ထပ်တယူငှက်

ဝီကီပီးဒီးယား မှ
Trogons
Temporal range: Early Eocene, 49–0 Ma
Harpactes erythrocephalus - Khao Yai.jpg
A male red-headed trogon in Khao Yai National Park, Thailand
Red-naped trogon song, recorded near Bangar, Brunei
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
Clade: Cavitaves
Clade: Eucavitaves
မျိုးစဉ်: Trogoniformes
AOU, 1886
မျိုးရင်း: Trogonidae
Lesson, 1828
မျိုးစုများ

Apaloderma
Euptilotis
Harpactes
Apalharpactes
Pharomachrus
Priotelus
Trogon

Trogon range.png
     global distribution

ထပ်တယူငှက် (Trogon) ကို သိသူအလွန်နည်းပါးသည်။ တုတ္ထရူဟုလည်း ခေါ်ကြသည်။ ဇီဝဗေဒအခေါ်မှာ 'ဟာပက်တပ် အီရစ် သရိုစဲဖလပ် အီရစ်သရိုစဲဖလပ်' ဖြစ်သည်။ မျိုးစဉ် Trogoniformes တွင်ပါဝင်ပြီး မျိုးစု ၇ ခုထဲတွင် မျိုးစိတ်ပေါင်း ၄၆ ခုပါဝင်သည်။ ထိုငှက်သည် အလျား ၁၃ လက်မရှိ သည်။ ငှက်မ၏ ဦးခေါင်း၊ လည်ပင်းနှင့် ရင်အုပ်အပေါ်ပိုင်းမှာ လိမ်မော်ရင့်ရောင်ရှိသည်။ ပျံသန်းသည့်အခါ တွင် အမြီးနှင့် တောင်ပံများ ဖြူဖွေးနေသည်ကို တွေ့ရသည်။ အမြီးသည်ကျယ်ပြန့်၍၊ လေးထောင့်စပ်စပ်ဖြစ်၏။ ငှက်ကလေးများ၏ တောင်ပံသည် မည်းနက်သည်။

ထပ်တယူငှက်သည် တစ်ခါတစ်ရံတွင် ကြောင်အော်သကဲ့သို့ တိုးတိုးအော်တတ်၍၊ သားပေါက်ချိန်၌ မကြာမကြာ ညည်းသံပေးလေ့ရှိသည်။ ယင်းသည် ကျွန်းတောများတွင်သာ နေလေ့ရှိ၍၊ အများအားဖြင့် ချုံဖုတ်နှင့် ဝါးတောများတွင် တစ်ကောင်ချင်းဖြစ်စေ၊ စုံတွဲဖြစ်စေ တွေ့ရတတ်သည်။ တစ်နေ့လုံး ငြိမ်သက်စွာနေ၍ နံနက်ခင်းနှင့် ညနေခင်းများ၌သာ ပိုးဖလံများကို ရှာဖွေစားသောက်သည်။ အစာကို ပျံသန်းယင်း စားတတ်သည်။ တစ်ခါတစ်ရံ၌သာ မြေပေါ်တွင်အစာစားသည်။ ယင်း၏အစာမှာ ပိုးဖလံနှင့် ပိုးမွှားအမျိုးမျိုးဖြစ်သည်။

ထပ်တယူငှက်များသည် မတ်လမှ မေလအတွင်း သားပေါက်ကြ၏။ တစ်မြုံလျှင် ၂ ဥမှ ၄ ဥအထိရှိ၍၊ ဥများကို ဝါးပင် သို့မဟုတ် သစ်ငုတ်အခေါင်းတွင် အုလေ့ရှိကြသည်။ ထပ်တယူငှက်ဥသည် ရှည်မျောမျောဖြစ်၍ ဖြူယော်သော အရောင်ရှိ၏။ ဥ၏ပျမ်းမျှအလျားမှာ ၁.၁၃ လက်မဖြစ်၍၊ ပြက် ဝ.၉၅ လက်မရှိလေသည်။

ထပ်တယူငှက်များကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့နိုင်၏။ ယင်းတို့သည် နီပေါနိုင်ငံမှ အာသံပြည်ကိုဖြတ်၍ မြန်မာနိုင်ငံတစ်လျှောက် တနင်္သာရီတိုင်းအထိ ကျက်စားကြသည်။ ထပ်တယူငှက်သည် အမြင့် ပေ ၆ဝဝဝ အထိပျံတက် ကျက်စားနေနိုင်၍ မြန်မာနိုင်ငံ သစ်တောများတွင် ယင်းတို့ကို အမြဲတမ်းတွေ့ရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)