ဇီဝနည်းပညာ သုတေသနဦးစီးဌာန

ဝီကီပီးဒီးယား မှ

ဇီဝနည်းပညာ သုတေသနဦးစီးဌာနသည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏လက်အောက်ရှိ ဦးစီးဌာန တစ်ခုဖြစ်ပြီး ဇီဝနည်းပညာဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးများ အပါအဝင် ရင်ဆိုင်နေရသည့် ပြဿနာအရပ်ရပ်ကို အချိန်တိုအတွင်း ဖြေရှင်းပေးနိုင်ရန် နှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ဦးတည်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍ၊ အစာအာဟာရဖူလုံရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ အသီးသီးတွင် လက်တွေ့ အသုံးပြုနိုင်မည့် အကျိုးပြု သုတေသနများ ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်နိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ဇီဝနည်းပညာ သုတေသနဦးစီးဌာနကို အောက်ပါဌာနခွဲများဖြင့် ဖွဲ့စည်းထားသည်။ [၁]

  • အပင်မျိုးပွားခြင်း နှင့် စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်းပညာ ဌာန (Plant and Agricultural Biotechnology Department)
  • ဆေးပညာဆိုင်ရာ ဇီဝနည်းပညာ ဌာန (Medical Biotechnology Department)
  • တိရစ္ဆာန် မွေးမြူရေးဆိုင်ရာ ဇီဝနည်းပညာ ဌာန (Animal Biotechnology Department)
  • ဇီဝထွက်ကုန် နှင့် ထုတ်လုပ်မှုနည်းစဉ် ဖွံ့ဖြိုးရေး ဌာန (Biotech Product and Process Development)
  • မော်လီကျူလာအဆင့် မျိုးရိုးဗီဇဆိုင်ရာ ဇီဝနည်းပညာ ဌာန (Molecular Biotechnology Department)
  • ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဇီဝနည်းပညာ ဌာန (Environmental Biotechnology Department)
  • ရေသတ္တဝါ မွေးမြူရေးဆိုင်ရာ ဇီဝနည်းပညာ ဌာန (Aquaculture Biotechnology Department)
  • အစာအာဟာရဆိုင်ရာ ဇီဝနည်းပညာ ဌာန (Food Biotechnology Department)
  • အဏုဇီဝဗေဒ နှင့် ဇီဝနည်းပညာ ဌာန (Microbiology and Biotechnology Department)
  • စီမံနှင့် ဘဏ္ဍာရေး ဌာန


ကိုးကား[ပြင်ဆင်ရန်]

  1. ဇီဝနည်းပညာသုတေသနဦးစီးဌာန။ ၂၀၁၄-၁၀-၂၀ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]