တင်ဝင်းလှိုင်
| စန္ဒရားတင်ဝင်းလှိုင် | |
|---|---|
| မွေးဖွား | ၁၉၄၆ |
| ကွယ်လွန် | ၁၄ ဇူလိုင်၊ ၂၀၂၂ (အသက် ၇၅–၇၆) ရန်ကုန်မြို့ |
| Notable instruments | |
| စန္ဒရား | |
စန္ဒရားတင်ဝင်းလှိုင် (၁၉၄၆-၂၀၂၂) သည် မြန်မာ့ဂီတလောကနှင့် ရုပ်ရှင်လောကတွင် ထင်ရှားကျော်ကြားခဲ့သည့် စန္ဒရားပညာရှင်၊ ဂီတမှူး၊ တေးရေးဆရာနှင့် သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ၎င်းသည် အမျိုးသားရေးစိတ်ဓာတ်ထက်သန်သည့် တေးသီချင်းများစွာကို ဖန်တီးခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုနှစ်ခု ရရှိခဲ့သူဖြစ်သည်။
ငယ်ဘဝနှင့် အနုပညာခရီးအစ
[ပြင်ဆင်ရန်]စန္ဒရားတင်ဝင်းလှိုင်ကို ၁၉၄၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၀၇) တွင် ရန်ကုန်မြို့၌ အဖ ပဒေသာဦးမျိုးနိုင်နှင့် အမိ ဒေါ်တင်တင်လှိုင်တို့က မွေးဖွားခဲ့သည်။ အသက်ဆယ်နှစ်ကျော်အရွယ်ကတည်းကပင် စန္ဒရားလက်သံဆု ရရှိခဲ့သည့် ထူးချွန်သော ဂီတပါရမီရှင်တစ်ဦးဖြစ်သည်။ ဒါရိုက်တာ သာဓု ရိုက်ကူးခဲ့သည့် "တာဝန်" ရုပ်ရှင်ဇာတ်ကားတွင်လည်း သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။
ထင်ရှားသော လက်ရာများ
[ပြင်ဆင်ရန်]စန္ဒရားတင်ဝင်းလှိုင်သည် မြန်မာသံ ကိုယ်ပိုင်သံစဉ် သီချင်းများစွာကို ရေးသားခဲ့သည့်အပြင် ကိုယ်တိုင်လည်း သီဆိုခဲ့သည်။ ၎င်း၏ အထင်ရှားဆုံးနှင့် လူသိအများဆုံး လက်ရာမှာ မြန်မာဂန္ထဝင်တေးသံရှင် မာမာအေး သီဆိုခဲ့သော "ချမ်းမြေ့ပါစေ" သီချင်းဖြစ်သည်။
ထို့ပြင် ၎င်းသည် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ၏ နောက်ခံတေးသီချင်းများ၊ ဇာတ်ဝင်တေးသီချင်းများကို ပုံဖော်တီးခတ် ဖန်တီးပေးခဲ့သည့် ဂီတပညာရှင်တစ်ဦးလည်း ဖြစ်သည်။
ရရှိခဲ့သော ဆုများ
[ပြင်ဆင်ရန်]စန္ဒရားတင်ဝင်းလှိုင်သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု နှစ်ခုကို ရရှိခဲ့သည်။
၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် "ကြယ်စင်မော်ကွန်း" ဇာတ်ကားဖြင့် အကောင်းဆုံး နောက်ခံတေးဂီတဆု ရရှိခဲ့သည်။
၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် "ကွမ်းလုံရက် ၄၀" ဇာတ်ကားဖြင့် အကောင်းဆုံး နောက်ခံတေးဂီတဆု ထပ်မံရရှိခဲ့သည်။
ထို့အပြင် ၎င်းသည် ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တွင် နိုင်ငံတော်မှ ချီးမြှင့်သည့် လူမှုထူးချွန် (ဒုတိယ) အဆင့်ကိုလည်း ရရှိခဲ့သည်။[၁]
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၂-ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်၊ မနက် (၁)နာရီ (၂၀)မိနစ်တွင် ကျောက်ကပ်ရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၆)နှစ်အရွယ် ရှိပြီဖြစ်သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အကယ်ဒမီနှစ်ဆုရှင် စန္ဒရားတင်ဝင်းလှိုင် ဇူလိုင် ၁၄ ရက်တွင် ကွယ်လွန်။ Eleven Media။ ၂၀၂၅-၇-၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့ကြသည့် အနုပညာနယ်ပယ်အသီးသီးမှ ထင်ရှားသူများ။ Eleven Media (1 January 2023)။ 2025-7-23 တွင် ပြန်စစ်ပြီး။