တလုတ်ချရေတံခွန်

ဝီကီပီးဒီးယား မှ

တလုတ်ချရေတံခွန်သည် ဒလပင်ကျေးရွာ (ထန်းလှပင်ကျေးရွာ)၊ ရွာငံမြို့နယ်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်ကြီးခရိုင်ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ ဒလပင်ကျေးရွာ၏ မြောက်ဘက်တွင် တည်ရှိပြီး လတ္တီကျု လောင်ဂျီကျု 21°16'04.5"N 96°29'54.4"E အရပ်တွင် ရှိသည်။ တလုတ်ချရေတံခွန်သို့ ရွာငံမြို့နယ် ရေဦးကျေးရွာမှတစ်ဆင့် သိမ်ကုန်း−အင်းကြီး−ဒလပင် လမ်းအတိုင်း သွားရောက်နိုင်သည်။ ဒလပင်ကျေးရွာမှ (၃)မိုင်ခန့်ကွာဝေးပြီး ရေတံခွန်အောက်ခြေအထိ ကားလမ်းဖြင့်သွားရောက်နိုင်သည်။ တလုတ်ချရေတံခွန်သည် အမြင့်ပေ ၃၇၅ ပေ မြင့်မားသည်။ တလုတ်ချရေတံခွန်တွင် ဒလပင်ကျေးရွာမှ ကိုယ်ထူကိုယ်ထ တပ်ဆင်ထားသော 30KVA ရေအားလျှပ်စစ်စက်ရုံလည်း ရှိသည်။ ရေအားလျှပ်စစ်စက်ရုံကို ၂၀၀၃ ခုနှစ်တွင် စတင်အကောင်ထည်ဖော်ခဲ့ပြီး စက်ရုံဖွင့်ပွဲကို ရှမ်းပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်မြင့်မှ လာရောက်ဖွင့်လှစ်ပေးခဲ့သည်။ တလုတ်ချရေတံခွန်တွင် နားနေဆောင်များနှင့် အဆာပြေစားသောက်နိုင်သည့် မုန့်နှင့်အစားအသောက်ရောင်းချပေးသည့် ဈေးဆိုင်လည်းရှိသည်။

ကိုးကား[ပြင်ဆင်ရန်]