ဇေးမန် အကျိုးသက်ရောက်မှု

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အလင်းရောင်ထုတ်လွှင့်သည့် ပစ္စည်းတစ်ခုကို အား ကောင်းသော သံလိုက်စက်ကွင်းတွင် ချထားလျှင် ရောင်စဉ် ကြောင်းများသည် နှစ်ကြောင်းသော်၎င်း၊ နှစ်ကြောင်းထက်ပို၍ သော်၎င်း ခွဲထွက်သွား တတ်ကြသည်။ ယင်းသို့ခွဲထွက်သော အခြင်းအရာကို ရူပဗေဒပညာရပ်တွင် ဇေးမန်တွေ့ချက်ဟု ခေါ် သည်။ ဤအချက်ကို၁၈၉၆ ခုနှစ်တွင် အမ္မစတာဒမ်တက္ကသိုလ် မှ ဒပ်ချအမျိုးသား ရူပဗေဒပညာရှင် ဒေါက်တာ ပီတာ ဇေးမန် ဆိုသူ တွေ့ရှိခဲ့သည်။ ထိုပုဂ္ဂိုလ်၏ အမည်ကိုအစွဲပြု၍ ဤတွေ့ ရှိချက်ကို ဇေးမန်တွေ့ရှိချက်ဟု ခေါ်ဆိုခြင်းဖြစ်သည်။

ဇေးမန်တွေ့ချက်ကို အောက်ပါအတိုင်း ပုံစံပြနိုင်သည်။ ကျွန်ုပ်တို့ စမ်းသပ်လိုက်သော အရောင်တန်းတစ်ခုသည် သံ လိုက်စက်ကွင်းထဲတွင် သံလိုက်အားလမ်းနှင့် မျဉ်းပြိုင်ယှဉ် တန်းလျက်ရှိသည်ဟု ဆိုကြပါစို့။ ဤသို့သောအခါမျိုးတွင် ရောင်စဉ်ကြောင်း အသီးသီးတို့သည် နှစ်ကြောင်းစီ ခွဲထွက် သွားကြလိမ့်မည်။ ဤသို့ ခွဲထွက်လာသော နှစ်ကြောင်းကွဲ ရောင်စဉ်များအားလုံးကို တစ်စုတစ်ပေါင်းတည်းအားဖြင့် 'မဂ္ဂနက်တစ် ဒဗ္ဗလက်'ဟု ခေါ်ကြသည်။ ယင်း'မဂ္ဂနက်တစ် ဒဗ္ဗလက်'တွင်ပါဝင်သည့် ရောင်စဉ်ကြောင်း နှစ်ကြောင်းမှာ ယေဘုယျအားဖြင့် အားချင်းတူညီသည်။ ယင်း 'မဂ္ဂနက်တစ် ဒဗ္ဗလက်'တွင် ရောင်စဉ်ကြောင်း နှစ်ကြောင်းသန့်သန့်ထွက်လာ သည်။ ဤအခြင်းအရာသည် အရောင်သန့်သန့်ထွက်ခြင်းပင် ဖြစ်၏။ ယင်းသို့ရောင်စဉ် သန့်သန့်ထွက်ရာ၌၊ ရောင်စဉ် ကြောင်းနှစ်ကြောင်း၏ သွားရာလမ်းကြောင်းသည် တစ်ခုနှင့် တစ်ခုဆန့်ကျင်၍ စက်ဝိုင်းပုံသဏ္ဌာန်ကဲ့သို့ ခွဲထွက်ကြသည်။ ဇေးမန်တွေ့ချက်ကို လက်တွေ့စမ်းသပ်ရာ၌ ထင်ရှားစွာမြင်လိုပါ လျှင်၊ သံလိုက်စက်ကွင်းသည် တသမ္မတ်တည်း အားကောင်းနေ ရမည့်အပြင်၊ စပက်ထရိုစကုပ်မှ ရောင်စဉ်တို့သည် ကောင်းစွာ ဖြာထွက်ရပေမည်။

Zeeman splitting of the 5s level of Rb-87, including fine structure and hyperfine structure splitting. Here F = J + I, where I is the nuclear spin. (for Rb-87, I = 3/2)

ဤကား အလင်းရောင်တန်းနှင့် သံလိုက်အားလမ်းမျဉ်း ပြိုင်ယှဉ်လျက်ရှိသောအခါ တွေ့ရချက်ဖြစ်၏။ သံလိုက်စက် ကွင်းမှ ထွက်လာသော အလင်းရောင်တန်းသည် သံလိုက်အား လမ်းနှင့် ထောင့်မှန်ကျ၍ ထွက်လာသောအခါ တွေ့ရသော အချက်များမှာ ပို၍ရှုပ်ထွေးလာပေသည်။ အများအားဖြင့် ရောင် စဉ်ကြောင်း တစ်ကြောင်းမှ သုံးကြောင်းထိ ခွဲထွက်လာသည်ကို တွေ့ရပေသည်။ တစ်ခါတစ်ရံ ရောင်စဉ်ကြောင်းလေးကြောင်း၊ တစ်ခါတစ်ရံ ထိုထက်ပင်များသော ရောင်စဉ်ကြောင်းတို့ကို ရှုပ်ထွေးစွာ တွေ့ရပေသည်။ ယင်းသို့တွေ့ရှိချက်များ ကွဲပြား လင့်ကစား၊ အသွင်ပြောင်းသော ရောင်စဉ်ကြောင်းအားလုံးသည် အရောင်သန့်သန့်ချည်း ကွဲထွက်ကြ သည်ကိုတွေ့ရသည်။ သို့ရာ တွင် ကွဲထွက်သော ပုံသဏ္ဌာန်မှာမူ၊ ယခင်ကလို စက်ဝိုင်းပုံ သဏ္ဌာန်မျိုးမဟုတ်တော့ပေ။ ဤသို့လျှင် မူလရောင်စဉ်ကြောင်း အသီးသီးမှ ခွဲထွက်လာသော ရောင်စဉ်ကြောင်းကွဲများကို နှစ်စုခွဲနိုင်ပေသည်။ ပထမအစုမှာ သံလိုက်အားလမ်းနှင့် ပြိုင် လျက် အရောင်သန့်သန့်ဖြာထွက်သော ရောင်စဉ်ကြောင်းများ ဖြစ်သည်။ ဒုတိယအစုမှာ သံလိုက်အားလမ်းနှင့် ထောင့်မှန်ကျ အရောင်သန့်သန့်ဖြာထွက်သော ရောင်စဉ်ကြောင်းများဖြစ်သည်။ သာမန်အလင်းသီအိုရီများတွင် အလင်းလှိုင်းတို့သည် စတင်ရာပစ္စည်းမှ ထွက်လာပြီးနောက်၊ ဒြဗ်နှင့် အီသာတို့ကို ဖြတ်၍သွားကြသည်ဟုဆိုသည်။


ပစ္စည်း အတွင်းရှိ အက်တမ်တို့မှ အလင်းလှိုင်းများမည်သို့ စတင်ပေါ် ထွက်လာပုံကို အနည်းအကျဉ်းလောက်သာ ဖော်ပြနိုင်၏။ သို့ရာတွင် ဒေါက်တာဇေးမန်တွေ့ချက်သည် အလင်းရောင် စတင်ရာ ပစ္စည်းအတွင်း၌ ဖြစ်ပေါ်သောအခြေအနေကို လက် တွေ့နည်းအားဖြင့် ကျွန်ုပ်တို့အား သိမြင်စေသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ဒြဗ်တို့ဖွဲစည်းပုံ၊ အီသာ၏သဘော၊ အီသာ၏ ရွေ့ရှားမှုတို့နှင့်သက်ဆိုင်သော အရေးကြီးဆုံးအချက်များကို သိမြင်ကောင်း သိမြင်လာနိုင်ကြပေလိမ့်မည်။ ယခုခေတ် ရူပ ဗေဒပညာရှင်တို့ ယုံကြည်ကြသည်မှာ ဒြဗ်ကိုဖွဲ့စည်းထားသည့် အက်တမ်တို့တွင် အက်တမ်ထက်သေးငယ်၍၊ လျှပ်စစ်ဓာတ်ပါ ရှိသော အီလက်ထရွန်များ ပါဝင်လျက်ရှိသည်။ အီလက်ထရွန် များသည် အက်တမ်အတွင်း၌ လှုပ်ရှားနေသည့်အတွက် အလင်း ရောင်ဖြစ်ပေါ်လာသည်။

အီလက်ထရွန် လှုပ်ရှားမှုကို သံလိုက်စက်ကွင်းက လွှမ်းမိုးထားခြင်းကြောင့် ဇေးမန်တွေ့ ချက်ဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)