မာတိကာသို့ ခုန်သွားရန်

တိုင်ယာမြို့ ၊ လက်ဘနွန်

ဝီကီပီးဒီးယား မှ
တိုင်ယာမြို့
Tyre

صور
Tyr

ဆားဝါး(လက်ဘနွန်ပြင်သစ်ဘာသာ)
မြို့တော်
ရေထဲနစ်နေသော ရှေးခေတ်က တိုင်လုံးကြီးများကို ယနေ့ခေတ်မြို့တော် နောက်ခံဖြင့် တွေ့ရစဉ်
ရေထဲနစ်နေသော ရှေးခေတ်က တိုင်လုံးကြီးများကို ယနေ့ခေတ်မြို့တော် နောက်ခံဖြင့် တွေ့ရစဉ်
နိုင်ငံလက်ဘနွန်
ပြည်နယ်တောင်ပိုင်း
ခရိုင်တိုင်ယာ
တည်ထောင်ခြင်းဘီစီ ၂၇၅၀
ဧရိယာ
 • မြို့တော်၄ စတုရန်းကီလိုမီတာ (၂ စတုရန်းမိုင်)
 • မြို့ပြကြီး၁၇ စတုရန်းကီလိုမီတာ (၇ စတုရန်းမိုင်)
လူဦးရေ
 • မြို့တော်၆၀,၀၀၀
 • မြို့ပြကြီး၁၇၄,၀၀၀
Demonym(s)တိုင်ရီယန်
အချိန်ဇုန်EET (UTC+2)
 • နွေရာသီ (DST)EEST (UTC+3)
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်းiii, vi
ရွေးချယ်ခြင်း၁၉၈၄ အဋ္ဌမအကြိမ်
ရည်ညွှန်းနံပါတ်299
နိုင်ငံလက်ဘနွန်

တိုင်ယာမြို့ သည် ရှေးခေတ်အချိန်ကတည်းက ယနေ့အထိ လူတို့ ဆက်တိုက်နေထိုင်ခဲ့သော မြို့များတွင် တစ်မြို့အပါအဝင်ဖြစ်သည်။ သို့သော်လည်း အလယ်ခေတ်က ရာစုနှစ် အချို့တွင် လူအနည်းငယ်သာ နေထိုင်ခဲ့သည်။ ၎င်းသည် အစောဆုံး ဖိုနီးရှန်း မက်ထရိုပိုလစ် မြို့တော် တစ်ခုဖြစ်ပြီး ဒဏ္ဍာရီလာ ယူရိုပါ နတ်သမီး၊ သူမ၏ အစ်ကို ကက်ဒမတ်စ် နှင့် ဖီးနစ်တို့ မွေးဖွားရာဟု ဆိုကြပြီး ကာသေ့တိုင်းပြည်ကို တည်ထောင်သူ ဒီဒို (အယ်လစ်ဆာ) မွေးဖွားရာ နေရာလည်း ဖြစ်သည်။ မြို့တော်အတွင်း တိုင်ယာ ဟစ်ပိုဒရုန်း အပါအဝင် ရှေးခေတ်က နေရာ အမြောက်အမြား ရှိပြီး တစ်မြို့လုံးအား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၄ ခုနှစ်တွင် သတ်မှတ်စာရင်းသွင်းခဲ့သည်။ [၁] သမိုင်းပညာရှင် အားနပ်စ် ရီနန်က

"သင့်အနေနှင့် တိုင်ယာအား မြို့ပျက်ဟု ခေါ်နိုင်သလို အပျက်အစီးကြားမှ တည်ဆောက်ထားသောမြို့ဟုလည်း ခေါ်နိုင်သည်။"[၂]

ဟု ဆိုသည်။

ယနေ့ခေတ်တွင် တိုင်ယာသည် လက်ဘနွန်နိုင်ငံတွင် ဘေရွတ်မြို့၊ ထရီပိုလီမြို့၊ အလေးမြို့နှင့် ဆီဒုံမြို့တို့ပြီးလျှင် ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်သည်။[၃]၎င်းသည် တောင်ပိုင်းပြည်နယ် အတွင်းတွင် တိုင်ယာခရိုင်၏ မြို့တော်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် တိုင်ယာမြို့ပြ ဒေသ၌ လူဦးရေ ခန့်မှန်းခြေအားဖြင့် ၂၀၀,၀၀၀ ဦး ရှိပြီး ဒုက္ခသည်များလည်း အပါအဝင် ဖြစ်သည်။ [၄]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ World Heritage List: Tyre (2020)။ 13 March 2020 တွင် ပြန်စစ်ပြီး။
  2. ↑ Finlay၊ Victoria (2014)။ Colour: Travels Through the Paintbox။ London: Hachette UK။ ISBN 9780340733295။
  3. ↑ Tyre City, Lebanon။ 1 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 March 2020 တွင် ပြန်စစ်ပြီး။
  4. ↑ Maguire၊ Suzanne (2016)။ TYRE CITY PROFILE 12, 16, 33–34, 39–43, 57, 72။ UN HABITAT Lebanon။ 29 October 2019 တွင် ပြန်စစ်ပြီး။