တူကန်းငှက်

ဝီကီပီးဒီးယား မှ
တူကန်းငှက် (Toucan)
Temporal range: 2–0 Ma
Early Pleistocene – recent
Clockwise from top-left: Toco toucan (Ramphastos toco), Plate-billed mountain toucan (Andigena laminirostris), Chestnut-eared aracari (Pteroglossus castanotis), White-throated toucanet (Aulacorhynchus albivitta).
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Piciformes
Infraorder: Ramphastides
မျိုးရင်း: Ramphastidae
Vigors, 1825
မျိုးစုများ

တူကန်းငှက် (Toucan) များကို ‌တောင်အမေရိကတိုက်အမေဇုံမြစ်ဝှမ်းတစ်‌လျှောက်တွင် အ‌မြောက်အမြား‌တွေ့ရသည်။ ထိုငှက်၏ အဓိကထင်ရှား‌သော ကိုယ်အင်္ဂါအစိတ်အပိုင်းမှာ ကြီး‌သောနှုတ်သီးပင်ဖြစ်၏။ သူ၏နှုတ်သီးသည် ဦး‌ခေါင်းနှင့် အဆမတန်ကြီးမား၍၊ ကိုယ်၏အချိုးအစားနှင့် မလိုက်‌ချေ။ ထိုသို့ကြီးမား‌သော နှုတ်သီးကို သယ်ထားရသော‌ကြောင့် တူကန်းငှက်သည် သန်စွမ်းခြင်းမရှိ‌ချေ။ လျှာမှာလည်း နှုတ်သီးကဲ့သို့ပင် ထူးခြား‌လေသည်။ လျှာ၏နံ‌ဘေးတွင် အထစ်က‌လေးများရှိသည်။ လျှာပြားသည်။ တူးကန်းငှက်၏ အမြီးနှင့်ကိုယ်ဆက်‌သော‌နေရာတွင် အရိုးလုံးရှိ၍၊ အမြီးကို ‌ကျောက်ကုန်း‌ပေါ်သို့ ဆတ်ခနဲမြှင့်တင်နိုင်သည်။ တူကန်းငှက်များတွင် ထိုကဲ့သို့ ထူးခြား‌သော နှုတ်သီးနှင့်လျှာရှိရသည်မှာ သစ်သီးကို သစ်ကိုင်းများအကြားမှ ဆွတ်ခူးနိုင်ရန်ဖြစ်သည်ဟု ယူဆရလေသည်။ တူကန်းငှက်၏ နှုတ်သီးမှာ ကြီး‌သော်လည်း အ‌လေးချိန်‌ပေါ့သည်။ တူကန်း၏ အ‌မွှေးအ‌တောင်များသည် အစိမ်း‌ရောင် အရင့်စားဖြစ်၏။ များသောအားဖြင့် အဖြူရောင်၊ လိမ္မော်ရောင်၊ အနီနှင့် အပြာ‌ရောင်များ ‌ရောယှက်‌နေသည်ကို ‌တွေ့ရလေသည်။ စိမ်းလဲ၍ ဝါ‌နေ‌သော မျက်စိရှိသည့်အပြင်၊ မျက်ရစ်မှာ ပြာ၍ ကျယ်‌လေသည်။ မျက်လုံးပတ်လည်တွင် လိမ္မော်ရောင် အ‌ရေပြားရှိ၏။ တူကန်းငှက်များသည် ကမ္ဘာ့အ‌နောက်ဘက်လုံးခြမ်းတွင်သာ ‌နေ‌သော ငှက်များဖြစ်သည်။ အမေဇုံမြစ်ဝှမ်းတွင် အများဆုံး ကျက်စားကြ၍၊ အ‌မေရိကန်အလယ်ပိုင်းနှင့် မက္ကဆီကို နိုင်ငံများတွင် တူကန်းငှက် အမျိုးအစားအချို့ကို‌တွေ့ရ၏။ စင်စစ်အားဖြင့် တူကန်းငှက်သည် ကမ္ဘာ‌ဟောင်းတွင်ရှိ‌သော ‌အောက်ချင်းငှက်နှင့် တူ‌လေသည်။ ထိုငှက်၏ အစာမှာ ပိုးမွှားများ၊ တွားသွားသတ္တဝါများနှင့် ‌ကောက်ပဲသီးနှံများဖြစ်သည်။ မကြာမကြာပင် တူကန်းငှက်တို့သည် လိမ္မော်ခြံများသို့ လာရောက်ကျက်စားတတ်ကြသဖြင့် လိမ္မော်ခြံများ ပျက်စီးကြရလေသည်။ အသိုက်ကို သစ်‌ခေါင်းများ၌ပြုလုပ်၍၊ ဥမှာ ဖြူ‌ဖွေးသည်။ အစာစား‌နေစဉ် ယင်း၏ နှုတ်သီးသည် တစ်‌ချောက်‌ချောက်မြည်လျက်ရှိသည်။ အသံမှာ စူးရှ၍ သာယာခြင်းမရှိ‌ချေ။ တူကန်းငှက်သည် အစုက‌လေးများဖွဲ့ကာ ‌နေထိုင်တတ်သည်။ ယဉ်ပါးလွယ်‌သော ငှက်မျိုးဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၄)