တင်ဦး (ကလေးအထူးကုဆရာဝန်)

ဝီကီပီးဒီးယား မှ
ပါမောက္ခ ဒေါက်တာ

တင်ဦး
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း
တာဝန်သက်တမ်း
၁၉၉၂ – ၁၉၉၅
ယခင်လူလှနွယ်
ဆက်ခံသူလှဘူး
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း
တာဝန်သက်တမ်း
၁၉၈၅ – ၁၉၈၈
ယခင်လူခင်မောင်ညိမ်း
ဆက်ခံသူသက်ထားဝေ
ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၁၉၈၅ – ၁၉၉၁
ယခင်လူဖေသိန်း
ဆက်ခံသူမောင်ကျော်
ညွှန်ကြားရေးမှူးချုပ်၊ ဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၁၉၈၃ – ၁၉၈၅
ယခင်လူကျော်မောင်
ဆက်ခံသူဖေသိန်း
ပါမောက္ခ/ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်
တာဝန်သက်တမ်း
- – -
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1930-05-21)မေ ၂၁၊ ၁၉၃၀
ကွယ်လွန်ဇန်နဝါရီ ၂၄၊ ၂၀၀၆(2006-01-24) (အသက် ၇၅)

ပါမောက္ခဒေါက်တာတင်ဦးသည် မြန်မာ ကလေးအထူးကုဆရာဝန်ကြီး တစ်ဦးဖြစ်ပြီး အဖ ဦးတင်အန်း၊ အမိ ဒေါ်အေးစိန်တို့က ၂၁ မေ ၁၉၃၀ တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ဆေးပညာဘွဲ့ MBBS ကို ၁၉၅၃ ခုနှစ်တွင် ဆေးပညာမဟာဌာန၊ ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် Royal College of Physicians and Surgeons, London မှ DCH ဘွဲ့၊ Royal College of Physicians, Edinburgh မှ MRCP ဘွဲ့နှင့် ၁၉၇၂ ခုနှစ်တွင် Royal College of Physicians, Edinburgh မှ FRCP ဘွဲ့များကို ရရှိခဲ့သည်။ ပါမောက္ခ၊ ဌာနမှူး၊ ကလေးကျန်းမာပညာဌာန၊ ဆေးရုံအုပ်ကြီး၊ ရန်ကုန်ကလေးဆေးရုံကြီးညွှန်ကြားရေးမှူးချုပ်ဆေးပညာဦးစီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးဦးစီးဌာန စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း တာဝန်ကို ၁၉၈၅ မှ ၁၉၈၈ အထိ ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကွယ်လွန်သည်။[၁][၂][၃][၄][၅][၆] အမည်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသည့်အခါ Tin U ဟု ရေးသည်။

ပထမဆုံးများ[ပြင်ဆင်ရန်]

ဒေါက်တာသိန်းအုပ်ကျော်မြင့် ရေးသော မြန်မာဆေးလောက၏ ဦးဆောင်များ[၇] တွင် ဒေါက်တာတင်ဦးသည် Royal College of Physicians of Edinburgh, UK မှ MRCP (Paediatrics) ဘွဲ့ကို ပထမဆုံးရရှိခဲ့သော မြန်မာလူမျိုးဖြစ်သည်။ ထို့ပြင် ရန်ကုန်ကလေးဆေးရုံကြီး၏ ပထမဆုံး ဆေးရုံအုပ်၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန် တို့၏ ပထမဆုံး ပါမောက္ခ၊ ဌာနမှူးလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။[၈]

အမျိုးသားစာပေဆု[ပြင်ဆင်ရန်]

၁၉၈၀ ခုနှစ်၊ အမျိုးသားစာပေဆု၊​ သုတပဒေသာ (သိပ္ပံနှင့် အသုံးချသိပ္ပံ) ကို ကလေးကျန်းမာရေးအတွက် ရှုထောင့်အထွေထွေ စာအုပ်ဖြင့် ရရှိခဲ့သည်။ ကလောင်အမည်မှာ ဒေါက်တာတင်ဦး (ကလေးဆေးရုံကြီး) ဖြစ်သည်။[၉]


ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar Medical Association
  2. မြန်မာနိုင်ငံဆရာဝန်အသင်း
  3. Past Presidents of The Myanmar Medical Association
  4. Prof U Tin U (Child Health)။ 21 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 December 2020 တွင် ပြန်စစ်ပြီး။
  5. မြန်မာနိုင်ငံကြက်ခြေနီအသင်း ၇၅ နှစ်မြောက်အထိမ်းအမှတ် စိန်ရတုမဂ္ဂဇင်း။ ရန်ကုန်: မြန်မာနိုင်ငံကြက်ခြေနီအသင်း။ ၂၀၁၅။ p. ၁၅။
  6. Who's Who in Health and Medicine in Myanmar: a biographical dictionary of men and women who have contributed to the development of health and medicine in Myanmar since independence (1948)။ ရန်ကုန်: Department of Health Planning, Ministry of Health, Myanmar။ ၂၀၀၃။ p. စာမျက်နှာ ၆၉၅။
  7. The Pioneers of Medicine in Burma။ 21 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 December 2020 တွင် ပြန်စစ်ပြီး။
  8. Prof U Tin U (Child Health)။ 21 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 December 2020 တွင် ပြန်စစ်ပြီး။
  9. အမျိုးသားစာပေဆုရစာအုပ်စာရင်း