မာတိကာသို့ ခုန်သွားရန်

တိပုပ္ဖိယ

ဝီကီပီးဒီးယား မှ

အရှင်တိပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

အရှင်တိပုပ္ဖိယထေရ် သည် တော၌ မုဆိုးတစ်ဦး ဖြစ်၏။ ထိုမုဆိုးသည် ဝိပဿီမြတ်စွာဘုရား၏ သခွတ်ဗောဓိပင်ကို ဖူးမြင်ရ၍ ပန်းသုံးပွင့်တို့ဖြင့် ကြဲမြှောက်ကာ ပူဇော်ခဲ့၏။ ထို့နောက် ကြွေကျနေသော ဗောဓိရွက်တို့ကို ကောက်ယူကာ အပြင်၌ စွန့်ပစ်၏။ ထိုသို့ သခွတ်ဗောဓိပင်ကို ရှိခိုးပူဇော်မှု ပြုပြီးသောအခါ ထိုအပင်ရင်း၌ပင် သေဆုံးခဲ့၏။[]

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် ဗောဓိပင်ကို ပူဇော်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့အပြင် သုံးဆယ့်သုံးကမ္ဘာထက်တွင်လည်း “သမန္တပါသာဒိက” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်သုံးကြိမ် ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်တိပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဓာဝဂ်