တိဏဟတ္ထ

ဝီကီပီးဒီးယား မှ

တိဏဟတ္ထ(တိဏကိရဏမုဒြာ)

လက်တဖက်ဖြင့် ဖြစ်စေ, လက်နှစ်ဖက်ဖြင့် ဖြစ်စေ, မြက်တမျိုးမျိုးကို ဆုပ်ကိုင်ထားလျှင် တိဏဟတ္ထ ပုံတော် ဖြစ်သည်။

သောတ္ထိယ မြက်ရိတ်သမားက လှူဒါန်းအပ်သော မြက်ဆုပ်များကို လက်ခံတော်မူဟန် လက် ဖဝါးနှစ်ဖက်ကို အပြင်သို့ လှန်ချပြထားလျှင်သော်၎င်း မြက်ဆုပ်ကို ကြဲဖြန့်ဟန် ပြုနေလျှင်သော်၎င်း တိဏကိရဏမုဒြာ = မြက်ဆုပ် ကြဲဖြန့်ပုံတော်ဟူ၍ ခေါ်ပါသည်။ သို့မဟုတ် သာမန်တိဏဟတ္ထ ပုံတော်ဟုလည်း အမည်တပ်ကြသည်။

မုဒြာဟတ္ထ ပုံတော်မျိုး၏ မနီးမဝေးတွင် ညောင်ပင်နှင့် မြက်ထမ်းသမားပုံကို တွေ့ရတတ်သည်။ သို့မဟုတ် ငလျင်လှုပ်ဟန်, ပလ္လင်ပေါက်လာဟန်ပုံများကိုလည်း တွေ့ရတတ်ပါသည်။ ပုံစံအားဖြင့် ပုဂံမြို့ အာနန္ဒာဘုရားတွင်းရှိ သောတ္ထိယမြက်ရှစ်ဆုပ် လှူခန်းတွင် တိဏဟတ္ထ ပုံတော်များကို ဖူးတွေ့နိုင်ပါသည်။

ပုဂံ နဂါးရုံဘုရားတွင်လည်း အလားတူပုံများကို တွေ့ရပါသည်။

အဓိဋ္ဌာနပါရမီ, ဒါနပါရမီ, သစ္စာပါရမီတို့ကို ဖော်ညွှန်းပါသည်

အဗ္ဘုတရသ, သန္တရသတို့ကို ပေါ်လွင်စေပါသည်။

ဒါနဉ္စမင်္ဂလ, ပုဗ္ဗေ စ ကကပုညတာမင်္ဂလာ, ပူဇာစမင်္ဂလာ, ပဋိရူပဒေသဝါသ မင်္ဂလာတို့ကို သရုပ်ဖော်ဆောင်သည်ဟု ဆိုပါသည်။

တိဏဟတ္ထ ပုံတော်ရုပ်ပွား ဆင်းတုများကိုကိုးကွယ်သူသည် အကြံအစည် အောင်မြင်ခြင်း, ဆုထူး လာဘ်ထူးကို ရခြင်း, ကံကောင်းခြင်း, စည်းစိမ်တိုးတက်ခြင်း, ရာထူးဌာနန္တရ အသစ်ရရှိခြင်း, တန်းခိုး သိဒ္ဓိအထူးကို ပိုင်ဆိုင်ခြင်း, အလိုဆန္ဒပြည့်ဝခြင်း, နေထိုင်စရာ အိမ်ကျောင်းဇရပ် အဆောက်အဦများ ရလွယ်ခြင်း, လယ်ယာကိုင်းကျွန်း ဖြစ်ထွန်း အောင်မြင်ခြင်း, သီးနှံစပါးပေါများ ကြွယ်ဝခြင်း စသော အကျိုးထူးများကို ရနိုင်သည်ဟု တန္တရာယာနကျမ်းဂန်များ၌ ဖွင့်ဆို ဖော်ပြထားပါသည်။ ကုသဟတ္ထ နှင့် သဘောသဘာဝခြင်း တူညီပါသည်။[၁]

[၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. OBEP. plate 202 d. Nagayon Pagoda plate 295 a.b.c.d. Ananda Pagoda plate 296 a.-do- (Niches 69, 70, 71. 72, 73, .) သီလက္ခန္ဓဋီကာသစ်-ပ-နှာ-၂၄၀’(အဋ္ဌ ကုသတိဏမုဋ္ဌိယောဂဟေတွာ)
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ