တက္ကသိုလ်မောင်မောင်ကြီး
တက္ကသိုလ် မောင်မောင်ကြီး | |
---|---|
မွေးဖွား | မောင်မောင်ကြီး ၁၉၁၄ |
ကွယ်လွန် | ၁၉၈၂ (အသက် ၆၇–၆၈) |
အလုပ်အကိုင် | မြန်မာစာပါမောက္ခ |
ပညာရေး | မဟာဝိဇ္ဇာဘွဲ့ |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
စာပေအမျိုးအစားများ | ဘာသာရေး၊ ပင်ကိုရေး၊ ဘာသာပြန် |
တက္ကသိုလ်မောင်မောင်ကြီး သည် မြန်မာနိုင်ငံသား စာရေးဆရာတစ်ဦး ဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်သည်။ အမည်အရင်းမှာ ဦးမောင်မောင်ကြီး ဖြစ်သည်။ ငယ်စဉ်က ဧကရီဝိတိုရိယ မိန်းကလေးကျောင်းနှင့် ရန်ကုန်ဟိုက်စကူးကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာဂုဏ်ထူးတန်းတက်ပြီး ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြဆရာကလေးအဖြစ် စတင်ဆောင်ရွက်ပြီး ရာထူးအဆင့်ဆင့်တိုးမြှင့်ကာ မြန်မာစာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူသည်။ စာပေဆိုင်ရာ၊ ပညာရေးဆိုင်ရာ တာဝန်အမျိုးမျိုးကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
တက္ကသိုလ်မောင်မောင်ကြီးသည် ဘာသာစာပေ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများ၊ ကိုယ်တွေ့ဖြစ်ရပ်ဆောင်းပါးများ၊ ပင်ကိုရေးဝတ္ထုများ၊ ဘာသာပြန်ဝတ္ထုများနှင့် ပုံပြင်များ ရေးသားခဲ့သည်။ တက္ကသိုလ်မောင်မောင်ကြီး၏ စာပေများတွေ စာမျက်ရှု၊ မြန်မာစာသင်ကြားရေး၊ အုတ်မြစ်တစ်လွှာ၊ အသုံးချမြန်မာစာ၊ မြန်မာစကားပြေသမိုင်းစသည့် ဘာသာစာပေရေးရာ စာအုပ်များ၊ အချစ်အလွမ်း စွန့်စားခန်း၊ ဂျင်ဂျစ်ခန်စသည့် ဘာသာပြန်ဝတ္ထုများ ပါဝင်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နဝမတန်း − မြန်မာစကားပြေ။ ပညာရေးဝန်ကြီးဌာန။