တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက်

ဝီကီပီးဒီးယား မှ

တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

တောင်တို့သည် မည်မျှပင် မြင့်မားစေကာမူ တောင်တက်သူတို့၏ ဖဝါးအောက် ရောက်ရသည်။ လှိုင်းလုံးတို့ မည်မျှပင် ကြီးမားစေကာမူ လှေ၏အောက်သို့ ရောက်ရသည်။ ထို့အတူ အခက်အခဲ မည်မျှပင် ကြီးမားစေကာမူ ကြိုးစားအားထုတ်မှု၏ အောက်၌ ပပျောက်သွားသည်။ အခြားဆိုလိုရင်းတစ်ခုမှာ ဂုဏ်ရှိန်မည်မျှ ကြီးမားသည့် အမျိုးသမီးဖြစ်စေကာမူ လင်ယောက်ျား၏ ဦးဆောင်မှုကို ခံယူရသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖဝါးအောက် ဆိုစကားကဲ့သို့ အခက်အခဲ ဟူသမျှတို့ကား ပညာရှင်တို့၏ ရှေ့မှောက်သို့ ရောက်လျှင် ပျောက်ပြယ်ကုန်ကြရစမြဲတည်း။" [၁၃၃၄] ရှေ့သို့၊ ၁၂၁၊ ၁။ ၇။
  • "စကားလုံးများလိုက်တာ ကြားချပ်စရာမရှိ။ စကားလုံး စေ့ပါပေ၏။ သို့သော်လည်း တောင်ကြီး ဖဝါးအောက် နင်းလိုက်ရင် ပျောက်ကရောပေါ့။ ကြောက်စရာမရှိ။" [၁၃၁၇] ဘိုးတင့်။ ၆၆။
  • "စကြာမင့်းသမီး၊ ဖြစ်တပြီးလည်း၊ တောင်ကြီးဖဝါးအောက်၊ လင့်နောက်လိုက်ရ၊" [၁၂၆၆] မဃ * ၃၀၃။
  • "တောင်ကြီး ဖဝါးအောက်၊ လှိုင်းကြီး လှေအောက်တဲ့။ အလှဂုဏ်မောက်နေတဲ့ ငါးသိုင်းမယ်လေးဟာလည်း တစ်နေ့ကျရင် ကျွန်တော် ငါးနောက် သွားအောက် ရောက်ရစေမပေါ့။" [၁၃၁၂] ကိုတံငါ။ ၂၀၁။

ဆိုရိုးအသုံး[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၉။