ဒဖိုကျောင်းတော် (စင်ချန်)
ဒဖိုကျောင်းတော် (တရုတ်: 大佛寺; ပင်ယင်: Dàfó Sì) သည် တရုတ်နိုင်ငံ၊ Zhejiang တွင် တည်ရှိသည့် ထင်ရှားသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်၏ သမိုင်းကြောင်းသည် နှစ်ပေါင်း ၁၆၀၀ ကျော်ပင် ရှိပြီ ဖြစ်သည်။ ကျောင်းတော်သည် စင်ချန်စီရင်စု၏ သင်္ကေတတစ်ခုလည်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ခရီးသည်ထောင်ပေါင်းမစွာကို စွဲဆောင်လျက်ရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။
ဒေသတွင်းဖြစ်ရပ်
[ပြင်ဆင်ရန်]ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ဒေသခံများသည် ပုန်ကန်သူအနီရောင်တပ်သားများက ဖျက်ဆီးမည့်ရန်ကို ကာကွယ်နိုင်ရန် ဗုဒ္ဓရုပ်ပွားတော်ကြီးများကို Mao Zedong ၏ ရုပ်ပုံများဖြင့် ဖုံးအုပ်ခဲ့သည်။ ထိုပုန်ကန်သူများသည် "ရှေးဟောင်းယဉ်ကျေးမှုများအားလုံးကို ဖျက်ဆီးခြင်း" လမ်းညွှန်မှုကို စီရင်လုပ်ဆောင်ခဲ့ကြသည်။
ဗုဒ္ဓရုပ်ပွားတော်ကြီး
[ပြင်ဆင်ရန်]ကျောင်းတော်သည် အဆင့်ငါးဆင့်ရှိကာ ကောင်းကင်နတ်မင်းကြီးအခန်း၊ ဒဖို (ဗုဒ္ဓရုပ်ပွားတော်ကြီး) အခန်း၊ ကျမ်းဂန်စာပေအခန်းများ စသည်တို့ကဲ့သို့ အခန်းများစွာ ပါဝင်သည်။ ဗုဒ္ဓရုပ်ပွားတော်ကြီးသည် ၁၅ မီတာနီးပါး မြင့်၏၊ နှာခေါင်းတစ်ခုတည်းပင် ၁.၅ မီတာရှိကာ နားသည် အရွယ်အစားအားဖြင့် ၂.၇ မီတာ ရှိသည်။ ရုပ်ပွားတော်ကြီးကို အရှေ့ဂျင်မင်းဆက် Eastern Jin Dynasty(317-420) ကာလ လွန်ခဲ့သည့် နှစ် ၁၆၀၀ ဝန်းကျင်က ပြုလုပ်ခဲ့ကြသည်ဟု ယုံကြည်ရပြီး အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာသင်ကြားမှုများ တရုတ်နိုင်ငံသို့ စတင်ရောက်ရှိသင်ကြားချိန် ဖြစ်သည်။[ကိုးကားချက်လိုသည်]
ကျောင်းတော်၏ပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံ၏ ရှေးအကျဆုံးဂရော့တိုဂူ grotto တည်ရှိသည်။[၁] ထိုနေရာတွင် ဗုဒ္ဓရုပ်ပွားတော်များစွာ တွေ့ရှိခဲ့ရပြီး လျောင်းတော်မှုရုပ်ပွားတော်တစ်ဆူ၊ ရေတံခွန်တစ်ခုနှင့် ကျောက်ဖြစ်သွားသည့် သစ်သားတစ်ခုတို့ ပါဝင်သည်။