ဇော်ဝင်း (သစ်ထွင်း)

ဝီကီပီးဒီးယား မှ

ဇော်ဝင်း (သစ်ထွင်း)သည် မန္တလေးမြို့ရှိ ပန်းချီဆရာ တစ်ဦးဖြစ်သည်။ နာမည်ရင်းမှာ ဇော်ဝင်းဖြစ်ပြီး အဖ သခင်သိုက်ထွန်း(မြောင်းမြ)နှင့် အမိ ဒေါ်ပိုက်စိန်တို့မှ ဧရာဝတီတိုင်းဒေသကြီးဘိုကလေးမြို့နယ်၊ ကျိုက်ပိကျေးရွာ၌ ၁၉၄၄-ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်၊ နေ့တွင် ဖွားမြင်သည်။ မွေးချင်းမောင်နှမ သုံးဦး ရှိသည့်အနက် သားဦးဖြစ်သည်။ အမည်တွင် (သစ်ထွင်း)ဟု ဂုဏ်ပုဒ်တတ်ရခြင်းမှာ ပန်းချီကားတစ်ခုကို လက်နှင့်မဆွဲဘဲ ခဲ၊ ဇင့် ဘလောက်များကဲ့ သစ်သားပြားပေါ်တွင် လိုချင်သလို သစ်ကို ထွင်းပြီး စက္ကူပေါ်တွင် ဆေးရောင်တစ်ရောင်ခြင်းအတွက် ပုံနှိပ်သလို ရိုက်နှိပ်ရသော အတတ်ကို ကျွမ်းကျင်သောကြောင့် ဖြစ်သည်။

ပညာသင်ဘဝ[ပြင်ဆင်ရန်]

၁၉၆၃-ခုနှစ်တွင် အခြေခံပညာ အထက်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်မြို့ရှိ ပန်းချီပန်းပုကျောင်းသို့ ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၉၂-ခုနှစ်တွင် တရုတ်ပြည်၊ ဘေဂျင်းမြို့ရှိ ဗဟိုအနုပညာအကယ်ဒမီကျောင်းသို့ တက်ရောက်ခဲ့သည်။

သင်ကြားခဲ့သောဆရာများ[ပြင်ဆင်ရန်]

ဦးမျိုးသန့်၊ ဦးလွန်းကြွယ်၊ Mတင်အေး၊ ဦးသိန်းဟန်၊ ဦးအောင်သွင်၊ ကူယွမ်ပါမောက္ခ(တရုတ်)၊ ရန်ရှင်းရန့်(တရုတ်)၊ ဖန်းထောင်(တရုတ်)၊ ပါမောက္ခလီဟုန်ရင်(တရုတ်)နှင့် မြင်ဆရာ၊ ကြားဆရာများ။

ထမ်းဆောင်ခဲ့ဘူးသော ဌာနနှင့် ရာထူးများ[ပြင်ဆင်ရန်]

(၁၉၇၁-၁၉၇၃)ခုနှစ်တွင် ရန်ကုန်မြို့၊ ငွေစာရင်းရုံး၌ စာရင်းစစ် အဆင့်(၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၇၄-၁၉၉၀) ခုနှစ်အထိ မန္တလေးပန်းချီပန်းပုကျောင်း၌ ပန်းချီနည်းပြအဖြစ် တာဝန်ယူခဲ့သည်။ (၁၉၉၀-၁၉၉၈)ခုနှစ်အထိ မန္တလေးပန်းချီပန်းပုကျောင်း၌ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ (၁၉၉၈-၂၀၀၀)ခုနှစ်အထိ ရန်ကုန်မြို့၊ ယဉ်ကျေးမှုတက္ကသိုလ်၌ ကထိက တာဝန်ယူခဲ့သည်။ (၂၀၀၀-၂၀၀၂)ခုနှစ်အထိ မန္တလေးမြို့၊ ယဉ်ကျေးမှုတက္ကသိုလ်၌ ကထိက တာဝန် ဆက်လက်ထမ်းဆောင်ခဲ့သည်။

မိသားစု[ပြင်ဆင်ရန်]

ဇနီးမှာ ဒေါ်ခင်နှင်းဆွေ ဖြစ်ပြီး ဦးဇေယျာဦးနှင့် ဦးဇေယျာအေး(ဒု-နည်းပြ၊ ပန်းချီပန်းပုကျောင်း၊ မန္တလေးမြို့)ဟူသော သားနှစ်ဦးရှိသည်။

သွားရောက်ခဲ့သော နိုင်ငံများ[ပြင်ဆင်ရန်]

  • (၁၉၆၄-၆၇) တရုတ်ပြည်သူ့သမ္မတနိုင်ငံ
  • (၁၉၉၁-၉၂) တရုတ်ပြည်သူ့သမ္မတနိုင်ငံ
  • (၂၀၁၂) အိန္ဒိယသမ္မတနိုင်ငံ
  • (၂၀၁၂)နီပေါနိုင်ငံ
  • (၂၀၁၆)စင်ကာပူနိုင်ငံ

ထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. ခဲပုံကြမ်း (၁၀၀)
  2. ဇော်ဝင်း(သစ်ထွင်း) အတ္ထုပ္ပတ္တိအကျဉ်း
  3. သစ်ထွင်းပုံနှိပ်ပန်းချီ
  4. ပန်းချီကားထဲက ရတနာပုံ
  5. မင်ခြစ်ပန်းချီ
  6. ခဲရှုခင်း (၁၀၀) ဒုတိယတွဲ
  7. ကျွန်တော်တစ်သက်လုံးဆွဲခဲ့သော ခဲပန်းချီ(၂၀၁၆။ ဇွန်လ)

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျွန်တော်တစ်သက်လုံးဆွဲခဲ့သော ခဲပန်းချီ(၂၀၁၆။ ဇွန်လ)