ထရိုပီဇင်း

ဝီကီပီးဒီးယား မှ

ထရိုပီဇင်း (အင်္ဂလိပ်: Tropism)ဆိုသည်မှာ အပင် သို့မဟုတ် တိရစ္ဆာန်တို့၏ ကြီးထွားမှု၌လည်းကောင်း၊ အနေအထား၌ လည်းကောင်း၊ ဘာသာအလျောက် ပြောင်းလဲသွားစေရန် ပတ်ဝန်းကျင်က ပြုပြင်စေ့ဆော်ပေးခြင်းကို ခေါ်သည်။ ထိုပြုပြင်မှုများကို အပူကဖြစ်စေ၊ မြေဆွဲအားကဖြစ်စေ၊ လျှပ်စစ်ဓာတ်ကဖြစ်စေ၊ အလင်းကဖြစ်စေ၊ ရေကဖြစ်စေ၊ ဓာတ်ပစ္စည်းများကဖြစ်စေ၊ သို့မဟုတ် အခြားအားများကဖြစ်စေ ဖန်တီးပေးသည်။

အပူ၏ပြုပြင်မှုကို သာမိုထရိုပီဇင်းဟုလည်းကောင်း၊ မြေဆွဲအား၏ ပြုပြင်မှုကို ဂျီအိုထရိုပီဇင်းဟုလည်းကောင်း၊ လျှပ်စစ်ဓာတ်၏ပြုပြင်မှုကို ဂယ်လဗာနို ထရိုပီဇင်းဟုလည်းကောင်း၊ အလင်း၏ပြုပြင်မှုကို ဖိုတိုထရိုပီဇင်းဟုလည်းကောင်း၊ နေရောင်၏ပြုပြင်မှုကို ဟီလီယို ထရိုပီဇင်းဟူ၍လည်းကောင်း၊ ဓာတ်၏ပြုပြင်မှုကို ကင်မိုထရိုပီဇင်းဟုလည်းကောင်း၊ အသီးသီးခေါ်လေသည်။ မှတ်သားစရာအချက်မှာ သာမိုထရိုပီဇင်းတွင်အပင် သို့မဟုတ် တိရစ္ဆာန်သည် လျှပ်စစ်ဓာတ်ရှိရာသို့ သွားတတ်ခြင်း (ဝါ) လျှပ်စစ်ဓာတ်ရှိရာမှ ဖဲကြဉ်တတ်ခြင်းကို ပြုတတ်သည်။ ဖိုတိုထရိုပီဇင်း၊ ဟီလီယို ထရိုပီဇင်း၊ ကင်မို ထရိုပီဇင်း စသည်တို့တွင်လည်း ဤကဲ့သို့ပင်ဖြစ်လေသည်။[၁][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
  2. "The Rice COLEOPTILE PHOTOTROPISM1 Gene Encoding an Ortholog of Arabidopsis NPH3 Is Required for Phototropism of Coleoptiles and Lateral Translocation of Auxin(W)" (January 1, 2005). Plant Cell. doi:10.1105/tpc.104.028357. Retrieved on 2012-06-22. [လင့်ခ်သေ](အသင်းဝင်ရန် လိုအပ်သည်။)