တင်အောင်နီ (ကာတွန်း)

ဝီကီပီးဒီးယား မှ

မြန်မာကာတွန်းဆရာတစ်ဦးဖြစ်သူ ကာတွန်းဦးတင်အောင်နီကို (၁၉၄၅)ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်တွင် မွေးဖွား ခဲ့သည်။ အဖ ဦးကြွေ၊ အမိ ဒေါ်ခင်ငြိမ်းတို့၏ သားဖြစ်သည်။ မအူပင်ဇာတိ ဖြစ်သည်။ ကာတွန်းပညာကို ကာတွန်း ဦးမောင်လွင် (ငထက်ဖျား) နှင့် ဦးသိန်းဟန်တို့ထံတွင် လေ့လာသင်ကြားခဲ့သည်။ (၁၉၆၄)ခုနှစ်၊ ကာတွန်းစုံစာစောင်တွင် ကာတွန်းစတင်ရေးဆွဲခဲ့သည်။ “ပြာလောင်”ဇာတ်ကောင်အမည်ဖြင့် ရေး ဆွဲသော ကာတွန်းရုပ်ပြစာအုပ်များဖြင့် အထူးအောင်မြင်ထင်ရှားသည်။ ယနေ့အချိန်အထိ စာနယ်ဇင်းများတွင် ကာတွန်းများ ရေးဆွဲလျက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကာတွန်းဝင်းအောင်၏ မြန်မာကာတွန်းပေါင်းချုပ်