မာတိကာသို့ ခုန်သွားရန်

တိုးဂျိ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 34°58′50″N 135°44′52″E / 34.98056°N 135.74778°E / 34.98056; 135.74778

တိုးဂျိ
東寺
View of the Tō-ji complex
အချက်အလက်များ
တည်နေရာ1 Kujōchō, Minami-ku, Kyoto, Kyoto Prefecture
ဘာသာရေး နှီးနွယ်မှုTōji-Shingon
နတ်ဘုရားYakushi Nyorai (Bhaiṣajyaguru)
နိုင်ငံJapan
ဝက်ဘ်ဆိုဒ်http://www.toji.or.jp/
ဗိသုကာ
တည်ထောင်သူEmperor Kanmu
စတင်သည့်နှစ်796
ပြီးစီး1644 (Reconstruction)

တိုးဂျိကျောင်းတော် (東寺, Tō-ji, "East Temple") သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ မိနမိရပ်ကွက်တွင် တည်ရှိသည့် ရှင်ဂွန်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဤကျောင်းတော်၏ အမည်မှာ "အရှေ့ကျောင်းတော်" ဟု အဓိပ္ပါယ်ရသည်။

ကျောင်းတော်ကို ၇၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်လာသည့်အချိန်တွင် တည်ဆောက်ခွင့်ပြုခဲ့သည့် ကျောင်းတော်သုံးခုထဲတွင် တိုးဂျိသည် တစ်ခုအပါအဝင် ဖြစ်သည်။ ထိုကဲ့သို့ ရှည်လျားသည့် သမိုင်းကြောင်းရှိသည့်အတွက် ဟဲအိအန်ခေတ်ကာလအစောပိုင်းနှင့် Tang dynasty ခေတ်ကာလ အဖိုးတန်ရတနာများနှင့် စာရွက်စာတမ်းများ တည်ရှိသည်။ ဤကျောင်းတော်တွင် ခမခုရ၊ မုရိုမချိ၊ မိုမိုယာမနှင့် အဲဒိုခေတ်ကာလ အဆောက်အဦများ ရှိသည်။ ဤကျောင်းဝင်းထဲမှ အဆောက်အဦငါးခုသည် နိုင်ငံတော်၏ အဖိုးတန်ရတနာများအဖြစ် သတ်မှတ်ထားခြင်း ခံရသည်။

တိုးဂျိကျောင်းတော်ကို ၁၉၉၄ ခုနှစ်တွင် ကျိုတိုရှေးဟောင်းမြို့၏ သမိုင်းဝင်အမွေအနှစ်များ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

တိုးဂျိကို ဟဲအိအန်ခေတ်အစောပိုင်းတွင် တည်ထောင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ မြို့တော်ကို ဟဲအိအန်ခယောသို့ ရွှေ့ပြောင်းပြီး ၂ နှစ်အကြာ ၇၉၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဤကျောင်းတော်သည် မြို့တော်တည်ထောင်ပြီးနောက် မြို့တော်တွင် တည်ဆောက်ခွင့်ပြုခဲ့သည့် ကျောင်းတော်သုံးခုထဲမှ တစ်ခုလည်း ဖြစ်ပြီး ယခုအချိန်အထိ ကျန်ရှိနေသေးသည့် ကျောင်းတော်တစ်ခုလည်း ဖြစ်သည်။

တည်ဆောက်မှုများ

[ပြင်ဆင်ရန်]

ငါးထပ်ကျောင်းတော်

[ပြင်ဆင်ရန်]

အထပ်ငါးလွှာပါရှိသည့်ကျောင်းတော်ကို ၁၆၄၃ ခုနှစ် (အဲဒိုခေတ်) တွင် တည်ဆောက်ခဲ့သည်။ ၎င်းကျောင်းတော်ကို တတိယမြောက် တိုခုဝရှောဂွန်း က ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မူလတည်ဆောက်ခဲ့သည့် ကျောင်းတော်ကို ၉ ရာစုတွင် တည်ဆောက်ခဲ့ပြီး လက်ရှိကာလ ကျောင်းတော်မတည်ဆောက်မီအထိ ဖျက်ဆီးခံရပြီး ပြန်လည်တည်ဆောက်မှု လေးကြိမ်တိုင် ရှိခဲ့သည်။ ဤကျောင်းတော်ကို ၁၉၅၂ ခုနှစ်တွင် နိုင်ငံ၏ အဖိုးထိုက်တန်သည့်အရာတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ဤကျောင်းတော်သည် ၅၄.၈ မီတာ (၁၈၀ ပေ) မြင့်ပြီး ဂျပန်နိုင်ငံရှိ သစ်သားဖြင့် တည်ဆောက်ထားသည့် မျှော်စင်ပုံစံအဆောက်အဦများတွင် အမြင့်ဆုံး ဖြစ်သည်။ ကျောင်းတော်သို့ ဝင်ပေါက်မှတဆင့် ဝင်ရောက်မှုကို အထူးအခြေအနေများတွင်သာ ဝင်ရောက်ရန် ကန့်သတ်ထားရှိသည်။ သို့သော် အတွင်းထဲသို့ ဝင်ရောက်ခြင်းကို အမြဲတမ်းဖွင့်လှစ်ပေးထားပြီး အပြင်မှတဆင့် အတွင်းထဲရှိ အရာများကို မြင်တွေ့နိုင်သည်။ ဤကျောင်းတော်တွင် ရုပ်ကြွင်းများ၊ ပန်းပုလက်ရာများနှင့် ပန်းချီများ ရှိသည်။ မြေညီထပ်တွင် မတူညီသည့် အရပ်မျက်နှာများသို့ မျက်နှာမူထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို မြင်တွေ့နိုင်သည်။

ခွန်ဒို

[ပြင်ဆင်ရန်]

ခွန်ဒို သို့မဟုတ် ရွှေခန်းမဆောင်သည် ကျောင်းတော်၏ အဓိကခန်းမဖြစ်ပြီး ၁၆၀၃ ခုနှစ်ကာလ ယခုရှိရုပ်တုတစ်ခု တည်ရှိသည်။

မိအဲဒို

[ပြင်ဆင်ရန်]

မိအဲဒိုသည် ကျောင်းတော်ကို တည်ထောင်သူဖြစ်သည့် ခိုဘိုဒိုင်းရှိကို ရည်စူးကာ တည်ဆောက်ခဲ့သည်။ ခိုဘိုဒိုင်းရှိ ကို ခုခိုင်ဟုလည်း ခေါ်ကြသည်။ ဤကျောင်းတော်သည် မူလတည်နေရာ၌ပင် တည်ရှိသည်။ ဤကျောင်းဆောင်ကို လတစ်လချင်းစီ၏ (၂၁) ရက်နေ့တိုင်းတွင် ဖွင့်လှစ်ပြီး ခုခိုင်အတွက် အမှတ်တရပွဲများ ပြုလုပ်ကြသည်။

ကျောင်းတော်၏ မြေပြင်ညီနေရာများ

[ပြင်ဆင်ရန်]

ပစ္စည်းဟောင်းရောင်းသည့် လဟာပြင်ဈေး

[ပြင်ဆင်ရန်]

လစဉ် ၂၁ ရက်နေ့တွင် တိုးဂျိကျောင်းတော်ဝင်းထဲတွင် အဟောင်းဈေးတန်းကို ပြလုပ်ကြသည်။ ဤဈေးသည် ထင်ရှားပြီး "ခိုးဘိုး-ဆန်" ဟု ခေါ်ကြသည်။ ဤဈေးကို ကျင်းပကြသည်မှာ ခိုးဘိုးဒိုင်းရှိ (ခုခိုင်) ကို ဂုဏ်ပြုသည့်အနေဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ ခိုးဘိုးဒိုင်းရှိသည် အေဒီ ၈၃၅ ခု၏ တတိယမြောက်လ ၂၁ ရက် (အနောက်နိုင်ငံသုံးပြက္ခဒိန်ဖြင့် ဧပြီလ ၂၂ ) ရက်နေ့တွင် ဆုံးပါးသွားခဲ့သည်။ ဤဈေးတွင် စားစရာများ၊ အိုးများ၊ တစ်ပတ်ရစ်ပစ္စည်းများ၊ အနုပညာလက်ရာများ၊ အဝတ်အစားများနှင့် ရှေးဟောင်းပစ္စည်းများ ရောင်းချက်ကြသည်။ အကြီးမားဆုံးဖြစ်သည့် ဈေးရောင်းပွဲတော်ကိုမူ နှစ်တစ်နှစ်၏အဆုံး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြုလုပ်ကြသည်။ ဤဈေးနှင့်ဆင်တူသည့် ဈေးရောင်းပွဲကို ခိတနိုတန်းမန်းဂူးတွင်လည်း လစဉ် ၂၅ ရက်နေ့တွင် ကျင်းပကြသည်။ ကျိုတိုမြို့တွင် "တိုးဂျိဈေးတွင် သာယာပါက တန်းဂျင်းဈေးတွင် မိုးရွာသည်" ဟူသည့် ဆိုရိုးစကား ရှိသည်။ ဤဆိုရိုးစကားသည် ကျိုတို၏ ပြောင်းလဲလွယ်သည့် ရာသီဥတုအခြေအနေကို ဖော်ပြလျက်ရှိသည်။

ပိုပိုသေးငယ်ပြီး လူနည်းပါးသည့် ရှေးဟောင်းပစ္စည်းများရောင်းချသည့်ဈေးကိုလည်း တိုးဂျိတွင် လစဉ် ပထမဆုံးတနင်္ဂနွေနေ့တွင် ပြုလုပ်လျက်ရှိသည်။

ပွဲတော်များ

[ပြင်ဆင်ရန်]

၁၉၉၅ ခုနှစ်တွင် တိုးဂျိ၌ Yanni ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ကျင်းပခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို သတိရှိလာစေရန်ကျင်းပသည့် Live earth ဖျော်ဖြေပွဲ တစ်ခုကို ကျင်းပခဲ့ပြီး ၎င်းဖျော်ဖြေပွဲတွင် Bonnie Pink, Michael Nyman, Rip Slyme, UA နှင့် Yellow Magic Orchestra တို့ ပါဝင်ခဲ့ကြသည်။

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]