ထရန့်-ကင် တွေ့ဆုံပွဲ

ဝီကီပီးဒီးယား မှ

မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအွန် နှင့် အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်လ်ထရန့် တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံပွဲ ဖြစ်သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ အင်္ဂါနေ့တွင် စင်ကာပူနိုင်ငံ စံတိုဆာကျွန်း ကပယ်လာဟိုတယ်၌ ကျင်းပသည်။ တွေ့ဆုံပွဲ၏ တရားဝင်ခေါင်းစဉ်မှာ အင်္ဂလိပ်: 2018 North Korea–United States summit ဖြစ်သော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အမည်ကို အဖျားဆွတ်၍ ထရန့်-ကင် တွေ့ဆုံပွဲ အင်္ဂလိပ်: TrumpKimSummit ဟု အတိုကောက် ခေါ်ဝေါ်ကြသည်။ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လုံး က လုံခြုံရေးနှင့် တွေ့ဆုံပွဲဆိုင်ရာ ဗာဟီရများကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟု သိရှိရသည်။