တမ်းပလိတ်:POTD/၂၀၁၈-၀၈-၂၃

ဝီကီပီးဒီးယား မှ
ယနေ့အထူးဓာတ်ပုံ
သံဖြူဇရပ် စစ်သင်္ချိုင်း
သံဖြူဇရပ် စစ်သင်္ချိုင်း သည် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံး ဖွင့်လှစ်ခဲ့သည့် စစ်သင်္ချိုင်းဖြစ်ပြီး မွန်ပြည်နယ်သံဖြူဇရပ်မြို့တွင် တည်ရှိသည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန် စစ်သုံ့ပန်းများအဖြစ် မြန်မာ-ယိုးဒယား(ထိုင်း) နယ်စပ် မီးရထားလမ်း ဖောက်လုပ်စဉ် သေဆုံးခဲ့ကြသည့် ဗြိတိသျှ စစ်မှုထမ်းများ၊ ဩစတြေးလျ စစ်မှုထမ်းများ၊ ဒတ်ခ်ျ စစ်မှုထမ်းများနှင့် အာရှချွေးတပ်သား စုစုပေါင်း ၃၇၇၁ ဦးကို မြှုပ်နှံထားသည့် စစ်သင်္ချိုင်းကြီး ဖြစ်သည်။ ယင်းစစ်သင်္ချိုင်းကို ၁၈ ဒီဇင်ဘာ ၁၉၄၆ က ဗိုလ်ချုပ် အောင်ဆန်းနှင့် ဘုရင်ခံဆာ ဟူး ဘတ်ရန့် တို့ လာရောက် ဖွင့်လှစ် ပေးခဲ့သည်။ဓာတ်ပုံ - Phyo WP