ဒသမတန်း ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်

ဝီကီပီးဒီးယား မှ

ဒသမတန်း ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်သည် မြန်မာနိုင်ငံ၊ အထက်တန်းပညာရေး ဒသမတန်းအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီက ပြဋ္ဌာန်းပေးထားသော စကားပြေစာအုပ် ဖြစ်သည်။ ဖိုတိုလစ်သိုပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ ခေတ်ဟောင်း ခေတ်ပေါ် စာကောင်း လက်ရာမွန်များမှ ကောင်းနိုးရာရာ ရွေးနုတ်ထားသော မြန်မာ စကားပြေ အပုဒ် ၂၀ ပါဝင်သည်။ စာမျက်နှာ ၂၆၁ ရှိသည်။ မာတိကာ၊ အမှာစာ၊ စကားပြေစာကိုယ်၊ ခက်ဆစ်အဖွင့်တို့ဖြင့် စဉ်ထားသည်။ [၁]

မာတိကာ[ပြင်ဆင်ရန်]

  1. သိင်္ဃသူ့သမီး
  2. မိဖုရားဖွားစော
  3. တိုင်းပြည်စည်ကားကြောင်း
  4. စီးချင်းတိုက်ပွဲ
  5. ဦးပေါင်းကျားနှင့် မြင်းကျားရှင်
  6. ကုန်းဘောင်နီတိ
  7. မိခင့်သောက
  8. သောနုတ္တရမုဆိုးနှင့် ဆဒ္ဒန်ဆင်မင်း
  9. ဗဟုသုတစကားဝိုင်း
  10. ပညာရှိစကား နည်းခြင်းအကြောင်း
  11. လူကြီးနှင့် လူငယ်
  12. ပညာသင်ခါ မရှက်ရာ
  13. မိတဆိုးရှင်ပြု
  14. အမျိုးသားနေ့
  15. အားလပ်သောအချိန်ကလေးများ
  16. လေလံပွဲ
  17. ချစ်သမျှကိုပတ်ပျိုး
  18. အိမ်ရှေ့ကိုယ်တော်ကြီး
  19. အရာရာတွင်ကျယ် တို့လူငယ်
  20. ပြည်သူ့ညီလာခံ

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဒသမတန်း ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်