ဒဘလျူငါးလုံး

ဝီကီပီးဒီးယား မှ

ဒဘလျူငါးလုံး (အင်္ဂလိပ်: Five Ws) ဆိုသည်မှာ ပြဿနာဖြေရှင်းခြင်း (သို့) သတင်းအချက်အလက်စုဆောင်းခြင်းတို့တွင် အခြေခံ၊ အရင်းခံကျသည်ဟု ယူဆထားသော အဖြေများကို ဖြစ်စေ၊ ပေါ်ထွက်လာစေသည့် မေးခွန်းများဖြစ်ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် Five Ws (သို့) Five Ws and How (သို့) 5W1H (သို့) Six Ws စသဖြလည်း သုံးစွဲကြလေ့ရှိသည်။[၁] ဤမေးခွန်းအခြင်းအရာများကို သတင်းပညာရပ်၊ သုတေသန၊ မှုခင်းစစ်ဆေးမှုများတွင် မကြာခဏဆိုသလို ဖော်ပြလေ့ရှိကြ၏ ။[၂] ဤမေးခွန်းငါးသွယ်၏ အဓိကအခြေခံမူအရ အမေးစကားလုံးများဖြင့် စတင်ထားသော မေးခွန်းများကို ဖြေဆိုနိုင်မှသာ အစီရင်ခံစာ၊ သတင်းစသည်တို့ကို ပြီးပြည့်စုံသည်ဟု ယူဆနိုင်ပေသည်။[၁] ယင်းဖော်ပြပါ အမေးစကားလုံးများမှာ :

  • ဘယ်သူလဲ (Who)
  • ဘာလဲ (What)
  • ဘယ်အချိန်လဲ (When)
  • ဘယ်နေရာလဲ (Where)
  • ဘာကြောင့်လဲ (Why) တို့ အသီးသီးဖြစ်ကြသည်။ အချို့သူများက ဘယ်လိုလဲ (How) ကို ဤစာရင်းထဲသို့ ထည့်သွင်းကြ၏ ။[၁]

မေးခွန်း တစ်ခုချင်းစီတွင် အချက်လက်ဆိုင်ရာ အဖြေတစ်ခုရှိသင့်ရာ ထိုအချက်အလက်များသည် သတင်း၊ အစီရင်ခံစာတို့အတွက် ပြည့်စုံသည်ဟု သတ်မှတ်နိုင်ရန် မရှိမဖြစ်ပါဝင်ရန် လိုပေသည်။[၃] အရေးတကြီးမှတ်ရန်မှာ မေးခွန်းက တောင်းဆိုသောအဖြေများကို "ဟုတ်တယ်" (သို့) "မဟုတ်ဘူး" ဟု သာမန်သဘောဖြင့် မဖြေဆိုနိုင်ပေ။ အင်္ဂလန်၊ ဝေလနှင့် မြောက်အိုင်ယာလန်တို့တွင် ဤ "ဒဘလျူ ငါးလုံး"ကို Key Stage 2 နှင့် Key Stage 3 ပညာရေး (အသက် ၇-၁၄) တို့၌ အသုံးပြုကြသည်[၄]

ဇာစ်မြစ်[ပြင်ဆင်ရန်]

ဤ မေးခွန်းငါးမျိုး (ဘယ်လိုလဲ အပါအဝင်) သည် တမ်းနော့စ်မှ ဟာမန်ဂေါရပ်စ်၏ သဘောတရားဟူ၍ ကာလကြာရှည် ယူဆခဲ့ကြသည်။[၅] သို့ရာ၌ ၂၀၁၀ တွင် အရစ္စတိုတယ်၏ "နီကိုမာခီးယန် ကျင့်ဝတ်တော်များ"သည်သာ "အခြေအနေတို့၏ အခြင်းအရာများ" (မေးခွန်းများ, 5 Ws) ၏ ရင်းမြစ်ဖြစ်သည်ဟု သက်သေထူခဲ့ကြသည်။[၆] တောမတ်စ် အကွိုင်း(ကွီး)နာ့စ်သည် အစောပိုင်းကတည်းကပင် အရစ္စတိုတယ်သည် မူလတီထွင်သူဖြစ်သည်ဟု အသိအမှတ်ပြုခဲ့ကာ အရစ္စတိုတယ်၏ စနစ်အပေါ် ၎င်း၏ လက်ရာဖြစ်သော "လူသားဆောင်ရွက်မှုဆိုင်ရာကျမ်း" (Treatise on human acts) တွင် အသေးစိတ်မှတ်ချက်များပြုခဲ့သည်။ တောမတ်စ်သည် အရစ္စတိုတယ်၏ ဆန္ဒအလျောက် (သို့) ဆန္ဒမပါဘဲ ဆောင်ရွက်ချက်များကို ၎င်း၏ "(ကက်သလစ်)ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အနှစ်ချုပ်" (Summa Theologiae) တွင် အသေအချာစိစစ်ထားပြီး "အခြေအနေတို့၏ အခြင်းအရာများ"များအပေါ် မေးထားသော နောက်ထပ်မေးခွန်းတစ်စုံ (အတွဲလိုက်မေးခွန်းများ) ကိုလည်း စိစစ်ပေးထားခဲ့သည်။[၇] မူလ၌ ၎င်းမေးထားသည်မှာ "အခြေအနေတစ်ခုသည် လူသားဆောင်းရွက်မှု၏ မတော်တဆဖြစ်/မဖြစ်" (အပိုဒ်ခွဲ ၁) ၊ "လူသားဆောင်ရွက်ချက်တို့၏ အခြေအနေများကို ဘာသာရေးလေ့လာသူတို့က သတိမူ အာရုံစိုက်သင့်/မသင့်" (အပိုဒ်ခွဲ ၂) ၊ "အခြေအနေများကို အရစ္စတိုတယ်၏ ကျင့်ဝတ်စာအုပ်တွင် ကောင်းစွာ တင်ဆက်ဖော်ပြထား/မထား" (အပိုဒ်ခွဲ ၃) ၊ "အရေးအကြီးဆုံး အခြေအနေများသည် "ဘာကြောင့်" (အကြောင်းရင်း) ဆိုတာ ဟုတ်/မဟုတ် နှင့် လုပ်ဆောင်မှုသည် မည်သည့်အရာ၌ ပဓာနကျသည်/မကျသည်" (အပိုဒ်ခွဲ ၄)

အကြောင်းမှာ လုပ်ဆောင်ပြုမူမှုများ၌ "ဘယ်သူ"က ပြုတာလဲ၊ ဘာပစ္စည်းကိရိယာကို ("နှင့်အတူယှဉ်တွဲ") သုံးထားတာလဲ၊ "ဘာ"ကို ပြုလုပ်တာလဲ၊ "ဘယ်နေရာ"မှာ လုပ်တာလဲ၊ "ဘာ့ကြောင့်" လုပ်တာလဲ၊ "ဘယ်လို"လုပ်ပြီး "ဘယ်အချိန်"မှာလဲ ဆိုတာတွေကို သတိပြု ဂရုထားရပါမယ်။[၇]

အရစ္စတိုတယ်အဖို့ ထိုမေးခွန်းဆိုင်ရာ အခြေခံအခြင်းအရာများကို အသုံးပြု၍ ဆန္ဒအလျောက် (သို့) စိတ်ဆန္ဒမပါသည့် ဆောင်ရွက်ချက်များက်ု ခွဲခြားသည်။[၈] ဤအခြေခံအခြင်းအရာများကို အရစ္စတိုတယ်က ရည်ညွှန်းဘောင်အဖြစ် ကိုးကားသုံးစွဲကာ ကိုယ်ကျင့်တရားဆိုင်ရာ ဆောင်ရွက်ချက်များကို အကဲဖြတ်၊ ဖော်ပြရန် အောက်ပါ သတ်မှတ်ချက်များဖြင့် အသုံးပြုခဲ့လေသည်။ 'ဘာကို' လုပ်ခဲ့/လုပ်သင့်သလဲ၊ 'ဘယ်သူ' လုပ်ခဲ့တာလဲ၊ 'ဘယ်လို' လုပ်ခဲ့တာလဲ၊ 'ဘယ်နေရာ'မှာ ဖြစ်ခဲ့တာလဲ၊ ဆိုသော သတ်မှတ်ချက်များဖြစ်ကယ ပို၍အရေးကြီးသည်မှာ 'ဘာအကြောင်း'/'ဘာကြောင့်' ဆိုသည့် အကြောင်းတရားဖြစ်၍ အခြားကျန်ရှိသော အခြေခံအခြင်းအရာများအတွက်လည်း အတူတူပင်ဖြစ်သည်။

ထို့ကြောင့် ဤအခြေအနေများကို အမျိုးအစား၊ အရေအတွက် ပုံစံဖြင့် ခွဲခြားသတ်မှတ်ခြင်းသည် အဓိပ္ပာယ်မရှိသော ကြိုးပမ်းမှုမဟုတ်ပေ။ (၁. ဘယ်သူ၊ ၂. ဘာ၊ ၃. ဘယ်နေရာ၊ ၄. ဘယ်အချိန်၊ ၅. ဘာနှင့်အတူ၊ ၆. ဘာကြောင့်၊ ၇. မည်သို့မည်ပုံ (ဘယ်လို) ... စသဖြင့်ဖြစ်၏ ။ ပြီးလျှင် အရေးကြီးဆုံး အခြေအနေများမှာ အထက်ပါစာရင်းအတိုင်းဖြစ်၍ 'ဘာကြောင့်' ဆိုသည်လည်း အပါအဝင်ဖြစ်သည်။[၆]

အရစ္စတိုတယ်အဖို့ ဤအခြေခံအခြင်းအရာများကို ဂရုမပြု၊ လျစ်လျူရှုခြင်းသည် စိတ်ဆန္ဒမပါသော ဆောင်ရွက်ချက်ကို သွယ်ဝိုက်ညွှန်းဆိုနိုင်သည်။

ထို့ကြောင့် ဤဖြစ်နိုင်ချေ၊ ပါဝင်ပတ်သက်သော အရာများအားလုံးကို လျစ်လျူရှု၊ ဂရုမပြုမိခြင်းရှိလျှင် ထိုသို့ ဂရုမပြုမိသောသူတစ်ဦး၏ ဆောင်ရွက်ပြုမူမှုသည် စိတ်ဆန္ဒမပါဘဲ ဆောင်ရွက်ခြင်း ဖြစ်ဟန်ရှိပေမည်။ ပြီးလျှင် အရေးကြီးဆုံး အခြေအနေများမှာ အထက်ပါစာရင်းအတိုင်းဖြစ်၍ 'ဘာကြောင့်' ဆိုသည်လည်း အပါအဝင်ဖြစ်သည်။[၆]

နိုင်ငံရေး၌ အရစ္စတိုတယ်သည် ထိုအခြေခံအခြင်းအရာများသည် လူတို့၏ ကိုယ်ကျင့်တရားပိုင်း ဆောင်ရွက်ချက်တွင် မည်သည်ကြောင့် အရေးပါရသည်ကိုလည်း ပုံဆောင်ခိုင်းနှိုင်းတင်ပြထားလေ၏ ။

ကျွန်ုပ်ဆိုလိုတာက ဥပမာပေးရမယ်ဆိုရင် အေသင်သားတွေ စစ်ထွက်သင့်/မသင့် ကို အောက်ကအခြေအနေများမသိလို့က ဘယ်လိုများ အကြံပေးကြမလဲဗျာ။ သူတို့ရဲ့ ခွန်အား (ဘယ်လောက်များသလဲ) ၊ ရေတပ်လား၊ ကြည်းတပ်လား၊ ဒါမှမဟုတ် နှစ်မျိုးစလုံးပဲလား (ဘယ်လိုအမျိုးအစားလဲ) ၊ ဘယ်လောက်ထိကြီးကျယ်လဲ (ဘယ်လောက်အရေအတွက်ထိများသလဲ) ၊ သူတို့ရဲ့ အခွန်ဘဏ္ဍာက ဘယ်လောက်ထိရှိမလဲ (နှင့်အတူယှဉ်တွဲ) ၊ သူတို့ရဲ့ မိတ်ဆွေ၊ ရန်သူကရော ဘယ်သူတွေလဲ (ဘယ်သူလဲ) ၊ ဘာစစ်ပွဲတွေလဲ၊ ပြီးရင် ဘာကို စစ်ဆင်နွှဲတာလဲ (ဘာ) ၊ ဘာအောင်မြင်မှုတွေနဲ့အတူ ... စသဖြင့် စသဖြင့် ပေါ့ဗျာ။[၉]

ဤအခြေအနေနှင့်ပတ်သက်သော အခြေခံအခြင်းအရာများသည် သဘောတရားပိုင်းဆိုင်ရာ ရည်ညွှန်းဘောင်ထည်အဖြစ် မရှိမဖြစ် ထောက်ပံ့ပေးထားကာ ထိုရည်ညွှန်းဘောင်ကို ဆောင်ရွက်ချက်၏ မည်သည့်အခြေအနေများကိုမဆို သီးသန့်ခွဲခြား၊ ရှင်းလင်းပြဆို၊ ကြိုတင်ခန့်မှန်းရန်အတွက် အသုံးပြုနိုင်သည်ဖြစ်၏ ။ ဟာမန်ဂေါရပ်စ်သည် ဆက်လက်၍ပင် ဤအခြေအနေ (၇) ခုထံမှ အဆိုကြမ်း (အနုမာန, စိတ်ကူးဖြင့် မှန်းသည့်အဆို) အားလုံးသည် ဆင်းသက်လာခဲ့သည်ဟု အခိုင်အမာဆိုလေသည်။

တစ်နည်းပြောရမယ်ဆိုရင် လူတွေ၊ ဆောင်ရွက်ချက်တွေ ပါဝင်ပတ်သက်နေတဲ့ မည်သည့်မေးခွန်း (သို့) မည်သည့်အဆိုကြမ်းမေးခွန်းသည် ဤအခြေအနေများကို မရည်ညွှန်းဘဲ ပေါ်ထွက်မလာနိုင်ပါ။ ထိုသို့သောမေးခွန်း၏ လက်တွေ့သရုပ်သည် ထိုအခြေအနေများကို အသုံးမချဘဲ ဖြစ်မလာနိုင်ပါ။[၅]

သီးသန့် ဆောင်ရွက်ချက် (သို့) အနေအထားတစ်ခုတွင် ထိုဆောင်ရွက်ခဲ့သော လက်တွေ့အခြေအနေများကို ဆုံးဖြတ်နိုင်ရန် ဤမေးခွန်းများကို စစ်မေးရန်လိုအပ်ပေသည်။

ကျောင်းသူကျောင်းသားများအတွက် စာရိတ္တပိုင်းနဲ့ ဆက်စပ်ပြီး ဆန္ဓပါ/မပါဆိုသည်ကို ခွဲခြားနိုင်ဖို့ လုံးဝကို လိုအပ်သည်။ ထိုသို့ ကွဲပြားထင်ရှားမှုသည် ဆုပေး၊ ဒဏ်ပေးလုပ်ရာ၌ ဥပဒေပြုသူများအတွက်လည်း ပို၍ပင် အသုံးတည့်လှသည်။[၆]

ဤလက္ခဏာသွင်ပြင်ကို အရစ္စတိုတယ်က စကားအတတ်ပညာ၌ "မှုခင်းဆိုင်ရာ စကား" ဟု အကျဉ်းချုပ်ဖော်ပြထား၍ မည်သည့်ဝိသေသလက္ခဏာ၊ မည်သည့် အခြေအနေများက 'ထိုသူများကို ပြစ်မှုကျူးလွန်စေသည်' (စွပ်စွဲရန်) (သို့) 'မဟုတ်မမှန်ဘဲ ထိုသူများကို တရားခံဖြစ်သွားစေသည်' (ခုခံရန်) ကို ဆုံးဖြတ်ရာ၌ သုံးခြင်းဖြစ်၏ ။[၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ The Five Ws of Online Helpby Geoff Hart, TECHWR-L။ April 30, 2012 တွင် ပြန်စစ်ပြီး။
  2. Deconstructing Web Pages of CyberspaceMediaSmarts။ December 4, 2012 တွင် ပြန်စစ်ပြီး။
  3. Five More Ws for Good JournalismCopy Editing, InlandPress။ 22 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2021 တွင် ပြန်စစ်ပြီး။
  4. The Five Ws of DramaTimes Educational Supplement (September 4, 2008)။ March 10, 2011 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Robertson, D.W. (1946). "A Note on the Classical Origin of ' Circumstances ' in the Medieval Confessional". Studies in Philology 43 (1). 
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ Sloan, M.C. (2010). "Aristotle's Nicomachean Ethics as the Original Locus for the Septem Circumstantiae". Classical Philology 105: 236–251. doi:10.1086/656196. 
  7. ၇.၀ ၇.၁ Aquinas၊ Thomas (1952)။ Sullivan၊ Daniel J. (ed.)။ The Summa TheologicaGreat Books of the Western World19။ ဘာသာပြန်သူ Fathers of the English Dominican Province။ Encyclopedia Britannica။ pp. Q7. Art. 3. Obj. 3.။
  8. Sloan 2010, 236
  9. Aristotle (1921)။ Ross၊ W.D. (ed.)။ PoliticaThe Works of AristotleX။ ဘာသာပြန်သူ Jowett၊ B.။ Oxford: Clarendon Press။ pp. 1396a7-11။
  10. Aristotle (1920)။ Ross၊ W.D. (ed.)။ RhetoricThe Works of AristotleXI။ ဘာသာပြန်သူ Roberts၊ W.R.။ Oxford: Clarendon Press။ pp. Bk I.12 1372a4-1373a35။