ဇူးကျော်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ဇူးကျော် | |
---|---|
မွေးဖွား | ကျော်လင်း တောင်ငူမြို့၊ ပဲခူးတိုင်း |
ကလောင်အမည် | ကိုကိုကျော် (သတ္တဗေဒ) |
အလုပ်အကိုင် | စာရေးဆရာ၊ အယ်ဒီတာ |
နိုင်ငံလူမျိုး | မြန်မာ |
ဇူးကျော် သည် မြန်မာနိုင်ငံသား အမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။ အမည်ရင်း ဦးကျော်လင်း ဖြစ်ပြီး ရန်ကုန်မြို့ တာမွေမြို့နယ်၌ ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်လျက်ရှိသည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]အဘ ဦးမြင့်အေး၊ အမိ ဒေါ်သိန်းကြည်တို့မှ ပဲခူးတိုင်း၊ တောင်ငူမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ရှစ်ယောက်အနက် အကြီးဆုံးသား ဖြစ်သည်။
စာပေရေးသားခြင်း
[ပြင်ဆင်ရန်]ပထမဦးဆုံး ပုံနှိပ်ဖော်ပြခံရသော စာမူမှာ၁၉၈၇ ခုနှစ် သောကြာစာစောင်တွင် ပါဝင်ခဲ့သည့် "ပျော်ခဲ့ရတဲ့ ယုဒသန်"ဝတ္ထုတို စာမူ ဖြစ်သည်။ သောကြာ ဦးမောင်ကလေး တည်းဖြတ်ထုတ်ဝေခဲ့သောစာစောင်ဖြစ်သည်။ ထိုစာမူဖော်ပြခံရစဉ်က ကလောင်အမည်မှာ ကိုကိုကျော် (သတ္တဗေဒ) ဖြစ်သည်။
စာရေးလာသည့် သက်တမ်းတလျှောက်တွင် ဝတ္ထုတိုပုဒ်ရေ ၁၀၀ ကျော် ရေးသားခဲ့ပြီး မျဉ်းပြိုင်လိပ်ပြာ တစ်ကိုယ်တော်ဝတ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေခဲ့ဖူးသည်။ နိုင်ဇော်၊ ဂျူး၊ မင်းလူ ၊ ကြူးနှစ်၊ သန်းမြင့်အောင်၊ ဆောင်းဝင်းလတ်၊ နိုင်ဝင်းသီ ၊ ပန်းမောင် (မြန်မာစာ)တို့နှင့် ပူးတွဲ၍ ဝတ္ထုတိုစုစည်းမှု စာအုပ်များလည်း ထွက်ခဲ့ဖူးသည်။ မြစ်ကြီးနား အခြေစိုက် ဥတ္တရလမင်းမှ စီစဉ်ထုတ်ဝေသော ခံစားသူအကြိုက် ဝတ္ထုတိုစာအုပ်တွင်လည်း ဇူးကျော်၏ ဝတ္ထုတိုစာမူကို ရွေးချယ်ဖော်ပြခဲ့သည်။
မိုးမိုးအင်းလျား ဝတ္ထုတိုပြိုင်ပွဲတွင် ဆု နှစ်ကြိမ် ရရှိခဲ့ဖူးသည်။ ဆုရဝတ္ထုနှစ်ပုဒ်အနက် တစ်ပုဒ်ကို ဘီဘီစီ အသံလွှင့်ဌာနမှ အသံလွှင့်ဇာတ်အဖြစ် ထုတ်လွှင့်ခဲ့ဖူးသည်။ ဇူးကျော်၏ မာစတာပိစ်ဟု စာပေလောကမှ သတ်မှတ်ထားကြသော " ဖဦးထုပ် " ဝတ္ထုတိုစာမူ[ကိုးကားချက်လိုသည်]ကိုလည်း မြန်မာ့အသံမှ ဇာတ်လမ်းပမာ နားဆင်စရာအဖြစ် အကြိမ်ကြိမ် ထုတ်လွှင့်ခဲ့သည်။[ကိုးကားချက်လိုသည်]
ရောင်ပြန်မဂ္ဂဇင်း၊ ပြစ်မှုမဂ္ဂဇင်း၊ မှုခင်းရေးရာသတင်းဂျာနယ်တို့တွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မေတ္တာရှင် မောင်မဲခေါင်၊ ချစ်ဖွယ်(တောင်ငူ)၊ မောင်ရှင်းသန့်၊ ကိုအေးသား၊ ဇော်မင်း(တောင်ငူ)ဟူသော ကလောင်အမည်များဖြင့် ဝတ္ထုနှင့်ဆောင်းပါးများကို ရေးသားခဲ့သည်။ မေတ္တာရှင် မောင်မဲခေါင် ကလောင်အမည်ဖြင့် ဂမ္ဘီရ ဝတ္ထုတိုပုဒ်ရေ ငါးဆယ်ကျော်ခန့် ရေးသားခဲ့သည်။
ဆရာမကြီး ဒေါ်ကလျာ (ဝိဇ္ဇာ/ သိပ္ပံ) စီစဉ်ထုတ်ဝေသော ကလျာ မဂ္ဂဇင်းတွင် မဂ္ဂဇင်းရပ်နားသွားချိန်အထိ အယ်ဒီတာအဖြစ် ကိုးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။
ယခုအခါ လင်းလွန်းခင်စာပေတိုက်၌ စာတည်းအဖြစ် စာပေတာဝန်များကို ထမ်းဆောင်နေဆဲဖြစ်သည်။