တိရစ္ဆာန ကထာ
ပုံပန်းသွင်ပြင်
မဂ်ဖိုလ်မှ ဖီလာကန့်လန့်စကားရပ်ဟူသမျှသည် တိရစ္ဆာနကထာ ချည်းမည်၏၊ အနေက ဝိဟိတံ တိရစ္ဆာန ကထံဟု သီလက္ခန်ပေါဋ္ဌပါဒသုတ်၌ လာရှိသောကြောင့်လည်း တိရစ္ဆာနကထာကို ၃၂ ပါးဟု အတိအကျ သင်္ချာတပ်ရန်မလို။ သို့သော် ထို ပေါဋ္ဌပါဒသုတ် ပါဠိတော်မှပင် ၂၈ ပါးယူ၍ အခြားကျမ်းမှ ၄ ပါးနှင့် ၃၂ ပါးပြည့်အောင် ဖော်ပြနိုင်သည်။
တိရစ္ဆာန ကထာ ၃၂-ပါး
[ပြင်ဆင်ရန်]- ရာဇကထံ- မင်းနှင့်စပ်သောစကား၊
- စောရကထံသူခိုးနှင့်၎င်း၊
- မဟာမတ္ထကထံ- အမတ်ကြီး နှင့်၎င်း၊
- သေနာကထံစစ်သည်နှင့်၎င်း၊
- ဘယကထံ- ကြောက်မက်ဖွယ် နှင့်၎င်း၊
- ယုဒ္ဓကထံစစ်တိုက်ခြင်းနှင့်၎င်း၊
- အန္နကထံ- စားဖွယ်နှင့်၎င်း၊
- ပါနကထံသောက်ဖွယ် နှင့်၎င်း၊
- ဝတ္ထကထံ- အဝတ် နှင့်၎င်း၊
- သယနကထံအိပ်ရာနှင့် ၎င်း၊
- မာလာကထံ- ပန်း နှင့်၎င်း၊
- ဂန္ဓကထံနံ့သာမွှေးထုံနှင့် ၎င်း၊
- ညာတိကထံ-ဆွေမျိုးနှင၎င်း၊
- ယာနကထံ-ယာဉ်နှင့်၎င်း၊
- ဂါမကထံ- ရွာနှင့်၎င်း၊
- နိဂမကထံနိဂုံးနှင့်၎င်း၊
- နဂရကထံ- မြို့နှင့်၎င်း၊
- ဇနပဒကထံ- နယ်နှင့်၎င်း၊
- ဣတ္ထိကထံ- မိန်းမနှင့် ၎င်း၊
- ပုရိသကထံ- ယောက်ျားနှင့်၎င်း၊
- သူရကထံ- သူရဲကောင်းနှင့် ၎င်း၊
- ဝိသိခါကထံမြို့တွင်း လမ်းနှင့်၎င်း၊
- ကုမ္ဘ ဌာနကထံ- ရေခပ်ဆိပ်နှင့်၎င်း၊
- ပုပ္ဗေတကထံ- သေလွန်သူနှင့်၎င်း၊
- နာနတ္တကထံ- အထွေထွေနှင့်၎င်း၊
- လောကက္ခာယိကံ- လောကကြောင့်နှင့် ၎င်း၊
- သမုဒ္ဒက္ခာယိကံသမုဒ္ဒရာပင်လယ်နှင့်၎င်း၊
- ဣတိဘဝါဘဝကထံ- ကြီးပွားဆုတ်ယုတ်ခြင်း နှင့်၎င်း၊
- ဂမိကကထံ- ခရီးသည် နှင့်၎င်း၊
- ကုမာရကထံ လူပျိုနှင့် ၎င်း၊
- ကုမာရီကထံ- အပျို နှင့်၎င်း၊
- ကုမ္ဘဒါသီကထံရေရွက်ကျွန်မနှင့် စပ်သောစကား။
ကိုးကား
[ပြင်ဆင်ရန်]
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |