ဒစ်ဂျစ်တယ် စာကြည့်တိုက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဒစ်ဂျစ်တယ် စာကြည့်တိုက် ဆိုသည်မှာ စာရွက်စာတမ်းများ၊ ရုပ်ပုံများ၊ အသံများ၊ ဗွီဒီယိုများ နှင့်အခြား ဒစ်ဂျစ်တယ်ပုံစံပြောင်းလဲထားသည့် အရာများအားလုံးပါဝင်သည်။ ပုံနှိပ်စာမူများ၊ ဓာတ်ပုံများကို ဒစ်ဂျစ်တယ်ပုံစံပြောင်းထားသည့်အရာများပါဝင်သလို ကွန်ပျူတာဖြင့်ရိုက်နှိပ်ထားသည့် စာများ၊ ဆိုရှယ်မီဒီယာတွင်ရေးသားထားသည့် စာများလည်း ပါဝင်သည်။ ထိုအရာများကို သိမ်းဆည်းသည့်အလုပ်အပြင် ဒစ်ဂျစ်တယ်စာကြည့်တိုက်သည် ထိုအရာများကို စုစည်းပေးထားခြင်း၊ ရှာဖွေပေးခြင်း၊ ရယူပေးခြင်းများလည်း ပြုလုပ်ပေးသည်။

ဒစ်ဂျစ်တယ်စာကြည့်တိုက်မှာ အရွယ်အစားနှင့် ပါဝင်သည့်အရာများ အမျိုးစုံရှိနိုင်သည်။ ၎င်းစာကြည့်တိုက်ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းများမှဖြစ်စေ စောင့်ကြပ်လုပ်ဆောင်ပေးသည်။[၁] ဒစ်ဂျစ်တယ်ဖြင့်ပြုလုပ်ထားသည့်အရာများကို မိမိတစ်ဦးတည်းအသုံးပြုနိုင်သလိုကွန်ယက်ချိတ်ဆက်ပြီး ကွန်ပျူတာများကြားတွင်လည်းအသုံးပြုနိုင်သည်။ ထိုသို့ အချက်အလက်များရယူသည့်စနစ်မှာ အချင်းချင်းတွဲဖက်လုပ်ဆောင်နိုင်စွမ်း နှင့် ခံနိုင်စွမ်းရည်တို့ပေါ်တွင် မူတည်သည်။[၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစောပိုင်းစာကြည့်တိုက်များမှာ သေသေချာချာလုပ်ဆောင်ထားခြင်းမရှိသော်လည်း ထိုအယူအဆပေါ်မူတည်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။[၃]  အစောပိုင်းတွင် Paul Otlet and Henri La Fontaine တို့ပါဝင်ပြီး ၁၈၉၅ ခုနှစ်မှစတင်၍ ကမ္ဘာလုံးဆိုင်ရာ အသိပညာများကို စနစ်တကျစုဆောင်း၍ စီမံထိန်းသိမ်းထားမည်ဆိုပါက ကမ္ဘာ့ငြိမ်းချမ်းမှုကို ယူဆောင်နိုင်မည်ဟုမျှော်လင့်ခဲ့ကြသည်။[၄] နည်းပညာအသစ်များကိုအသုံးပြု၍ ထိုအကြံညဏ်ကို အဆင့်မြှင့်ပေးခဲ့သူများမှာ Vannevar Bush နှင့် J.C.R. Licklider တို့ဖြစ်သည်။ Bush သည် သုတေသီဖြစ်ပြီး ဟီရိုရှီးမားတွင် ချခဲ့သော ဗုန်းပြုလုပ်ရာတွင် ကူညီပေးခဲ့သည်။ထိုပျက်စီးမှုများကို တွေ့မြင်ပြီးနောက် နည်းပညာဖြင့် ဖျက်ဆီးမှုကိုလုပ်မည့်အစား အသိအမြင်ကိုဖြစ်ပေါ်စေသည့် စက်တစ်ခုကို တီထွင်ချင်စိတ်ပေါ်လာသည်။ခုံပေါ်တွင် စကရင် ၂ခု ပါဝင်ပြီး ဖွင့်နိုင်ပိတ်နိုင်သည့် ခလုတ်များ၊ စာရိုက်ရသည့်ကီးဘုတ်တစ်ခုပါဝင်သည်။[၅] ထိုစက်ကို Memex ဟုအမည်ပေးခဲ့သည်။ ထိုနည်းလမ်းဖြင့် သိမ်းဆည်းထားသည့် စာအုပ်နှင့် ဖိုင်များကို လျှင်မြန်စွာ ရယူအသုံးပြုနိုင်သည်။ ၁၉၅၆ ခုနှစ်တွင် Ford Foundation မှ Licklider ကို နည်းပညာအသုံးပြု၍ စာကြည့်တိုက်များ တိုးတက်ဖွံ့ဖြိုးရေး ပြုလုပ်ရန်လေ့လာစမ်းသပ်မှု ပြုလုပ်ရန် ထောက်ပံ့ကူညီခဲ့သည်။ ဆယ်စုနှစ်ခန့်ကြာသော်အခါ သူ၏ "Libraries of the Future" စာအုပ်တွင် သူ့မျှော်မှန်းချက်ကို ထည့်သွင်းရေးသားခဲ့သည်။ ကွန်ပျူတာများနှင့် ကွန်ယက်ချိတ်ဆက်အသုံးပြုနိုင်သည့် စနစ်ကို တီထွင်လိုသည်။ သို့မှသာ လူတို့လိုအပ်ချက်နှင့် အကြံပေးချက်များကို စက်မှ အလိုအလျေျာက်အကြံညဏ်ပေးနိုင်ရန်ဖြစ်သည်။ ထိုစနစ်တွင် ၃ ပိုင်းပါဝင်သည်။ အသိညဏ်အစိတ်အပိုင်း၊ မေးခွန်း၊ အဖြေတို့ဖြစ်သည်။ ကြိုတင်သိမြင်တတ်သည့်စနစ် ဟုခေါ်ခဲ့သည်။

အီလက်ထရောနစ်ကဒ်ဖြင့် ကတ်တလောက် လုပ်ဆောင်ခြင်း OPAC (Online Public Access Catalog) ကို တီထွင်ခဲ့သည်။  ၁၉၈၀ နောက်ပိုင်းတွင် OPAC အောင်မြင်မှုရလာပြီး အများပြည်သူသုံးစာကြည့်တိုက်နှင့် အထူးစာကြည့်တိုက်များတွင် သမားရိုးကျ ကဒ်စနစ်အစား OPAC ကိုသုံးလာကြသည်။ Tစာကြည့်တိုက်တစ်ခုချင်းတွင် ရှိသည့်အရာများထက် ပိုမိုသည့် စာအုပ်စာတမ်းများနှင့်အချက်အလက်များကို စာကြည့်တိုက်များအချင်းချင်းဖလှယ်လာနိုင်သည့်အတွက် အကျိုးကျေးဇူးများရရှိလာသည်။

ဥပမာအားဖြင့် ဒစ်ဂျစ်တယ်စာကြည့်တိုက်၏အစတွင် ပညာရပ်ဆိုင်ရာအချက်အလက်များစင်တာ (Education Resources Information Center- ERIC) ပါသည်။ ၎င်းကို ၁၉၆၄ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ပညာဆိုင်ရာကိုးကားထားချက်များ၊ နိဒါန်းအကျဉ်းချုပ်များကို သိမ်းဆည်းထားသည့် ဒေတာဘေ့စ်ဖြစ်သည်။ ၁၉၆၉ ခုနှစ်တွင် DIALOG မှတဆင့် အင်တာနက်သို့လွှတ်တင်ခဲ့သည်။[၆]

၁၉၉၄ ခုနှစ်တွင် အမေရိကန် ဖက်ဒရယ်အစိုးရမှ တက္ကသိုလ် ၆ခုတွင် ဒေါ်လာ ၂၄.၄ သန်း ကူညီထောက်ပံ့ပေးခဲ့သဖြင့် ဒီဂျစ်တယ်စာကြည့်တိုက်များ ရေပန်းစားလာသည်။[၇] ထိုတက္ကသိုလ်များတွင် ကာနင်းမီလန်တက္ကသိုလ်၊ ကလဖိုးနီးယား-ဘာကလေတက္ကသိုလ်၊ မီရှီဂန်တက္ကသိုလ်၊ အလနွိုင်းတက္ကသိုလ်၊ ကလဖိုးနီးယား-စန်တာဘာဘရာတက္ကသိုလ်နှင့် စတန်းဖို့ဒ်တက္ကသိုလ်တို့ဖြစ်သည်။

ဒစ်ဂျစ်တယ်စာကြည့်တိုက်ဖြစ်ရန် အစောပိုင်းဖန်တီးမှုများတွင် DELOS Digital Library Reference Model နှင့် 5S Framework တို့ပါဝင်သည်။[၈][၉]

နည်းပညာအသုံးအနှုန်းများ[ပြင်ဆင်ရန်]

 ဒစ်ဂျစ်တယ်စာကြည့်တိုက်ဟူသော နည်းပညာစကားလုံးမှာ ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့သည့် NSF/DARPA/NASA Digital Libraries Initiative မှ ပထမဆုံးရေပန်းစားလာခဲ့သည်။[၁၀] Vannevar Bush ၏ ၁၉၄၅ ခုနှစ်ထုတ် As We May Think အက်ဆေးတွင် နည်းပညာသာမက သုံးစွဲမှုပေါ်တွင်လည်း ဦးတည်ကြောင်း ရေးသားထားသည်။Tvirtual စာကြည့်တိုက်ကို ဒစ်ဂျစ်တယ်စာကြည့်တိုက်ဟုလည်း ခေါ်ကြသည်။ ခုနောက်ပိုင်းတွင် အခြားနည်းလမ်းဖြင့် အသုံးပြုသည့်စာကြည့်တိုက်များကို virtual library ဟုပိုခေါ်သည်။ (ဥပမာအားဖြင့် အချက်အလက်များကို ဖြန့်ဖြူးပေးသည့်စာကြည့်တိုက်များ).  ဒစ်ဂျစ်တယ်စာကြည့်တိုက်ခေတ်ဦးတွင် ဒစ်ဂျစ်တယ်၊ virtual နှင့် electronic ဆိုသည့်စာလုံးများ၏ တူညီမှုနှင့် မတူညီမှုများကို ဆွေးနွေးခဲ့ကြသည်။[၁၁]

သိသာထင်ရှားသော ကွဲပြားချက်များတွင် ဒစ်ဂျစ်တယ်ပုံစံသို့ မည်သို့ ဖန်တီးထားသလဲဆိုသည့်ပေါ်မူတည်သည်။ မူလတည်းက ဒစ်ဂျစ်တယ်ပုံစံဖြစ်ပြီးသားနှင့် မူလကစာရွက်ကို ဒစ်ဂျစ်တယ်ပုံစံပြောင်းလဲခြင်းတို့ကွာခြားပုံမျိုးဖြစ်သည်။ အီလက်ထရောနစ်ပစ္စည်းတိုင်းသည် ဒစ်ဂျစ်တယ်ပုံစံရှိကြသည်မဟုတ်ကြောင်း သိထားသင့်သည်။ အချို့ စာကြည့်တိုက်များတွင် ကိုင်တွယ်ဖတ်ရှုရသည့်စာအုပ်များရှိသလို အီလက်ထရောနစ်စာအုပ်များလည်းရှိသည်။ ဥပမာ- အမေရိကန်မန်မရီသည် Library of Congress ထဲတွင်ရှိသည့် ဒစ်ဂျစ်တယ်စာကြည့်တိုက်ဖြစ်သည်။

အချို့ အရေးပါသောဒစ်ဂျစ်တယ်စာကြည့်တိုက်များသည် ရေရှည်ထိန်းသိမ်းသည့်အရာများအဖြစ် (ဥပမာ - axXir, Internet Archive) တည်ရှိကြသည်။ အမေရိကဒစ်ဂျစ်တယ်ပြည်သူ့စာကြည့်တိုက်များသည် အင်တာနက်မှတဆင့် အဖွဲ့အစည်းပေါင်းများစွာ၏ ဒစ်ဂျစ်တယ်သတင်းအချက်အလက်များကို ရယူနိုင်သည်။[၁၂]

ဒစ်ဂျစ်တယ်စာကြည့်တိုက်အမျိုးအစားများ[ပြင်ဆင်ရန်]

တက္ကသိုလ်အဖွဲ့အစည်းများပိုင် စာကြည့်တိုက်[ပြင်ဆင်ရန်]

တက္ကသိုလ်စာကြည့်တိုက်အများစုသည် တက္ကသိုလ်အဖွဲ့အစည်းရှိ စာအုပ်များ၊ စာတမ်းများ၊ သုတေသနစာတမ်းများနှင့် အခြားအချက်အလက်များကို ဒစ်ဂျစ်တယ်ပုံစံပြုလုပ်ထားပြီး ထားရှိသလို၊ မူလထဲက ဒစ်ဂျစ်တယ်ပုံစံဖြင့်ပြုလုပ်ထားသောအချက်အလက်များကို ထားရှိသည်။ထိုစုဆောင်းထိန်းသိမ်းမှုများကို အများပြည်သူများ လွတ်လပ်စွာရယူနိုင်ရန် အနည်းငယ်သောထိန်းချုပ်မှုများထားရှိပြီး ရယူခွင့်ပေးသည်။ အချို့ ငွေကြေးရယူသော သုတေသနဂျာနယ်များတွင်မူ ဖတ်ရှုနိုင်ခွင့်ကို အနည်းငယ်သာပေးထားသည်။ရေပန်းစားသည့် open source များတွင် ။DSpace, EPrints, Digital Commons, and Fedora Commons-based systems Islandora and Samvera တို့ပါသည်[၁၃]

ဒစ်ဂျစ်တယ် စုဆောင်းထိန်းသိမ်းမှုများ[ပြင်ဆင်ရန်]

ဒစ်ဂျစ်တယ်စာကြည့်တိုက်၏ အင်္ဂါရပ်များ[ပြင်ဆင်ရန်]

ဆော့်ဝဲ[ပြင်ဆင်ရန်]

အချက်အလက်များအကြောင်းဖော်ပြထားသည့်အချက်အလက်[ပြင်ဆင်ရန်]

ရှာဖွေခြင်း[ပြင်ဆင်ရန်]

ဒစ်ဂျစ်တယ် တာရှည်ခံအောင်ထားရှိခြင်း[ပြင်ဆင်ရန်]

မူပိုင်ခွင့် နှင့် လိုင်စင်[ပြင်ဆင်ရန်]

အလိုအလျောက် အကြံညဏ်ပေးသည့် စနစ်[ပြင်ဆင်ရန်]

ဒစ်ဂျစ်တယ်စာကြည့်တိုက်၏ ဆိုးကျိုးများ[ပြင်ဆင်ရန်]

မျက်စိထိခိုက်နိုင်သည်ဟု အချို့ကဆိုကြသည်။ နည်းပညာနားမလည်မှုကြောင့် အသုံးပြုရန်ခက်ခဲသည်။

အနာဂတ်တွင် တိုးတက်လာမှုများ[ပြင်ဆင်ရန်]

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

  • Bibliographic database
  • Digital Library Federation
  • D-Lib, a magazine dedicated to digital library research and development
  • Digital humanities
  • Full text database
  • Mobile library
  • Online encyclopedia
  • Traveling library

ကိုးကား[ပြင်ဆင်ရန်]

  1. Witten, Ian H. (2009). How to Build a Digital Library, 2nd, Morgan Kaufman. ISBN 9780080890395 
  2. Lanagan, James (September 2012). "Video digital libraries: contributive and decentralized". International Journal on Digital Libraries 12 (4): 159-178. doi:10.1007/s00799-012-0078-z. 
  3. Lynch, Clifford (2005). "Where Do We Go From Here? The Next Decade for Digital Libraries" (in English). D-Lib Magazine 11 (7/8). ISSN 1082-9873. Retrieved on 30 April 2018. “This is a field with an incredibly rich, and, as yet, poorly chronicled pre-history and early history. There is a stream of work and ideas that reaches back to at least the turn of the 20th century, and includes such thinkers as H.G. Wells and Paul Otlet; later contributors to the pre-history of visions of new, technologically-enabled means of knowledge organization, access and distribution also include Vannevar Bush and J.C.R. Licklider.” 
  4. Stocker, Gerfried (1 January 2014). "Beyond Archives (or the Internet 100 years before the Internet)", Possible Futures: art, museums and digital archives (in English). ISBN 9788575963548။ 30 April 2018 တွင် ပြန်စစ်ပြီး။ “Actually it was 1895 when Paul Otlet together with Henry La Fontaine, who was later awareded the Nobel Peace Prize, started a project - Mundaneum - that was initiated and driven by their idea that, if they would be able to collect all human knowledge and make it accessible to everybody worldwide, then this would bring about peace on Earth.” 
  5. Bush, Vannevar (July 1945). "As We May Think". The Atlantic Monthly: 101-108. Retrieved on 30 April 2018. 
  6. Bourne, Charles P. (2003). A History of Online Information Services, 1963–1976 (in English). MIT Press, 169-170. ISBN 9780262261753။ 30 April 2018 တွင် ပြန်စစ်ပြီး။ “1696 Milestone - DIALOG, with the ERIC database, provided the first instance of extensive availability of abstracts online for search output.” 
  7. Besser, Howard (2004). "The Past, Present, and Future of Digital Libraries", A Companion to Digital Humanities (in English). Blackwell Publishing Ltd, 557-575. doi:10.1002/9780470999875.ch36. ISBN 9781405103213။ 30 April 2018 တွင် ပြန်စစ်ပြီး 
  8. Gonçalves, Marcos André (2004). "Streams, structures, spaces, scenarios, societies (5s): A formal model for digital libraries". ACM Transactions on Information Systems (TOIS) 22 (2): 270-312. doi:10.1145/984321.984325. Retrieved on 1 May 2018. 
  9. Isah, Abdulmumin (2013). "Digital Libraries: Analysis of Delos Reference Model and 5S Theory". Journal of Information Science Theory and Practice 1 (4): 38-47. doi:10.1633/JISTaP.2013.1.4.3. Retrieved on 1 May 2018. 
  10. Fox, Edward A. (1999). "The Digital Libraries Initiative: Update and Discussion". Bulletin of the American Society for Information Science 26 (1). ISSN 2373-9223. Retrieved on 30 April 2018. 
  11. digital libraries, electronic libraries and virtual libraries။ Archived from the original on 2016-03-07။ 2016-01-18 တွင် ပြန်စစ်ပြီး။
  12. Yi, Esther, Inside the Quest to Put the World's Libraries Online The Atlantic, July 26, 2012.
  13. Castagné၊ Michel။ Institutional repository software comparison: DSpace, EPrints, Digital Commons, Islandora and Hydra။ 2016-04-25 တွင် ပြန်စစ်ပြီး။

နောက်ထပ် ဖတ်ရှုရန်[ပြင်ဆင်ရန်]

  • Candela, L.; Castelli, D. & Pagano, History, Evolution and Impact of Digital Libraries. In P. Iglezakis, I.; Synodinou, T. & Kapidakis, S. (ed.) E-Publishing and Digital Libraries: Legal and Organizational Issues, IGI Global, 2011, 1- 30. - A description of the initiatives and understandings leading to digital libraries