မာတိကာသို့ ခုန်သွားရန်

တေဇာဆန်း

ဝီကီပီးဒီးယား မှ
၂၀၂၁ ခုနှစ် VOA အင်တာဗျူးတခုတွင်တွေ့ရသော တေဇာဆန်း

ဒေါက်တာ တေဇာဆန်းသည် မြန်မာအမျိုးသား ဆရာဝန်၊ နိုင်ငံရေးသမားနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည်။[] သူသည် မြန်မာ့နွေဦးတော်လှန်ရေးတွင် ထင်ရှားသော ဆန္ဒပြခေါင်းဆောင်တစ်ဦး ဖြစ်သည်။[][] သူသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မန္တလေးခရိုင်၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။[]

ဘဝလမ်းကြောင်း

[ပြင်ဆင်ရန်]

သူသည် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် စာကြည့်တိုက်မှူးနှင့် NGO ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။[] ၂၀၁၀ ခုနှစ်တွင် ချို့တဲ့သူများအတွက် အခမဲ့ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ပေးသော Beautiful Mind Foundation ကို တည်ထောင်ခဲ့သည်။ သူသည် မန္တလေး ယုံကြည်ရာအသိပညာ​ပြန့်ပွားရေးအသင်းဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။[]

နိုင်ငံရေးလှုပ်ရှားမှု

[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရမှုဖြစ်ပွားပြီး ရက်များမကြာမီတွင် အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည်။ မန္တလေးမြို့မှ စတင်သော အဆိုပါ ပထမဆုံးဆန္ဒပြမှုပြီးနောက် စစ်အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးမှ ဆန့်ကျင်ဆန္ဒပြခြင်းများ ပေါ်ပေါက်လာခဲ့သည်။[][][]

၂၀၂၁ ခုနှစ် ဧပြီ ၁၉ ရက်နေ့တွင် အာဏာပိုင်များက ဒေါက်တာတေဇာဆန်းအား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။[]

၂၀၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ပတ်ဂျုံချော လူ့အခွင့်အရေးဆုကို ရရှိခဲ့သည်။[]

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် “မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG အစိုးရ” ဆိုတဲ့ ခေါင်းစဉ်ဖြင့် မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “ပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်အထိ ရောက်ရှိအောင် ဦးဆောင်နိုင်ရန် လက်ရှိ NUG အစိုးရသည် ခေါင်းဆောင်မှုစွမ်းရည် လုံလောက်မှုမရှိသေးသောကြောင့် အချိန်မီ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။” ဟု ရေးသားထောက်ပြသည်။​[]

ကိုးကား

[ပြင်ဆင်ရန်]
  1. "Myanmar Daily Post-Coup Update: June 3"၊ The Irrawaddy၊ 2021-06-04။
  2. 1 2 3 "Prominent Protest Leader Escapes Arrest by Myanmar Junta"၊ The Irrawaddy၊ 2021-04-20။
  3. "”ALL I OWN IS BOOKS'" (in en)၊ Progressive Voice၊ 2021-04-20။
  4. "အကြမ်းဖက်နှိပ်ကွပ်မှုကြားက စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဆက်နွှဲမည် (တေဇာဆန်း)" (in my)၊ VOA၊ 22 April 2021။
  5. 1 2 "Interview: ‘This Revolution is Something That Cannot be Stopped or Postponed’" (in en)၊ Radio Free Asia၊ 21 April 2021။
  6. "In Myanmar, Pair of Protest Activists Share Common Goal: Root Out Dictatorship"၊ The Irrawaddy၊ 2021-04-09။
  7. "Rallying hope for democracy (Part 3)" (in en)၊ jamaica-gleaner.com၊ 2021-04-07။
  8. "박종철인권상 받은 미얀마 시위지도자 "한국 응원 감사"" (in ko)၊ 매일경제၊ 2021-06-10 12 June 2021 တွင် ပြန်စစ်ပြီး Archived from the original on 10 June 2021။
  9. NUG မဖြစ်မနေ ပြောင်းလဲရန် လိုအပ်ဟု ဒေါက်တာတေဇာဆန်း ထောက်ပြ DVB Burmese။ ၁၀ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။