ဒါးကရွာ၊ ဒါးက

ဝီကီပီးဒီးယား မှ
ဒါးက
ဒါးက သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒါးက
ဒါးက
ဒါးက တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°58′07″N 94°59′02″E / 16.96856°N 94.98396°E / 16.96856; 94.98396
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ပုသိမ်ခရိုင်
မြို့နယ်ကန်ကြီးထောင့်မြို့နယ်
ကျေးရွာအုပ်စုဒါးက[၁]

ဒါးကရွာ သည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ရွာတစ်ရွာ ဖြစ်သည်။ ပုသိမ်မြို့၏ မြောက်ဘက် ၂၂မိုင်၄ဖာလုံအကွာတွင် တည်ရှိသော တိုက်နယ်အဆင့် ရွာကြီးဖြစ်သည်။ အိမ်ခြေ ၁၅၀၀ ဝန်းကျင်ခန့်ရှိသည်။

ရေလမ်း ရထားလမ်း ကားလမ်းအားလုံး ဆုံသည့် အချက်အချာ နေရာတစ်ခုဖြစ်သည်။ ယခင်က လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းသည် အဓိက လုပ်ငန်းဖြစ်ပြီး ယခုအခါတွင်မူ ကုန်စည် ကူးသန်းရောင်းဝယ်ဖောက်ကားခြင်း ရောင်းချခြင်းနှင့် ဆန်စပါး ကြိတ်ခွဲ တင်ပို့ခြင်း လုပ်ငန်းများသည် အဓိက လုပ်ငန်းများ ဖြစ်လာကြသည်။

ဘုန်းတော်ကြီးကျောင်းများ[ပြင်ဆင်ရန်]

  • ကိုးနဝင်းကျောင်း စာသင်တိုက်
  • ကိုးဆူကျောင်းတိုက်
  • ကျိန်ချောင်းကျောင်းတိုက်
  • ပိုက်သောင်ကျောင်းတိုက်

ကျန်းမာရေး[ပြင်ဆင်ရန်]

  • ကျေးလက်ဆေးပေးခန်း (၁)ခု
  • တိုက်နယ်ဆေးရုံ (၁)ခု
  • ဆေးခန်း (၅)ခု

ပညာရေး[ပြင်ဆင်ရန်]

  • ဒါးက အခြေခံပညာ အထက်တန်းကျောင်း (၁)ကျောင်း
  • ဒါးက(မြို့မ) အခြေခံပညာ အလယ်တန်းကျောင်းခွဲ (၁)ကျောင်း
  • ကျိန်ချောင်းရွာ မူလတန်းကျောင်း (၁)ကျောင်း
  • ပိုက်သောင်ရွာ မူလတန်းကျောင်း (၁)ကျောင်း

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011