ညီညီထွေး
ဦးညီညီထွေး (၂၅ မတ် ၁၉၇၀ မွေးဖွား) သည် မြန်မာနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။[၁]
ကိုယ်ရေးအကျဉ်း
[ပြင်ဆင်ရန်]ဦးညီညီထွေးသည် အ.ထ.က ဖောင်းပြင်၊ အ.ထ.က (၁၄) မန္တလေး၊ နှင့် အ.ထ.က(၁) မုံရွာတို့တွင် ပညာသင်ကြားခဲ့သည်။ ကုန်သည်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။ ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး၊ ဖောင်းပြင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် လူငယ် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊၂၀၀၂-၂၀၀၃ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရာတွင် ဟုမ္မလင်းမြို့နယ် တွဲဘက် ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ခန္တီးခရိုင်ညီလာခံကျင်းပရေးကော်မရှင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ဟုမ္မလင်းမြို့ အ.ထ.က(၁) ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နောင်ပကျစ် လူငယ်ဝေယျာဝစ္စ အဖွဲ့ဝင်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Mp Profile (in my)။ ပြည်ထောင်စုလွှတ်တော်။ 26 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2018 တွင် ပြန်စစ်ပြီး။