ဒယ်နီရယ်လ် ဘဲလ်

ဝီကီပီးဒီးယား မှ
Daniel Bell
မွေးဖွား(1919-05-10)မေ ၁၀၊ ၁၉၁၉
နယူးယောက်မြို့, နယူးယောက်ပြည်နယ်, အမေရိကန်ပြည်ထောင်စု
ဆုံးပါးဇန်နဝါရီ ၂၅၊ ၂၀၁၁(2011-01-25) (အသက် ၉၁)
ကိန်းဘရိတ်, မက်ဆက်ချူးဆက်, အမေရိကန်
နယ်ပယ်လူမှုရေးဗေဒ
အဖွဲ့အစည်းဌာနချီကာဂို တက္ကသုလ်, ကိုလမ်ဘီယာ တက္ကသိုလ်, ဟားဒ်ဘတ်တက္ကသိုလ်
မိခင်ကျောင်းနယူးယောက်စီတီးကောလိပ် ကိုလမ်ဘီယာတက္ကသိုလ်
ပါရဂူဘွဲ့ယူ တပည့်များMustafa Emirbayer
ကျော်ကြားမှုအရင်းခံPost-industrialism
သူ့အပေါ် ဩဇာလွှမ်းမိုးသူများKarl Polanyi
သူ၏ဩဇာလွှမ်းမိုးခံCharles Taylor

အမေရိကန်နိုင်ငံ၊ နယူးယောက် ဇာတိဖွားဖြစ်သူ ဒယ်နီရယ်လ်ဘဲလ်သည်၂၀ ရာစုတွင် အလွှမ်းမိုးနိုင်ဆုံး စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သည်။ ၎င်းစာအုပ်နှစ်အုပ်မှာ သတင်းအချက် အလက် နည်းပညာများ က စီးပွားရေးလောကကို ပြုပြင်ပြောင်းလဲနေပုံကို ဖော် ညွှန်းထားသော The Coming of Post-Industrial Society နှင့် ချမ်းသာကြွယ်ဝ သော လူတန်းစားတစ်ရပ်၏ ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်အရေးပါမှုကိုေဝဖန်ဆန်းစစ်ထားသော The Cultural Contradictions of Capitalism စာအုပ်တို့ဖြစ်သည်။ စာအုပ်နှစ်အုပ်လုံးကို နှစ်သက်ဖွယ် အရေးအသားများဖြင့် ရေးသားထားပြီး၎င်းစာအုပ် များကို ဖတ်ရှု၍ ဆွေးနွေးဖွယ်အကြောင်းအရာများစွာ ပေါ်ပေါက်ခဲ့၍လည်း ကျော်ကြားခဲ့ခြင်းဖြစ်သည်။ ဒယ်နီ ရယ်လ်ဘီလ်သည် ဇန်နဝါရီလ ၂၅ ရက်၊ အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)