မာတိကာသို့ ခုန်သွားရန်

အလီဘာဘာနှင့် ခိုးသားလေးဆယ်

ဝီကီပီးဒီးယား မှ
အလီဘာဘာနှင့် ခိုးသားလေးဆယ်
ဂူထဲ၌ရှိသော အလီဘာဘာ၏ အကို ကေးစင် (မက်စ်ဖီး ပါးရစ်ရှ် - ၁၉၀၉)
မူလခေါင်းစဉ်علي بابا والأربعون لصا‎
အတွဲတစ်ထောင့်တစ်ညပုံပြင်များ
အမျိုးအစားရိုးရာပုံပြင်
ထုတ်ဝေခြင်း၁၈ ရာစု
စာသားဝီကီရင်းမြစ် ပေါ်ရှိ အလီဘာဘာနှင့် ခိုးသားလေးဆယ်

အလီဘာဘာနှင့် ခိုးသားလေးဆယ် (အာရပ်: علي بابا والأربعون لصا; အင်္ဂလိပ်: Ali Baba and the Forty Thieves) သည် ရိုးရာပုံပြင်တစ်ပုဒ်ဖြစ်၍ ၁၈ ရာစုတွင် ပြင်သစ်ဘာသာပြန်ဆိုသူ အော်ထွိန်း ဂဲလွန် က ၎င်း၏ဘာသာပြန် စာအုပ် 'တစ်ထောင့်တစ်ညပုံပြင်များ' ထဲသို့ ထည့်သွင်းခဲ့သည်။ ဂဲလွန်သည် ဤဇာတ်လမ်းကို ပုံပြောသူ ဟာနာ ဒီယတ်ဘ် ထံမှသိရှိခဲ့သည်။ အာရေးဘီးယန်းညများ ထဲက အရင်းနှီးဆုံး ပုံပြင်ဇာတ်လမ်းတစ်ခုအဖြစ် ဤပုံပြင်ကို အထူးသဖြင့် ကလေးငယ်များအတွက် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခြင်း၊ တင်ဆက်ခြင်းများရှိခဲ့သည်။ ကလေးများအတွက် ဇာတ်လမ်းမှ ကြမ်းတမ်းသော အပိုင်းများကို များသောအားဖြင့် ထည့်သွင်းဖော်ပြခြင်းမရှိပေ။

မူရင်းပုံပြင်မူတွင် အလီဘာဘာ (အာရပ်: علي بابا ʿAlī Bābā) သည် ဆင်ရဲသော သစ်ခုတ်သမားတစ်ဦးဖြစ်ပြီး သူခိုးများ၏ လျှို့ဝှက်နေရာကို ရှာဖွေတွေ့ရှိခဲ့ကာ မှော်စကား 'Open Sesame' ဖြင့် ဝင်ရောက်ခဲ့သည်။ သူခိုးများက အလီကို သတ်ရန်ကြိုးသားခဲ့သော်လည်း အလီ၏ သစ္စာရှိသော အိမ်စေမိန်းကလေးက သူခိုးတို့၏ အစီအစဉ်ကို နှောက်ယှက်ခဲ့သည်။ အလီ၏ သားက ထိုမိန်းကလေးကို လက်ထပ်ခဲ့ကာ အလီဘာဘာက ရတနာသိုက်၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. editors။ Ali Baba and the Forty Thieves, Asian literature 24 September 2020 တွင် ပြန်စစ်ပြီး။