ဈာနဗုဒ္ဓရုပ်ပွားတော်

ဝီကီပီးဒီးယား မှ
ဈာနဗုဒ္ဓရုပ်ပွားတော်
တည်နေရာAmaravathi, India
ကိုဩဒိနိတ်16°34′44″N 80°21′11″E / 16.5789°N 80.3531°E / 16.5789; 80.3531ကိုဩဒိနိတ်: 16°34′44″N 80°21′11″E / 16.5789°N 80.3531°E / 16.5789; 80.3531
အမြင့်၁၂၅ ပေ (၃၈ မီတာ)
Dedicated2015
အုပ်ချုပ်မှုAPTDC
MaterialConcrete, stone

ဈာနဗုဒ္ဓရုပ်ပွားတော် (သက္ကတ: ဓျာနဗုဒ္ဓ) သည် အိန္ဒိယနိုင်ငံအန္ဓရဒေသပြည်နယ်အမရဝတီမြို့တွင် တည်ရှိသည့် ထိုင်တော်မူ၍တရားအားထုတ်နေဟန် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ရုပ်ပွားတော်သည် ၁၂၅ ပေ (၃၈ မီတာ) မြင့်၍ နေရာသည် ၄.၅ ဧက ကျယ်ဝန်းသည်။ Krishna မြစ်၏ မြစ်ကမ်းတွင် တည်ထားသည်။ အမရဝတီအနုပညာကျောင်းက စာပေကျမ်းဂန်များဖြင့် အလှဆင်ထားသည်လည်း ရှိသည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

အမရဝတီမြို့နှင့် အနီးအနားရှိ ဓရနိကောတရွာ (Dharanikota) တို့အကြောင်းကို သမိုင်းမှတ်တမ်းများတွင် တွေ့ရှိရသည်မှာ BCE ၅ ရာစုက ဖြစ်သည်။ အမရဝတီမြို့သည် BCE ၃ ရာစုနှ CE ၃ ရာစုအထိ Satavahanas ၏ မြို့တော်ဖြစ်ခဲ့သည်။ အမရဝတီမြို့၏ အရေးအကြီးဆုံးသမိုင်းဝင်နေရာမှာ အမရဝတီစေတီတော် ဖြစ်သည်။ စေတီတော်ကို အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသနအဖွဲ့က ပြတိုက်နေရာတစ်ခုအဖြစ် ထိန်းသိမ်းထားသည်။ ၎င်းကို ပြတိုက်ဟောင်းတစ်ခုအဖြစ် သိကြသည်။[၁][၂]

R. Mallikarjuna Rao က အန္ဓရဒေသခရိုင်၊ Guntur ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် ထမ်ဆောင်ခဲ့စဉ် ၂၀၁၂ ခုနှစ်၌ စေတီတော်တည်ထားကိုးကွယ်ရန် စီမံကိန်းကို စိတ်ကူးရခဲ့သည်။ အမရဝတီအနုပညာကျောင်း၏ 200 BCE - 200 CE ခေတ်ကာလ အနုပညာလက်ရာများကို Mallikarjuna Rao သည် စိတ်ဝင်စားခဲ့ကာ ပြန်လည်ဖန်တီးချင်ခဲ့သည်။ Guntur ခရိုင်အုပ်ချုပ်ရေးက ၄.၅ ဧကရှိသည့် မြေနေရာကို ထောက်ပံ့ပေးခဲ့ကာ တည်ဆောက်မှုကို ၂၀၀၃ - ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့သည်။ ထောက်ပံ့ငွေများမှာ အန္ဓရဒေသပြည်နယ်အစိုးရ၊ Guntur ခရိုင်အုပ်ချုပ်ရေး၊ ဒလိုင်းလားမား၊ ခရီးသွားဌာန၊ Kalachakra စည်းရုံးသူများ Norbulingka နှင့် Mallikarjuna Rao ၏ နှုတ်ဆက်ကတ်ပြားများနှင့် ရေးဆွဲထားသည်များကို ရောင်းချရမှုများ ပါဝင်သည်။ ခရီးသွားဌာနသည် ၂၀၀၇ ခုနှစ်တွင် စီမံကိန်းကို လွှဲယူခဲ့သည်။ တည်ဆောက်မှုများသည် ၂၀၁၅ ခုနှစ်တွင် ပြီးစီးခဲ့သည်။

တည်နေရာနှင့် တည်ဆောက်ထားပုံ[ပြင်ဆင်ရန်]

ဈာနဗုဒ္ဓရုပ်ပွားတော်သည် အမရဝတီမြို့တွင် တည်ရှိ၍ ၁၂၅ ပေ( ၃၈ မီတာ) မြင့်သည်။[၃] Krishna မြစ်၏ မြစ်ကမ်းပေါ်တွင်တည်ရှိ၍ ၄.၅ ဧက (၁.၈ ဟက်တာ) ကျယ်ဝန်းသည်။ ရုပ်ပွားတော်သည် တိုင်ရှစ်တိုင်အထက်ရှိ ကြာပလ္လင်ပေါ်တွင် စံပယ်လျက်ရှိသည်။[၂]

တည်ဆောက်ထားပုံနှင့် အသွင်အပြင်[ပြင်ဆင်ရန်]

ရုပ်ပွားတော်ကို ၂၀၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်ပြီးစီးခဲ့သည်။[၄] ရုပ်ပွားတော်သည် ကြီးမားသည့် ကြာပလ္လင်ပေါ်တွင် တည်ရှိကာ တိုင်ရှစ်တိုင်ဖြင့် ထောက်ကန်ထားသည်။ ထိုတိုင်ရှစ်တိုင်မှာ ဗုဒ္ဓ၏ ဒုက္ခချုပ်ငြိမ်းရာသို့ သွားရာလမ်းကြောင်းဖြစ်သည့် မဂ္ဂင်ရှစ်ပါးကို ရည်ညွှန်းသည်။ ရုပ်ပွားတော်ကြီးရှိရာ နေရာကို ဇုန်လေးခု ခွဲခြားထားကာ သစ္စာတရားများနှင့် ဘဝ၏အဆင့်များအတွက် ayaka တိုင်ငါးခုလည်း ရှိသည်။ [၂]APTDC သည် ရုပ်ပွားတော်၏ ရှေ့တွင် ပန်းခြံတစ်ခုကို ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ပေးခဲ့သည်။[၅]

ရုပ်ပွားတော်၏ အောက်ခြေ၌ ပြတိုက်သုံးလွှာ တည်ရှိသည်။ ပြတိုက်တွင် အမရဝတီအနုပညာပန်းပုများကို ပြသထားသည်။ ထိုပန်းပုများသည် ဗုဒ္ဓ၏အကြောင်း၊ အမရဝတီမဟာစေတီတော်မှ မူလလက်ရာများကို ပုံတူကူးယူထားသည့် လက်ရာများ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Dhyana Buddha project: a lone man's crusade" (in en-IN)၊ The Hindu၊ 2011-11-13။ 
  2. ၂.၀ ၂.၁ ၂.၂ "Dhyana Buddha to be the cynosure"၊ The Hindu၊ 22 October 2015။ 17 March 2016 တွင် ပြန်စစ်ပြီး 
  3. 125-feet Dhyana Buddha statue to be unveiled။ 2019-06-02 တွင် ပြန်စစ်ပြီး။
  4. Tallest Dhyana Buddha to be ready in Amaravati (in en) (2014-09-15)။ 2019-06-02 တွင် ပြန်စစ်ပြီး။
  5. Mar 25၊ TNN | Updated။ Tallest Buddha statue to be unveiled in Guntur soon | India News - Times of India (in en)။ 2019-06-02 တွင် ပြန်စစ်ပြီး။