ဒင်ဂိုးခွေးရိုင်း
အညွှန်းသို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
ဒင်ဂိုးခွေးရိုင်း၏ သိပ္ပံအမည်မှာ ကဲနစ် လူးပတ်စ် ဖြစ်သည်။ ဩစတြေးလျတွင် တွေ့ရသည့် ခွေးတစ်မျိုး ဖြစ်သည်။ [၁] ဩစတြေးလျခွေးရိုင်းဟုလည်း ခေါ်တွင်သည်။ အသွင်သဏ္ဌာန်မှာ ဝံပုလွေနှင့် ဆင်သည်။ ဒင်ဂိုး၏နားရွက်သည် တိုပြီး ထောင်နေသည်။ အမြီးမှာ အမွေးဖွားသည်။ အရောင်အသွေးမှာ နီကြန့် ကြန့် ညိုတိုတို ဖြစ်၏။ ဒင်ဂိုးသည် အခြားမည်သည့်သတ္တဝါကိုမျှ ယုံကြည်လေ့မရှိကြပေ။ ရဲရင့်ကြမ်းကြုတ်ပြီး အလွန်ပါးနပ်သည်။ သို့ ရာတွင် ငယ်စဉ်ကတည်းက မွေးမြူထားပါက အလွန်ယဉ်ပါးသော အိမ်မွေးတိရစ္ဆာန်များ ဖြစ်လာနိုင်သည်။ ဒင်ဂိုး သည် သားပိုက် ကောင်များကို အဓိကရှာဖွေစားသောက်လေ့ရှိသည်။ [၂]