(ရုပ်ရှင်)

ဝီကီပီးဒီးယား မှ

အခြေခံအချက်အလက်
ဒါရိုက်တာထူးပိုင်ဇော်ဦး
စာရေးသူထူးပိုင်ဇော်ဦး
သရုပ်ဆောင်
  • ညိမ်းသော်
  • ချမ်းမင်းရဲထွဋ်
  • အောင်ရဲထိုက်
  • Russell
  • နက်ရှိုင်းကို
  • နန်းထရေစီ
  • မိုးယသော်
  • မေဆူးမောင်
  • နန်းခေးမို
  • မြတ်နိုးအေး
ဂီတမှူးRachel Tayza
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ၂၈ ဇူလိုင် ၂၀၁၇ (၂၀၁၇-၀၇-၂၈)
ထုတ်ဝေသူGood Old Days

ရုပ်ရှင်သည် ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးသည့် သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သည်။[၁] မျက်နှာသစ်ဇာတ်ဆောင် ၁၀ ဦးနှင့် ရိုက်ကူးထားသည်။[၂] လူငယ်များအကြား စနောက်ရာမှ စတင်သည့် နာကြည်းမှု၊ ပြဿနာနှင့် ကြုံလာလျှင် ကြောက်ရွံ့ကာ သွေးကွဲတတ်မှု တို့ကို ပိုင်နိုင်စွာရိုက်ကူးပြသနိုင်သည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ဇာတ်ကား၏ အကွက်တိုင်းကို ပရိသတ်အား ဆွဲဆောင်နိုင်ရန် ရိုက်ကူးထားသည်။ လူတို့၏ဖြစ်တတ်သော သဘောသဘာဝ၊ သူတစ်ပါးအား အရှက်ရစေလောက်သည့် စနောက်ခြင်းကြောင့် ဖြစ်လာနိုင်သော အကျိုးဆက်များကို ပညာပေး၍ လှပစွာရိုက်ကူးထားသည်။ ဤဇာတ်ကားကို ၂၀၁၇ ခုနှစ် အကယ်ဒမီပေးပွဲ၌ မည်သည့်ဆုမျှ မရရှိသည့်အတွက် ပရိသတ်များအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

ထူးပိုင်ဇော်ဦး၏ ပထမဦးဆုံးဇာတ်ကားဖြစ်ပြီး ဇာတ်ညွှန်းရေးခြင်း၊ ပြင်ဆင်ခြင်း၊ ရိုက်ကွင်းသစ်များရှာခြင်းအတွက် ၃ နှစ်ခန့် အချိန်ယူခဲ့ရသည်။ လာရောက်လျှောက်ထားသူ ၃၀၀ ဦးမှ သရုပ်ဆောင် အသစ် ၁၀ ယောက် ရွေးချယ်ကာ ၅ လခန့် သရုပ်ဆောင်မှုအတွက် လေ့ကျင့်ခဲ့ကြသည်။ သရုပ်ဆောင်များမှာလည်း အသစ်များဖြစ်၍ စကားပြောခန်းကို သက်တောင့်သက်သာ သိပ်မရှိသည်မှအပ သရုပ်ဆောင်မှုပိုင်နိုင်လှ၍ ပရိသတ်များ အံ့ဩခဲ့ရသည်။ ရုံမတင်မီကပင် အနုပညာရှင်များကပါ ဝန်းရံခဲ့သည်။ အထူးပွဲပြသသောနေ့တွင် နာမည်ကျော် အနုပညာရှင်များစွာ လာရောက်ခဲ့ကြသည်။

မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မားရေးအတွက် ရုပ်ရှင်လောကနှင့်ပရိသတ်များ အခြေအတင်ဖြစ်နေချိန်၌ ဇာတ်လမ်းဇာတ်အိမ်ပိုင်နိုင်လှသည့် ဇာတ်ကားထွက်လာခြင်းဖြစ်၍ ပရိသတ်များစွာ အားပေးခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် ဧပြီလတွင် ရုံတင်၍ ပြန်လည်ပြသခဲ့သည်။[၃]

အနှစ်ချုပ်[ပြင်ဆင်ရန်]

လူငယ်များအကြား စနောက်ရာမှ ဖြစ်လာသော အကြောင်းအရာများကို ရိုက်ကူးထားသည်။ ညိမ်းသော်အား ထရေစီမှ တစ်ဖက်သက်ကြိုက်နေသည်။ ညိမ်းသော်နှင့်သူငယ်ချင်းများက ထရေစီ့ကို ဧပြီဖူးလ် အဖြစ် စနောက်ရာ ထရေစီ အရှက်ရကာ စိတ်နာသွားလေသည်။ ရပ်ဆဲလ်နှင့် မြတ်နိုးအေးမှာ ရည်းစားများဖြစ်ကာ မိုးယသော်မှာ သူတို့၏ မင်္ဂလာပွဲ စီစဉ်ရန် ကူညီပေးနေသော မြတ်နိုးအေး၏ သူငယ်ချင်းဖြစ်သည်။ မိုးယသော်တွင် နက်ရှိုင်းကို ဟူသော အဖေတူအမေကွဲမောင်တစ်ယောက် ရှိသည်။ ဖခင်၏ နောက်အိမ်ထောင်ပြုမှုကြောင့် စိတ်ဒဏ်ရာရနေသော မိုးယသော်သည် မိထွေး(နက်ရှိုင်းကိုမိခင်)၏ ဓာတ်ပုံကို ဖျက်ဆီးရာ နက်ရှိုင်းကိုတစ်ယောက် သူ့အစ်မကို နာကြည်းသွားသည်။ တစ်ရက်တွင် နက်ရှိုင်းကိုနှင့် ထရေစီတို့ တွေ့ဆုံမိကြပြီး ပူးပေါင်းမိသွားကာ အဖွဲ့နှစ်ဖွဲ့ကို ရန်တိုက်ပေးခြင်းဖြင့် ကလဲ့စားချေလေတော့သည်။ ဤဇာတ်လမ်းတွင် ရုတ်တရက်ဖြစ်လာသော အခြေအနေများအပေါ်မူတည်၍ ပြောင်းလဲတတ်သောတတ်သော လူတို့၏ သဘောသဘာဝတို့ကို ပညာသားပါပါ ရိုက်ကူးထားသည်။

ရိုက်ကူးခြင်း[ပြင်ဆင်ရန်]

သရုပ်ဆောင်များ၏ နာမည်အရင်းများကိုပင် ဇာတ်ကောင်နာမည်များအဖြစ် အသုံးပြုထားသည်။ ပထမအဖွဲ့

  • ညိမ်းသော်-အစအနောက်သန်သော လူငယ်တစ်ဦး
  • အောင်ရဲထိုက်-နန်းခေးမို၏ ချစ်သူ
  • ချမ်းမင်းရဲထွဋ်-ချမ်းသာသော သူတစ်ဦးဖြစ်ကာ နိုင်ငံခြားတွင် ပညာသွားသင်မည့်သူ
  • မေဆူးမောင်-ညိမ်းသော်၏ ချစ်သူ
  • နန်းခေးမို-အောင်ရဲထိုက်၏ ချစ်သူ

ကြားလူ

  • ထရေစီ-ညိမ်းသော်ကို တစ်ဖက်သက်ချစ်နေသူ
  • နက်ရှိုင်းကို-မိုးယသော်၏ အဖေတူအမေကွဲမောင်

ဒုတိယအဖွဲ့

  • ရပ်ဆဲလ်-မြတ်နိုးအေး၏ ချစ်သူ
  • မြတ်နိုးအေး-ရပ်ဆဲလ်၏ ချစ်သူ
  • မိုးယသော်-မြတ်နိုးအေး၏ သူငယ်ချင်း

ကိုးကား[ပြင်ဆင်ရန်]