တတိယနံမော်ဆရာတော်

ဝီကီပီးဒီးယား မှ

ရှင်ဝိနန္ဒာသဘ (၁၁၃၈-၁၂xx) သည် သာယာဝတီမင်းလက်ထက်တွင် "တတိယနံမော်ဆရာတော်"[မှတ်စု ၁] ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

နံမော်ဆရာတော်ကို ၁၁၃၈ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ငယ်စဉ်အခါကပင် သာမဏေဝတ်ခဲ့၍ ပျို့များစွာကို ရေးသားခဲ့သည်။ ထို့နောက်တွင် ဥဘတောဝိဘင်းပြန် အရှင်အာသဘာလောကကို ဥပဇ္ဈာယ်ပြု၍ ရဟန်းပြုခဲ့သည်။

ထို့နောက်တွင် မင်းကြီးမဟာသက်တော်ရှည်တိုက်တွင်လည်းကောင်၊ ဆင်တဲဆရာတော် အစရှိသည့် ကျမ်းတတ်ပုဂ္ဂိုလ်များထံတွင် ပိဋကတ်ကို သင်ယူခဲ့သည်။ ဆရာတော်သည် ဝိနည်းကို အထူးလေးစားတော်မူ၏။

ဆရာတော်သည် မန်းကျည်းချောင်းရွာကျောင်း၊ မြစ်သားမြို့နယ် ခြံကြီးကွေ့ရွာ အုတ်ပြာသာဒ်ကျောင်းများ၌ သီတင်းသုံးတော်မူခဲ့သည်။ ထို့ပြင် ရှမ်းပြည် ရပ်စောက်မြို့၊ ရွှေအင်တောင် အနောက်ခင်ရိုးရွာတိရွာ ပန်တင်ဂူ (ပဏ္ဍင်္ဂု) အနီး နံမော်ရွာကျောင်းတွင် သီတင်းသုံးတော်မူခဲ့သည်။

ဆရာတော်သည် ဒုတိယနံမော်ဆရာတော်၏ တပည့်လည်း ဖြစ်သည်။[၁]

ကျမ်းများပြုစုခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

  1. သီလဝိသောဓနီ (၁၁၉၉)
  2. ကထိနဝိနိစ္ဆယ
  3. သီမဝိနိစ္ဆယ
  4. ဒေသနာကံ၊ ဝုဋ္ဌာနကံအစီအရင်
  5. လောကဓမ္မပျို့ (၁၁၅၃) (နာထာနာထချီ)
  6. ပရာဘဝပျို့ (ဌာနဌာနချီ)
  7. သာဓုစာရီပျို့ (နရာနရချီ)
  8. သင်္ကပ္ပပျို့ (မဟာဝံသချီ)
  9. မဃဒေဝပျို့[မှတ်စု ၂] (အနောပမချီ)။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. ပထမနံမော်ဆရာတော်မှာ ဆုံထားဆရာတော်၏ တပည့် ရှင်သာရမဉ္ဇူဖြစ်၍ ဒုတိယနံမော်ဆရာတော်မှာ ရှင်ဓမ္မပါလ ဖြစ်သည်။
  2. မန်လည်ဆရာတော်၏ မဃဒေဝလင်္ကသည် ပျို့သစ်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၂၊ ၁၇၃။