တစ်ထောင့်တစ်ညပုံပြင်များ

ဝီကီပီးဒီးယား မှ
Arab world

This article is part of the series:
Arab culture

ပြင်သစ်နိုင်ငံ ပါရီ အမျိုးသား စာကြည့်တိုက်တွင် သိမ်းဆည်း ထားသည့် ၁၄ ရာစုနှစ်မှ တစ်ထောင့်တစ်ည ပုံပြင် စာအုပ် လက်ရေးစာမူ။

တစ်ထောင့်တစ်ညပုံပြင်များ (Kitāb alf laylah wa-laylah) အာရဗီပုံပြင်စာအုပ် သည် အရှေ့အလယ်ပိုင်းဒေသနှင့် တောင်အာရှမှ ပုံပြင်များကို အစ္စလမ် ရွှေခေတ်တွင် စုပေါင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အင်္ဂလိပ်ဘာသာတွင် အာရေးဘီးယန်း ညများဟု လူသိများပြီး ပထမဆုံး အင်္ဂလိပ်ဘာသာပြန်စာအုပ် (၁၇၀၆)မှာ ‘‘အာရေးဘီးယန်း ညများ ဖျော်ဖြေမှု’’ ဖြစ်သည်။ ယင်းပုံပြင်များကို အာရပ် ဘာသာဖြင့် 'Al Raud al atir wa nuzht al khatir' ဟု ခေါ်ဆိုကြ သည်။ ပါရှန်တို့သည် ပုံပြင်အချို့ကို အိန္ဒိယတို့ထံမှ ရရှိခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဘဂ္ဂဒက်နှင့် အီဂျစ်တို့ထံမှ ပုံပြင်အချို့ကိုလည်း မူလပုံပြင်တွင် ဖြည့်စွက်ခဲ့ကြသည်။ ပသီပုံ ပြင်များတွင် ဥရောပတိုက်၌ ရှားလမိန်းဘုရင် တန်ခိုးဩဇာ ကြီးထွားချိန်နှင့် အရှေ့ဖျားနိုင်ငံများတွင် အပြိုင် နန်းစံခဲ့ကြသည့် ဟာရွန်းအယ်ရာရှစ် ဘုရင်ကြီးစိုးချိန်က အဖြစ်အပျက် များစွာ ပါဝင်နေပါသည်။ ပုံပြင်ဟု ဆိုရသော်လည်း ပသီပုံပြင်များထဲတွင် အာရေဗျ ယဉ်ကျေးမှုများ ထင်ဟပ်နေ၏။

ပုံပြင်များကို စာရေးဆရာများ၊ ဘာသာပြန်များ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာရှအလယ်ပိုင်းနှင့် မြောက်အာဖရိက ရှိ ပညာရှင်များမှ ရာစုနှစ်ပေါင်းများစွာ ရှာဖွေစုဆောင်းခဲ့သည်။ ပုံပြင်များသည် ရှေးဟောင်း အာရေဗျ၊ ပါရှား၊ အိန္ဒိယ၊ တူရကီ၊ အီဂျစ် နှင့် မီဆိုပိုတားမီးယန်း စာပေများကို အမြစ်ခံထားသည်။ ထို့အတူ ပုံပြင်များစွာ၏ မူရင်းမှာ ကာလီဖိတ်ခေတ်မှဖြစ်သည်။ အခြားပုံပြင်များမှာ အင်ဒီးယန်းအကြောင်းကို အနည်းငယ်မှီငြမ်းသည့် ဟက်ဇာ အက်ဆန် (တစ်ထောင်ပုံပြင်) မှ ရေးဆွဲထားခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းပျံ့နှံ့စေသူ[ပြင်ဆင်ရန်]

တစ်ထောင့်တစ်ည ပသီပုံပြင်များကို ကမ္ဘာတစ်ဝန်း ပျံ့နှံ့စေခဲ့သူမှာ ပြင်သစ်တက္ကသိုလ်မှ အာရေဗျဘာ သာဆိုင်ရာ ပါမောက္ခ အော်န်ထွိန်း ဂဲလွန် (Antoine Galland) ဖြစ်သည်။ သူသည် ပသီပုံပြင်များကို အာရေဗျဘာသာမှ ပြင်သစ်ဘ သာသို့ ပြန်ဆိုကာ ၁၇၀၄ ခုနှစ်တွင် အတွဲ ၁၂ တွဲ ခွဲ၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။ ရှေးအခါက ဘဂ္ဂဒက်မြို့ ဈေးနှင့် ပွဲလမ်းသဘင်စသည့် လူ စည်ကားရာ နေရာများတွင် ပြောဆို လေ့ရှိကြသော ပုံပြင်များကို ဦးစွာ စုစည်းပေးခဲ့သူဖြစ်သည်။ ထိုစဉ်က ပသီပုံပြင်နှစ်ရာကျော်ကို စုစည်းနိုင် ခဲ့သည်ဆို၏။

မြန်မာစာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးခြင်း[ပြင်ဆင်ရန်]

ခရစ်နှစ် ၁၈၉၆ ခုနှစ်တွင် အလျားရှစ်လက်မခွဲ၊ အနံ ငါးလက်မ အရွယ်ရှိ စာမျက်နှာ ၆၆၁ မျက်နှာပါ 'ပသီပုံပြင် ဝတ္ထုကြီးပဌမတွဲ' အမည် ဖြင့် စာအုပ်ကြီး ပေါ်ထွက်လာပါ သည်။ ကတ်ထူ အဝတ်ဖုံး ရွှေစာလုံး ဖြင့်ခန့်ညားစွာ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တန်ဖိုးမှာ ငါးကျပ်ဖြစ်သည်။ ယင်း စာအုပ်ကို ရေးသားပြုစုခဲ့သူမှာ ဆရာဝန်ကြီး ဦးဖိုးသာဇံပင်ဖြစ်သည်။ ထိုစဉ်က ပထမဆုံးဘာသာ ပြန်စာအုပ်အဖြစ် ပေါ်ထွက် လာသော ပသီပုံပြင် ဝတ္ထုကြီးစာအုပ်ကို လူကြိုက်များခဲ့ကြသည်။ သို့သော် စာဖတ်ပရိသတ် အများစုမှာ ဝယ်ယူ ဖတ်ရှုနိုင်ကြခြင်း မရှိသဖြင့် ၁၈၉၉ ခုနှစ်တွင် ရန်ကုန်မြို့ ဗြိတိသျှဘားမား ပုံနှိပ်တိုက်က ပုံပြင် ရှစ်ပုဒ်ကိုရွေး ထုတ်ကာ တစ်ကျပ်တန် စာအုပ်အဖြစ် ရိုက်နှိပ်ပေးခဲ့သည်။

ယင်းစာအုပ်နှင့် ပတ်သက်၍ ဆရာကြီး သခင်ဘသောင်းက 'လွန်ခဲ့သော အနှစ် ၂ဝ ခန့် (၁၉၂၉ ခုနှစ်ဝန်းကျင်) က ပသီပုံပြင် စာအုပ်ကို ဘားနာဒ်ပိဋကတ်တိုက် တွင်တွေ့ဖူးရာ ထိုစာအုပ်မှာ ခပ်သိမ်း သောသတ္တဝါ၊ ခပ်သိမ်းသောအရာ တို့၏ နည်းတူမမြဲသော သဘောကို မလွန်ဆန်နိုင်သဖြင့် ရေးသူနှင့် ပုံနှိပ် သူ၏အမည်ကို ဆောင်သော အဖုံး လည်းမရှိ၊ အစအဆုံးဖတ်ရန် စာမျက်နှာလည်းမပြည့်စုံ၊ အကိုင်အတွယ်ရ ခက်လောက်အောင် စာရွက်တို့လည်း ရော်ဝါကြွပ်ကျိုးလျက် ရှိနေကြောင်း' ဆိုသည်။

ပြဋ္ဌာန်းစာအုပ်[ပြင်ဆင်ရန်]

တစ်ထောင့်တစ်ညပုံပြင် ရှစ်ပုဒ်အား ထုတ်နုတ်လျက် ပုံနှိပ်ထုတ်ဝေလိုက်သည့် စာအုပ်ကို ထိုခေတ်အခါက ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်း ခဲ့သည်။ ယင်းစာအုပ်ပါ ပုံပြင် ရှစ် ပုဒ်မှာ အလီဘာဘာနှင့် ခိုးသားလေးဆယ်အကြောင်း၊ ခရီးသည် သုံးယောက်တို့ အကြောင်း၊ ကမာရတ် ဇမန်မင်းသားနှင့် ပဒေါင်းရာ မင်းသမီး အကြောင်း၊ ဆင်းတဘက်နှင့် သူဆင်းရဲကူလီ၏ အကြောင်း၊ အာလာဒင်နှင့် ဣစ္ဆာသယမှန်အိမ် အကြောင်း၊ ကြေးဝါမြို့ကြီး၏ အကြောင်း၊ ညီမငယ်အား မနာလို ဝန်တိုခြင်းဖြစ်ကြသော ညီအစ်မတို့ အကြောင်း၊ မဟာမက်မင်းသမီးနှင့် ဘရီတနောင် နတ်သမီးတို့အကြောင်း တို့ဖြစ်ကြ၏။ ထူးခြားသည်မှာ ဦးဖိုးသာဇံ၏ ပသီပုံပြင်စာအုပ်ကို နမောတဿ ဘုရားရှိခိုးဖြင့် စတင် ထားခြင်းဖြစ်သည်။ [၁]

အထူးသဖြင့် ပုံပြင် အများစုသည် ကာလီဖိတ်ခေတ်မှ ပုံပြင်များ ဖြစ်ပြီး၊ အဖွင့် ပုံပြင်သည် ပါလဗီ ပါရှန် ပုံပြင် Hazār Afsān (ပါရှန်ဘာသာ هزار افسان‎, ပုံပြင်တစ်ထောင်) မှ ဆွဲယူ ထားသည်။ တစ်ထောင့်တစ်ည ပုံပြင်များ မူကွဲ တိုင်းတွင် အဖွင့် ပုံပြင်ဖြစ်သော ဘုရင်ကြီး ရှာရယာ (ပါရှန်ဘာသာ شهريار ဘုရင်) နှင့် မိဖုရား ရှဟာရာဇက်ဒ် (ပါရှန်ဘာသာ شهرزاد အမျိုးမြတ်သူ) တို့နှစ်ဦး၏ ဇာတ်လမ်း ဇာတ်ကွက်များနှင့် ဆက်စပ်ပါရှိနေခြင်းသည် အမြဲ တူညီကြသည်။ ပုံပြင်များသည် ဤ ပုံပြင်မှ ဆက်စပ်ပြီး တစ်ခုပြီး တစ်ခု ပှောပောက် လာသည်၊ အချို့ မူ များတွင် ပုံပြင် ရာ ဂဏန်းသာ ပါပြီး အချို့ တွင်ကား ၁၀၀၁ ခု အထိ ပါဝင်သည်၊ ပိုသည်များပင် ရှိသည်။ The Nights တွင် ပါဝင်သော အရှေ့အလယ်ပိုင်း အခြေခံသော ပုံပြင်စစ်များ ဖြစ်ကြသော အာလာဒင်နှင့် မီးခွက်ဆန်း၊ အလီဘာဘာနှင့် ခိုးသား လေးဆယ်၊ ဆင်းဘဒ်၏ ခရီးရှည် ခုနစ်ခောက် တို့သည် အာရဗီ မူများတွင် မတွေ့ရပါ၊ နောင်အခါမှ အော်န်ထွိန်း ဂဲလွန် နှင့် အခြား ဥရောပ ဘာသာ ပြန်သူတို့က ဖြည့်သွင်း ထားလိုက်ကြသည်။ အာရဗီ မူ များတွင် ရှဟာရာဖက်ဒ် ၏ ပြောင်မြောက်သော သရုပ်ဖှော၊ ကြွယ်ဝသော အဖွဲ့၊ ကဗျာသီကုံးမှု၊ သီချင်း၊ ညည်းခြင်း၊ ဓမဿမတေး၊ ခယဝပ်တွားခြင်း၊ ဘုန်းတော်ဘွဲ့ချီးမွမ်းခြင်း၊ အသနားခံခြင်း၊ ပဟေဠိ၊ မှတ်ချက် ပေးခြင်း တို့သည် အားလုံး အတူတူပင် ပါဝင်ကြသည်။ အချို့ မူများတွင် တစ်ကြောင်းသာ ရှိသော ကဗျာ တိုတိုသည် အချို့မူ များတွင် စာကြောင်းများစွာ ပါဝင်ကာ ရှည်လျား နေတတ်သည်။

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ပသီပုံပြင်များ၏ နိဒါန်းအစ ပျိုးပုံမှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ရှေးအခါက ပါရှန်ဘုရင် ရှာလီယာမင်း (Shahryar) သည် နေ့စဉ်မိဖုရား တစ်ပါးတင်မြှောက်လေ့ရှိပြီး ယင်းမိဖုရားအား နောက်တစ်နေ့တွင် ကွပ်မျက်ပစ်တတ်သည် ဆို၏။ ယင်းဓလေ့ကို ဖျောက်ဖျက်ပစ်လိုသူ ရှီဟာ ရာဇတ် (Scheherazade) မင်းသမီးက မိဖုရားအဖြစ် ခံယူကာ မင်္ဂလာဦး ညတွင် ဘုရင်မင်းမြတ်အား ပုံပြင် တစ်ပုဒ်ပြောပြသည်။ ဘုရင်စိတ်ဝင်စားသည့် နေရာသို့ ရောက်သောအခါ မိဖုရားက ပုံပြင်ကိုရပ်ပစ်ကာ နောက် တစ်နေ့ညမှ ဆက်ပြောမည်ဟု ဆို၏။ ဤသို့ဖြင့် အာလာဒင် အကြောင်း၊ အလီဘာဘာနှင့် ခိုးသားလေးဆယ် အကြောင်း၊ သင်္ဘောသားဆင်းဘတ် အကြောင်းစသည်ဖြင့် ပုံပြင်များ ပြောပြသွားသည်မှာ တစ်ထောင့်တစ်ညပင် တိုင်ခဲ့သည်ဆိုသည်။ ဘုရင်မင်းမြတ်သည် ပုံပြင်ဒဏ္ဍာရီများကို များစွာသဘောကျ နှစ်ခြိုက်သည့်အလျောက် မိဖုရား ရှီဟာရာဇတ်အား များစွာချီးမွမ်းကာ အသက်ဘေးမှ ချမ်းသာပေးခဲ့သည်။

မိဖုရား ရှဟာရာဖက်ဒ် က ဘုရင်ကြီး ရှားရယာ ကို ပုံပြင်များ ပြောနေပုံ အဖွင့်ပုံပြင်တွင် ပါရှန် ဘုရင်ကြီး နှင့် သတို့သမီး တို့ အကြောင်း ပါဝင်သည်။ သူသည် သူ့ ခယ်မတှော၏ ဖောက်ပြန်မှုကို မျက်ဝားထင်ထင် တွေ့မြင်ရသောအခါ ယူကျုံးမရ အံ့ဩ ဒေါသထွက်ရသည်၊ တစ်ခါ သူ့ မိဖုရားကြီး၏ ဖောက်ပြန်မှုကို တွေ့ပြန်သောအခါ ပိုမို တုန်လှုပ် ရတော့သည်၊ မိဖုရားကြီးကို ချက်ချင်း ကွပ်မျက်လိုက်သည်၊ ခါးသီးလှသော အမုန်းတရား၏ စေစားမှုဖြင့် မိန်းမအားလုံး အတူတူပဲဟု ဆုံးဖြတ် မိတော့သည်။ သို့ဖြင့် ရှားရယာ မင်းကြီးသည် အပျိုစင် တစ်ယောက်စီ နေ့စဉ် ကောက်‌ေတာ်မူပြီး နံနက် လင်းသော် မဖောက်ပြန် နိုင်သေးခင် သတ်တှောမူ လေတော့၏၊ တဖြည်းဖြည်းနှင့် နန်းရင်းဝန် (ဝန်ကြီးချုပ်) ဝိဇီယာရ် သည် တိုင်းနိုင်ငံ အတွင်းတွင် အပျိုစင်မ ရှာမရ လောက်အောင် ရှားပါး လာတော့၏။ နန်းရင်းဝန် တွင် ရှဟာရာဇက်ဒ် အမည်ဖြင့် သမီး အပျိုစင် တစ်ယောက် ရှိ၏၊ သူ့ ဖခင်ကြီး အပျို ရှာမရ၍ ရန်အရှာ မခံ ရလေအောင် သူ့ကိုသာ ဆက်သလိုက်ပါ ဆို၏၊ နန်းရင်းဝန် ငိုလေ၏၊ ရှဟာရာဇက်ဒ်က အတင်း ပြော လာသော အခါ ဆက်သရန် သဘောတူကာ မင်းကြီး ထံ မိမိ၏ သမီး အရင်းကို သေရမည်မှန်း သိသိဖြင့် ဆက်လေ၏။ မင်္ဂလာဦးည ရောက်လေလျှင် ရှဟာရာဇက်ဒ်က မင်းကြီးကို ပုံပြင်တစ်ပုဒ် စတင် ပြော၏၊ ပုံပြင် ကား အဆုံး မသတ်ပေ၊ မင်းကြီးလည်း ပုံပြင် အဘယ်သို့ အဆုံးသတ်မည်ကို သိလိုသဖြင့် ကွပ်မျက်မည့် အစီအစဉ်ကို ရွှေ့ဆိုင်း ထား၏၊ နောက် တစ်ည တွင် ပုံပြင်ကို ဆက်၍ ပြော၏၊ ပုံပြင် အဆုံးတွင် နောက် ပုံပြင် တစ်ခု စပြန်၏၊ မင်းကြီးလည်း ပုံပြင် အဘယ်သို့ အဆုံးသတ်မည်ကို သိလိုသဖြင့် ကွပ်မျက်မည့် အစီအစဉ်ကို ရွှေ့ဆိုင်း ထားပြန်၏၊ ဤသို့လျှင် ရှေ့ညက ပုံပြင်ကို နောက်ညမှ အဆုံးသတ်၊ နောက် တစ်ည အတွက် အစပျိုး ထားခဲ့၊ နောက်တစ်ည တွင်လည်း ရှေ့ညက ပုံပြင်ကို နောက်ညမှ အဆုံးသတ်၊ နောက် တစ်ည အတွက် အစပျိုး ထားခဲ့သဖြင့် ၁၀၀၁ ည တိုင် တော့၏။ ပုံပြင်များသည် သမိုင်း ပုံပြင်များ၊ အချစ် ပုံပြင်များ၊ ကံဆိုးပုံများ၊ ဟာသများ၊ ကဗျာများ၊ သ‌ေရာ်ချက်များ၊ လိင်စိတ်နိုးထစေသော ပုံပြင်များ ပါဝင်သည်။ ပုံပြင်များတွင် သရဲများ၊ သဘက်များ၊ တစေ္ဆများ၊ မှော်ဆရာများ၊ ပဉ္စလက် ဆရာများ၊ ဂနဿဓာရီဆန်ဆန် နေရာများ၊ တစ်ခါတစ်ရံ ဤ နေရာများသည် လူတို့ အနီး ရှိသယောင် ဖှောပြချက်များ ပါဝင် လေ့ ရှိသည်၊ ပုံပြင် များ တွင် ပါဝင်သော သူရဲကောင်း များသည် အဘာဆစ်ဒ် ကလစ်ဖ် ဟာရွန် အာလ်ရာရှစ်၊ ဝိဇီယာရ်၊ ဂျဖား အာလ်ဘာမကိ နှင့် ကဗျာဆရာ အဗူနျူဝာ့စ် တို့ ဖြစ်ကြသည်၊ ထို သူများ သည် ရှဟာရာဇက်ဒ် ၏ ပုံပြင်များ အခြေပြုရာ ဆဆန်နိ မင်းဆက် အတွင်းက နေထိုင် ခဲ့ကြ သူများ ဖြစ်သည်။ တစ်ခါတစ်ရံ ရှဟာရာဇက်ဒ် ၏ ပုံပြင်ထဲမှ ဇာတ်ကောင်များသည် အခြား ဇာတ်ကောင်ကို ပုံပြင် ပြောတတ်ကြ သေးသည်၊ တစ်ခါ ထို ပုံပြင်၏ ပုံပြင်ထဲတွင်လည်း ပုံပြင် ပြော တတ်သေးသည်၊ ဤ သို့ဖြင့် အဆင့်များစွာ ပါဝင် ဖွဲ့စည်း ထားသည်။

ပုံပြင်တစ်ခု မူကွဲ တစ်ခုနှင့် တစ်ခု အဆုံးသတ်ပုံ မတူကြပေ၊ (အချို့ပုံပြင်များတွင် ရှဟာရာဇက်ဒ်က တောင်းပန် ထားသည်၊ အချို့ပုံပြင်များတွင် ဘုရင်က ကလေးတွေကို ထောက်ထားသဖြင့် မိဖုရားကို မသတ်ကြောင်း အဆုံး သတ်ထားသည်၊ အချို့ပုံပြင်များတွင် ဘုရင်က တွေဝေ နေသည်)၊ သို့သှော ပုံပြင် အားလုံးသည် မိဖုရားကို ဘုရင်က မသတ်ခြင်းဖြင့် အဆုံးသတ်သည်။ ပုံပြင်ပြောသူ (ရှဟာရာဇက်ဒ်) သည် သည်းထိပ်ရင်ဖို အခန်းများကို ခေတ်သစ် မူကွဲများတွင် တွေ့ရသည်၊ အခြေအနေ အများစုတွင် ပုံပြင်သည် ဇာတ်လိုက်သည် လေပြင်းမုန်တိုင်း ကျရောက် နေချိန်၊ သို့မဟုတ် ကြီးစွားသော အခက်အခဲကို တွေ့ကြုံ ရင်ဆိုင်နေချိန်တွင် အဆုံးသတ် ရပ်နားလေ့ ရှိသည်၊ တစ်ခါတစ်ရံ အစ္စလာမ် ဘာသာ အတွေးအ‌‌ေခါ်မျာ း အငြင်းပွားနေစဉ်၊ သို့မဟုတ် လူတစ်ယောက်၏ အပျော်ရွှင်ဆုံး အချိန် တို့တွင်လည်း ရပ်နား တတ်သေးသည်၊ စင်စစ်တွင်ကား ဤ ရပ်နားရာ နေရာသည် သူ့ အတွက် နောက်တစ်ရက် အသက်ရှင်ခွင့်ကို ပေးမည်ဟု ယူဆ နိုင်သော နေရာ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Weekly Eleven Journal , Vol.4 , no.20 (၂၃ရက်နေ့၊ဖေဖော်ဝါရီလ၊ ၂၀၀၉ ခု ထုတ်)