တာ့ခမ်ဂိတ်

ဝီကီပီးဒီးယား မှ

တာ့ခမ်ဂိတ် (Prakrit languages: تورخم‎) သည် ပါကစ္စတန်နိုင်ငံတာ့ခမ်မြို့နှင့် အာဖဂန်နစ္စတန်နိုင်ငံအကြား နယ်စပ်ဂိတ်တခု ဖြစ်ပြီး နှစ်နိုင်ငံ၏ နိုင်ငံတကာပိုင်နက်မျဉ်းပေါ်တွင် ရှိသည်။ အာဖဂန်နစ္စတန်နိုင်ငံ၊ နာဂါဟာပြည်နယ်နှင့် ပါကစ္စတန်၏ ခီဘာ ပါတွန်ခွါပြည်နယ်တို့ကို ဆက်ပေးသည်။ နှစ်နိုင်ငံကူးသန်းရောင်းဝယ်မှု အဓိကဝင်ထွက်ရာဖြစ်ပြီး ကုန်တင်ကုန်ချစခန်းများလည်း ဂိတ်အနီးတွင် ရှိသည်။ အာဖဂန်နစ္စတန်ဘက်တွင် အမှတ် (၇) အဝေးပြေးလမ်းမသည် တာ့ခမ်မြို့မှ ဂျလာလာဘက်မြို့ကိုဖြတ်ကာ မြို့တော် ကဘူးထိ ရောက်သည်။ ပါကစ္စတန်ဘက်တွင် တာ့ခမ်မှထွက်လာသော လမ်းမှာ အန်(၅) အမျိုးသားအဝေးပြေးလမ်းမကြီးပေါ်တွင် အဆုံးသတ်သည်။ ယင်းလမ်းမကြီးမှာ အရှေ့ဘက် ပက်ရှဝါမှသည် ခီဘာတောင်ကြားကိုဖြတ်ကာ အခြားလမ်းကြောင်းများမှတဆင့် မြို့တော် အစ္စလာမာဘက်သို့ ရောက်နိုင်သည်။ အာဖဂန်နယ်ခြားစောင့်ရဲနှင့် ပါကစ္စတန်ရှေ့တန်းနေတပ်ဖွဲ့တို့မှ ယင်းဂိတ်ကို ဟိုဘက်ဒီဘက် စောင့်ကြပ်နေ၏။ နှစ်ဖွဲ့စလုံးမှာ စစ်တပ်လက်အောက်ခံများ ဖြစ်သည်။

၂၀၂၁ ခု၊ ဩဂုတ်လ ၁၅ ရက်တွင် တာ့ခမ်ဂိတ်ကို တာလီဘန်တို့က စီးနင်းကာ ၂၀၂၁ တာလီဘန်ထိုးစစ်များကြောင့် ဒုတိယမြောက်ဆုံးရှုံးရသော နယ်စပ်ဂိတ်ဖြစ်လာသည်။ ပါကစ္စတန်ဘက်မှ တုံ့ပြန်မှုအဖြစ် ယင်းတို့ဘက်ကို ပိတ်ထားသည်။

ကိုးကား[ပြင်ဆင်ရန်]