ညောင်တန်းရွာ၊ ခမောက်စု

ဝီကီပီးဒီးယား မှ
ညောင်တန်း
ညောင်တန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ညောင်တန်း
ညောင်တန်း
ညောင်တန်း တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 17°31′01″N 95°14′33″E / 17.51695°N 95.24253°E / 17.51695; 95.24253
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ဟင်္သာတခရိုင်
မြို့နယ်လေးမျက်နှာမြို့နယ်
ကျေးရွာအုပ်စုခမောက်စု[၁]

ညောင်တန်းရွာ သည် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စု ကျေးရွာအုပ်စုဝင် ဖြစ်သည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

ရွာအနီးရှိ အင်းဘေးတွင် ညောင်ပင်များ တန်းလျက် ပေါက်နေသောကြောင့် ညောင်တန်းဟု တွင်သည်။ ရွာ၏သက်တမ်းမှာ နှစ် ၁၀၀ ခန့် ရှိပြီဟု သိရသည်။ [၂]

အိမ်ခြေ[ပြင်ဆင်ရန်]

ရွာတည်စတွင် အိမ်ခြေ ၁၅၊ လူ ၄၅ ဦးမျှဖြင့် စခဲ့သည်။ ကရင်၊ ဗမာတို့ အဓိကနေထိုင်သည်။

၂၀၁၆ ခုတွင် အိမ်ခြေ ၃၄၊ လူ ၁၆၅ ယောက်ရှိသည်။

လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အဦများ[ပြင်ဆင်ရန်]

ဆေးရုံ/ဆေးပေးခန်း[ပြင်ဆင်ရန်]

မရှိ။ အနီးရှိ ရွာမသို့ သွားရောက်ကုသသည်။

ကျောင်း[ပြင်ဆင်ရန်]

မရှိ။ အနီးရှိရွာများသို့ လွှတ်၍ သင်ကြားစေသည်။

သုဿာန်[ပြင်ဆင်ရန်]

ရွာအနီးတွင် ရှိသည်။

သဘာဝဘေးဒဏ်များ[ပြင်ဆင်ရန်]

၁၉၇၅[ပြင်ဆင်ရန်]

မုန်တိုင်းတိုက်သဖြင့် ရွာလုံးကျွတ် (အိမ်ခြေ ၃၀ မျှ) ပျက်စီးသည်။ ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ခဲ့သည်။

၁၉၉၁[ပြင်ဆင်ရန်]

ထိန်ငူတာ ကျိုးသဖြင့် ရေကြီးရေလျှံဖြစ်ကာ ရွာလုံးကျွတ် (အိမ်ခြေ ၃၀ ကျော်) ပျက်စီးသည်။ ရွာအပြင် လယ်များလည်း ရေမြုပ်သဖြင့် ပြန်လည်ထူထောင်ရန် အချိန်ယူခဲ့ရသည်။ အစိုးရအထောက်အပံ့ အနည်းငယ်ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. GAD, Feb 2011
  2. "လူထုဗဟိုပြုစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၆ Archived 30 July 2021 at the Wayback Machine."။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန။