြားပြသခဲ့သည်။ သူမ၏ ပထမဆုံးသော တရားအားထုတ်သည့် တပည့်ဖြစ်သူမှာ အိမ်နီးချင်းဖြစ်သည့် Malati Barua ဖြစ်သည်။ Malati Barua သည် အိမ်ထောင်ကွာအမျိုးသမီးတစ်ဦးဖြစ်ကာ ကလေးငယ်ခြောက်ယောက်ကို တစ်ယောက်တည်း ပြုစုလုပ်ကျွေးနေရသူ ဖြစ်သည်။ သူမသည်မည်သည့် ပတ်ဝန်းကျင်တွင်မဆို တရားရအောင် အားထုတ်နိုင်သည်ဟု ယုံကြည်မှုရှိသည်။ သူမသည် သူမ၏ တပည့်အသစ်အား အိမ်တွင်ပင် တရားအားထုတ်နိုင်သည့် နည်းလမ်းများကို သင်ကြားပြသပေးခဲ့သည်။

၁၉၇၀ ခုနှစ်များတွင် သူမသည် ဂျက်ကွန်ဖီး[၈]ဂျိုးဆက်ဂိုးစတိန်း[၉]၊ Sylvia Boorstein,Michelle Levey, Sharon Salzberg[၁၀]တို့၏ ဆရာဖြစ်သည်။ဤသူမ၏ တပည့်များတို့သည် နောင်အခါတွင် အမေရိကန်တွင် ထင်ရှားသည့် တရားပြဆရာများ ဖြစ်လာကြသည်။ ၁၉၈၀ ခုနှစ်များအစောပိုင်းတွင် ဒိပမားသည် မက်ဆာချူးဆက်ပြည်၊ Barre ရှိ ဝိပဿနာတရားအဖွဲ့ (Insight Mediation Society) တွင် တရားသင်ကြားပြသမှုများ ပြုခဲ့သည်။[၁၁]

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

သူမသည်၁၉၈၉ ခုနှစ် အသက် ၇၈ နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဆုံးပါးခဲ့သည်။[၁] သူမသည် ဘုရားဆင်းတုတော်အား ဦးညွတ်ဂါရဝပြုနေစဉ်ပင် ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ နောက်ဆုံးနှစ်များတွင် မြေးတော်စပ်သူ Rishi နှင့် သမီးဖြစ်သူ Dipa (အိန္ဒိယအစိုးရဝန်ထမ်း) တို့နှင့်အတူ ရှင်သန်နေထိုင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ Mother of Light: The Inspiring Story of Dipa MaLion's Roar (March 1, 2003)။ March 5, 2016 တွင် ပြန်စစ်ပြီး။
  2. Dipa Ma - An extraordinary female Buddhist master in the twentieth century | Buddhistdoor
  3. Schmidt, Amy. Dipa Ma: The Life and Legacy of a Buddhist Master - the chief source for her biography
  4. Enlightenment In This Lifetime: Meetings With A Remarkable Woman - An Interview With Dipa MaTricycle: The Buddhist Review။ March 25, 2016 တွင် ပြန်စစ်ပြီး။
  5. Jacobsen၊ edited by Knut A. (2011)။ Yoga Powers။ Leiden: Brill။ p. 93ISBN 9789004212145CS1 maint: extra text: authors list (link)
  6. ၆.၀ ၆.၁ Jacobsen၊ edited by Knut A. (2011)။ Yoga Powers။ Leiden: Brill။ pp. 83–86။ ISBN 9789004212145CS1 maint: extra text: authors list (link)
  7. Schmidt၊ Amy (2005)။ Dipa Ma။ Windhorse Publications Ltd။ p. Chapter 9 At Home in Strange Realms။
  8. Kornfield၊ Jack (2008)။ The Wise HeartBantam Books။ p. 76ISBN 9780553382334
  9. Goldstein၊ Joseph (2002)။ One DharmaHarperOne။ pp. 29ISBN 978-0-06-251701-2
  10. My TeachersSharon Salzberg။ March 5, 2016 တွင် ပြန်စစ်ပြီး။
  11. Dipa Ma's Dharma Talks at Insight Meditation Society - Retreat Center။ DharmaSeed။ March 5, 2016 တွင် ပြန်စစ်ပြီး။