ဒဏ်ဆယ်ပါး

ဝီကီပီးဒီးယား မှ

ဒဏ် ၁ဝ-ပါး။ အပါဒါန်။ ဋ္ဌ။ ၂၇၁။ ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၁၁၅။ ၎င်း။ ဋ္ဌ။ ဒု-အုပ်၊ ၄၄- တို့၌ အကျယ်ရှု။ လောက၌ ခင်ပွန်းကြီး ၁ဝ-ပါး ခေါ် ကျေးဇူးရှင်ကြီးဆယ်ပါးကို ပြစ်မှားခြင်းကြောင့်ရရှိသော အပြစ်ကြီး ၁ဝ- ပါး။

  • (၁) ဖရုသ ဝေဒနာ - ကြမ်းတမ်းစွာဦးခေါင်းနာ စသည်ကပ်ရောက်ခြင်း၊
  • (၂) ဟာနိ - စည်းစိမ်စသည် ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း၊
  • (၃) သရီရ ဘေဒန - လက်ခြပြေတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း၊
  • (၄) ဂရုကာဗာဓ - ဆေးကု၍မရ၊ ကြီးလေးစွာသောအနာ ကပ်ရောက်ခြင်း၊
  • (၅) စိတ္တက္ခပေ - ရူးသွပ်ခြင်း၊ စိတ်ပျံ့လေလွင့်ခြင်း၊
  • (၆) ရာဇူပသဂ္ဂ - မင်းဘေး မင်းဒဏ်သင့်ခြင်း၊
  • (၇) ဒါရုဏဗ္ဘက္ခါန - ရုန့်ကြမ်းစွာ စွပ်စွဲခံရခြင်း၊
  • (၈) ညာတိပရိက္ခယ - ဆွေမျိုး ပြုန်းတီးပျက်စီးခြင်း၊
  • (၉) ဘောဂပတင်္ဂု - စည်းစိမ်အခြွေအရံ ပျက်စီး ခြင်း၊
  • (၁ဝ) အာဂါရဂ္ဂိ ဒုယှန - နေရာ၊ တိုက်၊ အိမ်၊ အဆောက်အဦကို မီးသင့်လောင်ကျွမ်းခြင်း။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း