ထိမ်းမြားမင်္ဂလာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မတူညီသော ဓလေ့ထုံးစံအရ ထိမ်းမြားမင်္ဂလာပွဲများ

ဟိန္ဒူ ထိမ်းမြားမင်္ဂလာ (အိန္ဒိယ)
မူဆလင် ထိမ်းမြားမင်္ဂလာ (တူနီးရှား)
ရိုမန်ကတ်သလစ် ထိမ်းမြားပွဲ (ဖလစ်ပိုင်)
လိင်တူ ထိမ်းမြားပွဲ (အမေရိကန်)

ယောကျာ်းနှင့် မိန်းမတို့ အတူပေါင်းသင်းနေထိုင်၍၊ အိုးအိမ် တည်ထောင်သည်ကို အိမ်ထောင်ပြုသည်ဟုခေါ်သည်။ ယင်းသို့ အိမ်ထောင်ပြုခြင်းကို လူသိရှင်ကြား အခမ်းအနားဖြင့် ကျင်းပ သည်ကို ထိမ်းမြားမင်္ဂလာဟုခေါ်သည်။ သာမန်အားဖြင့် ယောကျာ်းနှင့်မိန်းမတို့ သင့်မြတ်သည့်အရာမှာ၊ ဇီဝဗေဒပညာ သဘောအရ မျိုးဆက်ပြန့်ပွားရေးအတွက်ဖြစ်သည်ဟု ဆိုရပေမည်။ သို့ရာတွင် လူတို့သည် အဆင်ဆင့် ယဉ်ကျေးမှုကို တည် ထောင်လာကြသောအခါ၊ အိမ်ထောင်မှု၌ သားသမီး ဆွေမျိုး ညာတိ စသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းတည်းဟူ သော တာဝန်ဝတ္တရားသည် အိမ်ထောင်မှု၏ အရေးကြီးသော တာဝန်ဝတ္တရားဖြစ်သည်ဟု အသိအမှတ်ပြုလာကြရသည်။ ထို ကြောင့် ထိမ်းမြားမင်္ဂလာသည် လူမှုရေးတွင် ယဉ်ကျေးမှု တစ်ရပ် ဖြစ်လေသည်။ အချို့သော လူမျိုးများအဖို့ ထိမ်းမြား မင်္ဂလာပြုခြင်းသည် အယူဝါဒနှင့်ဆိုင်သော ကိစ္စရပ်ဖြစ်၍၊ အချို့သော လူမျိုးများအဖို့မှာမူကား လူမှုရေးကိစ္စသက်သက် ဖြစ်လေသည်။ မြန်မာလူမျိုးများအဖို့မှာ ထိမ်းမြားမင်္ဂလာပြုခြင်း သည် လူမှုရေးသက်သက်မျှသာ ဖြစ်ချေသည်။

မြန်မာလူမျိုးတို့တွင် ယောကျာ်းနှင့်မိန်းမ အိမ်ထောင်ပြုခြင်း ကို ထိမ်းမြားသည်။ လက်ထပ်သည်။ စုလျားရစ်ပတ်သည်ဟု ဝေါဟာရအမျိုးမျိုးဖြင့် ခေါ်ဆိုကြသည်။ ထိမ်းမြားသည်ဟူ သည်မှာ ပေးစားသည်၊ သို့မဟုတ် အရေးတယူ ဆောက်နှင်း ပေးအပ်သည်ဟူ၏။ 'နှစ်ခြိုက်သာရွှင်၊ သားလွန်းကြင်ကို၊ တို့ရှင်မင်းအား၊ ရည်မှတ်သား၍၊ ထိမ်းမြားဖွယ်ရာ၊ မင်္ဂလာ သည်'ဟု၎င်း၊ 'ဘေးဘိုးမိဖ၊ စသည်သူငါ၊ တရံခါမျှ၊ ဖွယ်ရာ ဆောက်နှင်း၊ ထိမ်းမြားခြင်းကို'ဟု၎င်း ရှင်မဟာရဋ္ဌသာရ ဆရာ တော်သည် ဘူရိဒတ်လင်္ကာကြီး၌ ပြဆိုထားလေသည်။ ထိုပြင် ဦးရွှန်းပြုစုသော ဥမ္မာဒန္တီပျို့၌ 'မိဖနှစ်ပါး၊ ပေးထိမ်းမြားလျှင်၊ ရှုစားလျက်ပင်၊ စုံမက်ခင်လျက်'ဟု ပြဆိုထားသေးသည်။

ထိမ်းမြားဟူသော စကားကို မနုကျယ်ဓမ္မသတ်ကြီး၌ 'ယောကျာ်းငယ်နှင့်မိန်းမငယ် နှစ်ယောက်ကို ပေးစားထိမ်း မြား၍၊ အုံးအိပ်ရာယှဉ်သည်'ဟူ၍၎င်း၊ 'ပေးစားထိမ်းမြား လက်ထပ်စဉ်၊ ပေးဖွဲ့သည် မှန်သမျှ'ဟူ၍၎င်း ပြဆိုသည်။

ထိုနောက် ထိုထိမ်းမြားမင်္ဂလာပြုခြင်းကိုပင် ပါရာဇိကဏ်၊ အဋ္ဌကထာ၌ 'အာဝါဟောတိ ဒါရကဿပရကုလတော ဒါရိ ကာယ အာဟရဏံ။ ဝိဝါဟောတိ အတ္တနော ဒါရိကာယ ပရကုလ ပေသနံ'ဟု အာဝါဟ ဝိဝါဟ မင်္ဂလာနှစ်ပါးကို ခွဲခြား၍ပြဆိုလေသည်။ ထိုအဋ္ဌကထာ၌လာရှိသော ပါဠိအရ အာဝါဟ မင်္ဂလာဆိုသည်မှာ သတို့သားအတွက် တစ်ပါးအိမ်မှ သတို့သမီးကို ဆောင်ယူခြင်း (သမီးယူခြင်း) ဖြစ်၍၊ ဝိဝါဟ မင်္ဂလာဆိုသည်မှာ သတို့သမီးကို သတို့သားအိမ်သို့ပို့ခြင်း (သမီးပေးခြင်း) ဖြစ်လေသည်။

လက်ထပ်အခမ်းအနားကို မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း တတိယပိုင်း စာမျက်နှာ ၁၃၈ ၌ 'လက်ထပ် အခမ်းအနား များတွင် မ ၏လက်ကိုအောက်က၊ ကျား၏လက်ကို အထက် ကထား၍၊ လက်ထပ်ရသည်'ဟု ပြဆိုထား၏။ ထိုပြဆိုထား ချက်ကား မူလကပင် ရှေးသူဟောင်းတို့ လိုက်နာစမြဲ အခမ်း အနားဖြစ်သည်။ သို့ရာတွင် ဤကဲ့သို့သော ရှေးမူကို သက္ကရာဇ် ၁၁၇၁ ခုနှစ် တပို့တွဲလပြည့်ကျော် ၆ ရက်နေ့ နာခံစမြောင်မှူး ဘယကျော်ထင်ပြန်သည့် အမိန့်တော်ဖြင့်၊ နှောင်းခေတ်၌ ပြန် လည်ပြုပြင်ထားသည်။ ထိုသို့ ပြန်လည်ပြုပြင်ရာ၌ 'လက်ထပ် အခမ်းအနားများသည် ပုရေဟဇ်ဒရပဏ် ကျမ်းအတိုင်းလိုက်နာရ မည်'ဟု ပါရှိလေသည်။ ပုရေဟဇ်ဒရပဏ် ကျမ်းဟူသည်ကား ပုရောဟိတ်၏ လက်စွဲမှန်ကျမ်းပင်ဖြစ်သည်။ ထိုပုရောဟိတ်၏ လက်စွဲမှန် ကျမ်းအရမှာမူ အလှူခံကျား၏လက်ကို အောက်က၊ မ၏လက်ကို အထက်ကထား၍ နူးညံ့သောအဝတ်ဖြင့် လက်နှစ် ခုကို ရစ်ပတ်ပြီးနောက်၊ ရေသွန်းလောင်းရသည်။ ထိုပြင် ကျား ကို ရှေးဦးစွာ ပန်းကုံးစွပ်ပြီးမှ၊ ကျား၏လည်ပင်းက ပန်းကုံးကို ချွတ်၍ မ သို့စွပ်ပေးရသည်။

စုလျားရစ်ပတ်သည်ဟူရာ၌ စုလျားမှာ တံပက်၊ သို့မဟုတ် အပေါ်တင် ပုဆိုးဖြစ်သည်။ ထိုစုလျားဖြင့် သတို့သား သတို့ သမီး၏ လကျာ်လက်နှစ်ဘက်ကို ရစ်ပတ်၍ လက်ထပ်ပေး ခြင်းကို စုလျားရစ်ပတ်သည်ဟုခေါ်သည်။ ယင်းကို သိသာ စေရန် 'သင့်ရာမှူးမတ်၊ ပရိသတ်နှင့်၊ တောင်းလတ်သော့အား၊ ကျော်ထင်ရှားအောင်၊ စုလျားပိုက်သွင်း၊ ပေးဆောင်နှင်းသည်'ဟု ဥမ္မာဒန္တီပျို့၌ ဖော်ပြထားသည်။

ထိမ်းမြားမင်္ဂလာပြုခြင်းနှင့် စပ်လျဉ်း၍ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံမှာကား၊ သတ်မှတ်ထားသော နေ့ရက်တွင် ရှေးဦးစွာ သတို့သားနှင့် သတို့သမီးတို့ကို လူပျိုရံများ ခြံရံလျက် ပွဲထုတ် ကြပြီးလျှင် ဂုဏ်သရေရှိ လူကြီးသူမ ဇနီးမောင်နှံနှစ်ဦးက လက်ဆက်ပေး၏။ ထိုနောက် ရတနာသုံးပါးနှင့် နှစ်ဘက်သော မိဖများကို ကန်တော့စေပြီးသော်၊ ကြွရောက်ချီးမြှင့်ကြကုန်သော ဧည့်ပရိသတ်တို့ကို အကျွေးအမွေး၊ တူရိယာ အတီးအမှုတ်များ ဖြင့် ဧည့်ခံခြင်းပြုလေသည်။ အချို့လည်း ထိုဖော်ပြခဲ့သော အခမ်းအနားကိုပင်မူတည်ကာ ဘိသိက်သွန်းခြင်း၊ 0x100သဘာ စာဖတ်ခြင်း၊ ရတုဖတ်ခြင်း၊ 0x100သဝါဒစကားပြောကြားခြင်း ဟူသည်တို့ဖြင့် အကျယ်ချဲ့၍ မင်္ဂလာအခမ်းအနား ပြုလုပ်ကြ သည်။ ထိမ်းမြားမင်္ဂလာနှင့်စပ်လျဉ်း၍ အခြားမြန်မာထုံးစံများ မှာကား သတို့သားနှင့် သတို့သမီးတို့ကို အခန်းအပ်သည့် အခါတွင် ရွှေကြိုးငွေကြိုးတားခြင်း၊ ခဲဖိုးတောင်းခံခြင်း စသည် တို့ဖြစ်၏။ ခဲဖိုးတောင်းခံခြင်းဓလေ့မှာ ယခုအခါ မြို့ကြီးပြကြီး များ၌ ပပျောက်သလောက်ရှိပြီဖြစ်သည်။ အချို့လည်း မင်္ဂလာဦး ဆွမ်းကျွေးလေ့ရှိကြသည်။

ထိမ်းမြားလက်ထပ်မှုစံနစ်များကား အမျိုးမျိုးရှိသည်။ ယင်း တို့အနက် အသက်ရှင်စဉ် ယောကျာ်းတစ်ယောက်က မိန်းမ တစ်ယောက်တည်းကို၎င်း၊ မိန်းမတစ်ယောက်က ယောကျာ်း တစ်ယောက်တည်းကို၎င်း ယူရသော တစ်လင်တမယားစံနစ် သည် အထင်ရှားဆုံး စံနစ်ဖြစ်သည်။ တစ်လင်တမယားစံနစ် အပြင် အချို့သောနိုင်ငံများ၌ ယောကျာ်းတစ်ယောက်လျှင် မိန်းမတစ်ယောက်ထက်ပို၍ ယူသောစံနစ်လည်း ရှိသေးသည်။

ထိုစံနစ်သည် တစ်လင်တမယားစံနစ်လောက် နေရာအနှံ့အပြား မထွန်းကားသော်လည်း၊ ရှေးခေတ်က လွန်စွာခေတ်စားခဲ့၍၊ ယခုခေတ်တွင်လည်း အချို့သောနိုင်ငံတို့တွင် ထင်ရှားသည့်စံနစ် အဖြစ်ဖြင့် တည်ရှိနေသေးသည်။ အစ္စလမ်အယူဝါဒီများ၌ အများအားဖြင့် မယားအများယူသည့်စံနစ်ကို လက်ခံကျင့်သုံးခွင့် ရှိသည်။ အာဖရိကတိုက် အချို့သောဒေသများတွင်ကား မယား များကို လင်၏ပုဂ္ဂလိကပိုင်ပစ္စည်းများအဖြစ် သဘောထားကြ ၏။ မယားကို ငွေဖြင့်ဝယ်ယူ၍ရသည်။ မယားများသည် လင် ၏လယ်ယာများကို ထွန်ယက်ပေးခြင်း၊ တိရစ္ဆာန်များကို ထိန်း ကျောင်းပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးကြရာ၊ မယား အများအပြားရှိသူ အကြီးအကဲများသာလျှင် ဩဇာအာဏာကြီး မားသည်ဟု ယူဆကြလေသည်။ အခြားသော အရှေ့တိုင်းနိုင်ငံ တို့တွင်လည်း မယားအများ အပြားယူသည့်စံနစ်သည် ထွန်း ကားလျက်ရှိသည်။

ထိုနောက် မယားအများအပြားယူသည့်စံနစ်နှင့် ပြောင်းပြန် ဖြစ်သော မိန်းမတစ်ယောက်လျှင် ယောကျာ်း အများအပြား ယူသည့် စံနစ်သည် ရှေးခေတ်၌ ထွန်းကားခဲ့သည်။ ယခုအခါ ထိုစံနစ်ကို တိဗက်နိုင်ငံ၊ အိန္ဒိယနိုင်ငံတောင်ပိုင်း အချို့သော ဒေသများနှင့် အက်စကီမိုးလူမျိုးတို့နေထိုင်ရာ အချို့သောဒေသ များတွင် တွေ့ရှိနိုင်သည်။ သို့သော် ဤစံနစ်သည် ပျောက်ကွယ် စပြုပြီ ဖြစ်လေသည်။ ဤစံနစ်အရ အိမ်ထောင်ထိန်းသိမ်းမှု တာဝန်သည် မယားဖြစ်သူအပေါ်၌ လုံးဝကျရောက်လေသည်။

လင်ယောကျာ်းများသည် မယား၏အိမ်သို့ အလှည့်ကျ လာ ရောက်နေထိုင်ရ၏။ သားသမီးများရသောအခါ မည်သည့် ကလေးသည် မည်သည့်လင် ယောကျာ်းနှင့်ရသော ကလေး ဖြစ်သည်ကို မယားကသတ်မှတ်ရသည်။ ကလေးများသည် ယင်းသို့ မိခင်ဖြစ်သူက ညွှန်ပြသောဖခင်ထံမှ ထောက်ပံ့ ကျွေးမွေးပြုစုခြင်းတို့ကို ခံယူကြရလေသည်။ သို့သော် ဖခင်၏ ထံမှ အမွေပစ္စည်းများကိုကား ဆက်ခံပိုင်ဆိုင်နိုင်ခွင့် မရှိကြချေ။

အထက်ပါစံနစ်များအပြင် ယောကျာ်းတစ်ယောက် သည် တရားဝင် ထိမ်းမြားထားသော မယားတစ်ယောက် အပြင် တရားဝင် ထိမ်းမြားခြင်းမပြုဘဲ၊ မယားအငယ် အနှောင်းအဖြစ် ပေါင်းသင်းယူသော အလေ့တစ်မျိုးလည်း ရှိသေး၏။ ထိုဓလေ့အရ မယားငယ်ဟူ၍ ဖြစ်ပေါ်လာရာ ထိုမယားငယ်တို့၏ အခွင့်အရေးများကို မြန်မာဗုဒ္ဓဘာသာ ဓမ္မသတ်များက ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးလေ သည်။ ဓမ္မသတ်ကျမ်းများတွင်ကား မယားကြီး၊ တော်ပြောင်နှင့် ကျွန်မိန်းမဟူ၍ မယားသုံးမျိုးကို ခွဲခြားပြဆိုကြသည်။ ကင်းဝန် မင်းကြီး ဦးကောင်း ရေးသားပြုစုသော ဓမ္မသတ် ၃၆ စောင်တွဲ အပိုဒ် ၆ တွင် 'တော်ပြောင်'ဟူသည်မှာ မယားငယ်ပင်ဖြစ် ကြောင်း ပြဆိုသည်။

ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက် ထိမ်းမြား မင်္ဂလာပြုရာ၌ တရားဝင်ဖြစ်စေရန် များစွာအရေးကြီးပေသည်။ မြန်မာဗုဒ္ဓဘာသာ တရားဥပဒေအရ ထိမ်းမြားမင်္ဂလာပြုခြင်း တရားဝင်စေရန်အတွက်၊ စင်စစ်မှာ မည်သည့်အခမ်းအနားမျှ မလိုချေ။ လင်မယားအရာမြောက်ရာသော အကြောင်းသုံးပါးကို မနုကျယ် ဓမ္မသတ်တွင် မိဖနှစ်ပါး ပေးစားထိမ်းမြား၍ အတူနေ အတူစားကြလျှင်၎င်း၊ သူတစ်ပါးတို့အား အောင်သွယ်ထား၍ အတူနေ အတူစားကြလျှင်၎င်း၊ နှစ်ဦးသဘောတူ၍ အတူနေ အတူစားကြလျှင်၎င်း လင်မယားအရာမြောက်သည်ဟု ပြဆိုခဲ့ ၏။ သို့ရာတွင် ယခုခေတ်ကာလအလျောက် မြန်မာဗုဒ္ဓဘာသာ ယောကျာ်း တစ်ယောက်နှင့် မိန်းမတစ်ယောက်တို့အဖို့ တရား ဝင် လင်မယားဖြစ်မြောက်ရေးအတွက် လိုအပ်သောအချက် များမှာ (၁) ယောကျာ်းသည် အိမ်ထောင်ပြုရန်အတွက် ကျန်းမာသန်စွမ်းရမည်။ (၂) မိန်းမသည်မုဆိုးမ (ဝါ) တစ်ခု လပ် တစ်လင်ကွာမဟုတ်လျှင် အသက် ၂ဝ ပြည့်ရမည်။

အသက် ၂ဝ မပြည့်သေးလျှင် မိဖ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူညီချက်ရရမည်။ (၃)ယခုမျက်မှောက်တွင် လင်မယား အဖြစ် အိမ်ထောင်ပြုရန် နှစ်ဦးသဘောတူညီချက် လွတ်လပ်စွာ ရရှိရမည်။ (၄) နှစ်ဦးစလုံးတွင် မည်သူမျှ စိတ်ပေါ့သွပ်သူ မဖြစ်စေရ။ (၅) လင်မယားမဖြစ် ပေါင်းသင်းဆက်ဆံမှု ရှိရ မည်။ (၆) မိန်းမတွင် မပြတ်စဲသေးသော တရားဝင်လင် ယောကျာ်းမရှိစေရဟူ၍ ဖြစ်လေသည်။

မြန်မာနိုင်ငံတော်အစိုးရသည် ၁၉၅၄ ခုနှစ်၌ လူမျိုးခြား၊ ဘာသာခြားများနှင့် ထိမ်းမြားလက်ထပ်ကြသော ဗုဒ္ဓအယူဝါဒီ မြန်မာအမျိုးသမီးများ၏ ဆိုးဝါးသော အခြေအနေကို ကာကွယ် စောင့်ရှောက်ရန်ရည်စူး၍၊ 'ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ'ကို ပြဋ္ဌာန်း အတည်ပြုခြံသည်။ ထိုအက်ဥပဒေအရ ကျေးရွာသူကြီးတိုင်းကို ထိမ်းမြားမှု မှတ်ပုံတင်အရာရှိဟူ၍ ကျေညာသည်။ လူမျိုးခြား၊ ဘာသာခြား ယောကျာ်းများနှင့် ထိမ်းမြားလက်ထပ်လိုသော ဗုဒ္ဓ အယူဝါဒီ အမျိုးသမီးသည် အဆိုပါ မှတ်ပုံတင်အရာရှိိ(သူကြီး)၊ နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော အခြားထိမ်းမြားမှုမှတ်ပုံ တင်အရာရှိထံ၌၎င်း ထိမ်းမြားခြင်းပြုနိုင်သည်။ သို့သော် (၁) မိန်းမသည် အသက် ၁၄ နှစ်ပြည့်ပြီး ဖြစ်ရမည်။ (၂) နှစ်ဦးစလုံးတွင် မည်သူမျှ စိတ်ပေါ့သွပ်သူများ မဖြစ်စေရ။ (၃) အသက် ၂ဝ မပြည်သေးသော မိန်းမဖြစ်လျှင် မိဖ သို့မဟုတ် အုပ်ထိန်းသူ၏ သဘောတူညီမှုကို ရရှိပြီးဖြစ်ရမည်။ (၄) မိန်းမ တွင် မပြတ်စဲသေးသော တရားဝင်လင်ယောကျာ်း မရှိစေရဟူ၍ စည်းကမ်းသတ်မှတ်ထားလေသည်။

ဤအက်ဥပဒေအရ ထိမ်းမြားလိုသူတို့သည် မှတ်ပုံတင် အရာရှိထံတွင် ၁၄ ရက်ကြိုတင်၍ အကြောင်းကြားရ၏။ မှတ်ပုံတင်အရာရှိက ၁၄ ရက်အတွင်း ဥပဒေပါအချက်များနှင့် မညီညွတ်လျှင် မည်သူမဆို ကန့်ကွက်နိုင်ကြောင်း ကျေညာ၍ ကန့်ကွက်သူမရှိလျှင် သက်သေနှစ်ဦး၏ ရှေ့မှောက်၌ ထိမ်းမြား ပေးရသည်။ အကယ်၍ ကန့်ကွက်သူရှိခဲ့လျှင် မှတ်ပုံတင် အရာရှိက သက်ဆိုင်ရာ တရားရုံးသို့ စစ်ဆေးရန်ပို့၍၊ ထိုရုံး၏ အဆုံးအဖြတ်အတိုင်း မှတ်ပုံတင်အရာရှိက လိုက်နာဆောင်ရွက် ရသည်။ အကယ်၍ ဗုဒ္ဓအယူဝါဒီ အမျိုးသမီးတစ်ဦးနှင့် ဘာသာခြား အမျိုးသားတစ်ဦးတို့သည် မှတ်ပုံမတင်ဘဲ ပေါင်း သင်းနေထိုင်လျှင် ထိုအမျိုးသမီး၏ မိဖ(ဝါ) အုပ်ထိန်းသူ (ဝါ) ဆွေမျိုးသားချင်းတစ်ဦးဦးက မှတ်ပုံတင်အရာရှိထံ သတင်းပေး နိုင်သည်။ ထိုအခါ မှတ်ပုံတင်အရာရှိက သက်ဆိုင်သူများကို ဆင့်ခေါ်၍၊ မှတ်ပုံတင်လိုလျှင် တင်ပေးပြီးလျှင်၊ မတင်လိုပါက တရားမရုံးသို့ အစီရင်ခံစာတင်သွင်း၍၊ ထိုရုံး၏အဆုံးအဖြတ်ကို နာခံကြရသည်။

ထိုအက်ဥပဒေအရ ထိမ်းမြားသူတို့၏ လင်မယားကွာရှင်းမှု ကိစ္စ၊ ပစ္စည်းပိုင်ဆိုင်ခွင့်ကိစ္စ၊ သားသမီးထိန်းသိမ်းမှုကိစ္စ၊ ပစ္စည်းခွဲဝေမှုကိစ္စတို့သည် မြန်မာဗုဒ္ဓဘာသာ ဓမ္မသတ်အရ ဖြစ်သည်။ အကယ်၍ လူမျိုးခြား၊ ဘာသာခြား လင်ယောကျာ်း ဖြစ်သူသည် အယူဝါဒနှင့်စပ်လျဉ်း၍ မိမိ၏မယားကို ကွာရှင်း လိုလျင်၎င်း၊ ညဉ်းပန်းနှိပ်စက်လျင်၎င်း၊ ထိုလင်ယောကျာ်းသည် နှစ်ဦးပိုင်ပစ္စည်းများမှ မိမိရထိုက်သောအစုကိုစွန့်၍ မယားအား လျော်ကြေးပေးရသည်။ ထိုအခါ မယားဖြစ်သူသည် သားသမီး အာလုံးကို ထိန်းသိမ်းခွင့်ရရှိလေသည်။ လင်ယောကျာ်းကမူ အရွယ်မရောက်သေးသော ကလေးများအတွက် စရိတ်ပေးရ သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)