တောထန်းမြစ်

ဝီကီပီးဒီးယား မှ

ပုံပန်းသဏ္ဌာန်[ပြင်ဆင်ရန်]

တောထန်းမြစ်သည် ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ပြီး အပင်ပေါက်ခါစအရွယ် ထွက်လာသည့်အခါ ထန်းရွက်ပုံသဏ္ဌာန် အရွက်သုံးရွက် ရှိသောကြောင့် တောထန်းမြစ်ဟု ခေါ်ဆို၍ ထန်းပင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းကို အစိမ်းလိုက်စားနိုင်ပြီး စိမ့်သော အရသာရှိသည်။ အပင်ကို အခြောက်လှန်း အမှုန့်ကြိတ်ပြီး ပျားရည်နှင့်ရောကာ ဆေးအဖြစ် သောက်သုံးလေ့ ရှိသည်။

မြန်မာနိုင်ငံအတွင်း တွေ့ရှိနိုင်သည့်ဒေသ[ပြင်ဆင်ရန်]

တောထန်းမြစ်ကို မကွေးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်များမှ အဓိက ထွက်ပြီး တရုတ်ဈေးကွက်သို့ အဓိက တင်ပို့သည်။

ကိုးကား[ပြင်ဆင်ရန်]