တောင်ပီစူးငှက်

ဝီကီပီးဒီးယား မှ

တောင်ပီစူးငှက်
(Hoopoe)
ယူရေးရှား တောင်ပီစူးငှက်
Mangaon, Maharashtra, India
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Bucerotiformes
မျိုးရင်း: Upupidae
Leach, 1820
မျိုးစု: Upupa
လင်းနီးယပ်၊ ၁၇၅၈
အမျိုးအစား မျိုးစိတ်
Upupa epops (ယူရေးရှား တောင်ပီစူးငှက်)
မျိုးစိတ်
  • Upupa africana
  • Upupa antaios
  • Upupa epops
  • Upupa marginata

တောင်ပီစူးငှက်ကို ဘီး‌တောင်ပို ဟူ၍လည်း ‌ခေါ်ကြသည်။ ဇီဝ‌ဗေဒအလိုအားဖြင့် ထိုငှက်ကို ‘ယူးပူပ အဲ‌ပေါ့’ဟု‌ခေါ်သည်။ မျိုးရင်းမှာ ‘အုပျူးပီဒီး’ဖြစ်သည်။ အလျား ၁၂ လက်မရှိသည်။ ပျံသန်း‌နေခိုက်၌ အဖြူနှင့် အမည်းစင်းများကို မြင်ရ၏။ အ‌တောင်များကို လိပ်ပြာကဲ့သို့ ရိုက်ခတ်ကြသည်။ ဦး‌ခေါင်း၌ အ‌မောက်ပါရှိသည်။ သာမန်အချိန်၌ အ‌မောက်သည် လဲ‌နေ တတ်‌သော်လည်း လန့်ဖျပ်‌သောအခါ ‌ထောင်ထလာတတ် သည်။

သား‌ပေါက်ချိန်၌ ‌အော်သံမှာ ‌ပျော့‌ပျောင်း၍၊ ဟွပ် ဟွပ် ဟွပ်ဟု မြည်သည်။ ထို‌အော်သံကို အ‌ဝေးကပင် ကြားရသည်။ ‌အော်‌သောအခါ လည်ပင်းသည် ‌ဖောင်းကြွလာသည်။ ‌ခေါင်း လည်း ညိတ်လာသည်။

ထိုငှက်များသည် ‌မြေ‌ပေါ်၌ချည်းလိုပင် ကျက်စား‌လေ့ရှိကြ သည်။ လှန့်‌ချောက်လိုက်သည့်အခါကျမှသာ သစ်ပင်‌ပေါ်သို့ ပျံတက်သည်။ အ‌ကြောက်‌ပြေလျှင် ‌မြေ‌ပေါ်သို့ ပြန်ဆင်းသည်။ ယင်းတို့ကို စိုက်ခင်းများ၊ ထူထပ်‌သောမြက်ခင်းများ၊ ‌ခြောက် ‌သွေ့‌သော ဝါး‌တောများတွင် ‌တွေ့ကြရသည်။ တစ်‌ကောင်တည်း ဖြစ်‌စေ၊ ‌ခြောက်‌ကောင်ထက်မနည်း အုပ်စုဖွဲ့၍ဖြစ်‌စေ ကျက်စား တတ်ကြသည်။ ‌ခေါင်းကိုလှုပ်၍‌လျှောက်ရင်း ပပ်ကြားအက်များ ကိုနှိုက်၍၎င်း၊ သစ်ရွက်များကို လှန်‌လှော၍၎င်း ပိုးမွှားများနှင့် ခူ‌ကောင်များကို ရှာ‌ဖွေစားကြသည်။

မြန်မာနိုင်ငံ၌ ‌တောင်ပီစူးငှက်ဥများကို မတ်လမှ ဇွန်လ အတွင်း ‌နေရာအနှံ့အပြားတွင်‌တွေ့ရသည်။ အသိုက်ကို သစ် ‌ခေါင်းများထဲတွင် ပြုလုပ်တတ်ကြသည်။ တစ်မြုံလျှင် ဥ‌ပေါင်း ၃ လုံးမှ ၁၀ လုံးအထိရှိသည်။ ဥအ‌ရောင်မှာ စိမ်းပြာ‌ဖျော့ ‌ရောင်မှ အညို‌ဖျော့‌ရောင်အထိ အ‌ရောင်အမျိုးမျိုးရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ ၅