ဇီနဒင် ဇီဒန်း

ဝီကီပီးဒီးယား မှ
ဇီနဒင် ဇီဒန်း
၂၀၁၇ ၌ တွေ့ရစဉ်
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ဇီနဒင် ယာဇိဒ် ဇီဒန်း[၁]
မွေးသက္ကရာဇ် (1972-06-23) ၂၃ ဇွန်၊ ၁၉၇၂ (အသက် ၅၁)[၂]
မွေးရပ်ဇာတိ မာဆေးမြို့ပြင်သစ်နိုင်ငံ
အရပ်အမြင့် ၁.၈၅ m[၃]
ကစားသည့်နေရာ အလယ်တန်းတိုက်စစ်မှု
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ရေအား မဿရစ်ဿ် (ရီးရဲ မက်ဒရစ်) (မန်နေဂျာ)
လူငယ်ဘဝကလပ်များ
၁၉၈၁–၁၉၈၂ AS Foresta
၁၉၈၂–၁၉၈၃ US Saint-Henri
၁၉၈၃–၁၉၈၆ SO Septèmes-les-Vallons
၁၉၈၆–၁၉၈၉ AS Cannes
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၈၉–၁၉၉၂ AS Cannes ၆၁ (၆)
၁၉၉၂–၁၉၉၆ FC Girondins de Bordeaux ၁၃၉ (၂၈)
၁၉၉၆–၂၀၀၁ Juventus F.C. ၁၅၁ (၂၄)
၂၀၀၁–၂၀၀၆ Real Madrid CF ၁၅၅ (၃၇)
စုစုပေါင်း ၅၀၆ (၉၅)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၈၈–၁၉၈၉ ပြင်သစ် ယူ(၁၇) (၁)
၁၉၈၉–၁၉၉၀ ပြင်သစ် ယူ(၁၈) (၀)
၁၉၉၀–၁၉၉၄ ပြင်သစ် ယူ(၂၁) ၂၀ (၃)
၁၉၉၄–၂၀၀၆ ပြင်သစ် အမျိုးသား ဘောလုံးအသင်း ၁၀၈ (၃၁)
အုပ်ချုပ်ခဲ့သော အသင်းများ
၂၀၁၄–၂၀၁၅ Real Madrid Castilla
၂၀၁၆–၂၀၁၈ Real Madrid CF
၂၀၁၉– Real Madrid CF

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ဇီနဒင် ယာဇိဒ် ဇီဒန်း (ပြင်သစ်: Zinédine Yazid Zidane)(၁၉၇၂ ဇွန် ၂၃ မွေးဖွား) သည် ပြင်သစ်နိုင်ငံသား ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ကာ 'ဇီဇူး (ဇီဇွတ်)' ဟု လူသိများခေါ်ဝေါ်ကြသည်။ အလယ်တန်းတိုက်စစ်မှူးအဖြစ်ကစားခဲ့ကာ လက်ရှိတွင် လာ လီဂါ ကလပ် ရေအား မဿရစ်ဿ် (ရီးရဲ မက်ဒရစ်) တွင် နည်းပြလျက် ရှိပြီး ကမ္ဘာ့ဘောလုံးမန်နေဂျာများထဲက အအောင်မြင်ဆုံးတစ်ယောက်ဟုလည်း သတ်မှတ်ထားသည်။[၄][၅][၆][၇] ထို့အပြင် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ကြကာ[၈][၉][၁၀] ဇီဒန်းသည် ထိပ်တန်းအရည်အသွေးရှိသော အခရာကစားသမားဖြစ်၍ ၎င်း၏ ဘောလုံး နည်းစနစ်၊ အထိန်းအသိမ်း၊ ပေးပို့ခြင်း၊ အမြင်၊ တိကျမှုတို့ကြောင့် ကျော်ကြားထင်ရှားသည်။[၁၁][၁၂] ၁၉၉၈၊ ၂၀၀၀ နှင့် ၂၀၀၃ တို့တွင် ဖီဖာ၏ အကောင်းဆုံးကစားသမား၊ ၁၉၉၈ 'ဘောလောန် ဒေါရ်' (ရွှေဘောလုံးဆု) အပါအဝင် မြောက်မြားစွာသောသူများ၏ ဂုဏ်ပြုချီးမြှောက်ခြင်း ခံရသူတစ်ဦးလည်း ဖြစ်သည်။

အေအက်စ် ကဲန် ကလပ် (AS Cannes) တွင် ဘောလုံးသမားဘဝအဖြစ်စတင်ခဲ့၍ ပြင်သစ်ပထမတန်း ဘောရ်ဒိုး (Bordeaux) ကလပ် တွင် ကစားခဲ့သည်။ ၁၉၉၆ ၌ ယူဗန်းတပ်စ် (ဂျူဗင်တပ်) သို့ပြောင်းရွှေ့ခဲ့ပြီး ထို၌ စီးရီးအေဖလားနှစ်ခုကို ရရှိခဲ့သည်။ ထို့နောက် ရေအား မဿရစ်ဿ် (ရီးရဲ မဒရစ်) ကို စံချိန်တင်ဈေး (€77.5 million) ဖြင့် ၂၀၀၁၌ ပြောင်းရွှေ့ခဲ့သည်။ ထိုစံချိန်တင်ဈေးမှာ ရှစ်နှစ်ကြသည်အထိ မည်သည့်ပြောင်းရွှေ့ဈေးမှ မကျော်နိုင်ခဲ့ပေ။ စပိန်တွင် ဆုဖလားအချို့ရခဲ့သည်။ ထိုဆုများ၌ လာလီဂါဆုနှင့် ဥရောပချန်ပီယံလိဂ်ဆုဖလားတို့ပါဝင်သည်။ ၂၀၀၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပြိုင်ပွဲသမိုင်းတစ်လျှောက်၌ အကောင်းဆုံး ဂိုးတစ်ဂိုးအဖြစ် သတ်မှတ်ခြင်းခံရသော ဘယ်ခြေဖြင့် မြေမကျ အနိုင်ဂိုးကန်သွင်းခဲ့သည်။[၁၃]

နိုင်ငံကိုယ်စားပြု အကြိမ် (၁၀၈) ကြိမ်ကစားခဲ့ပြီး ၁၉၉၈-ပြင်သစ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် နှစ်ဂိုးသွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားဆုကို ရရှိခဲ့သည်။ အောလ်-စတား အသင်းတွင် ရွေးချယ်ခြင်းခံရသည်။ ဤအောင်မြင်မှုသည် ဇီဒန်းကို နိုင်ငံသူရဲကောင်းဖြစ်စေခဲ့ပြီး အကျိုးပြုသင်္ဂဟဆု (Légion d'honneur) ဖြင့် ၁၉၉၈ တွင် သူကောင်းပြုခြင်း ခံရသည်။ ၂၀၀၀-ဥရောပဖလားကိုလည်းရရှိ၍ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ၂၀၀၆-ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် အီတလီကစားသမား မာကို မာတာရာဇီကို ရင်ဘတ်၌ ခေါင်းစောင့်တိုက်သော ဖြစ်ရပ်ကြောင့် အထုတ်ခံခဲ့ရသော်လည်း ဖီဖာရွှေဘောလုံးဆုရရှိခဲ့သည်။ ပြင်သစ်ဘောလုံးသမိုင်းတွင် စတုတ္ထမြောက် ပွဲအရေအတွက် ကစားသူအနေဖြင့် အနားယူခဲ့လေသည်။

၂၀၀၄ တွင် ၎င်းကို ပီလီရွေးချယ်သော သက်ရှိထင်ရှား 'ဖီဖာ၁၀၀' တွင် ရွေးချယ်ခဲ့ကာ ထိုနှစ်တွင်ပင် ဥရောပ ရွှေရတုမဲကောက်ခံမှု၌ နှစ်(၅၀) အတွင်း ဥရောပ၏ အကောင်းဆုံး ဘောလုံးသမား အဖြစ် ရွေးချယ်ခြင်း ခံရပြန်သည်။[၁၄] ဇီဒန်းသည် ဖီဖာကမ္ဘာ့ဖလား၊ ဥရောပချန်ပီယံလိဂ်ဖလား၊ ဘောလောန် ဒေါရ် (ရွှေဘောလုံးဆု) ရရှိဖူးသော ကစားသမားရှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။[၁၅] ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကြိုးပမ်းသော ကာတာနိုင်ငံ၏ သံတမန်လည်းဖြစ်ကာ ထိုကြိုးပမ်းမှုသည် အောင်မြင်ခဲ့ပြီး ကာတာသည် လက်ခံကျင်းပရန် အခွင့်အရေးရရှိသည့် ပထမဆုံး အာရပ်နိုင်ငံလည်းဖြစ်သည်။[၁၆]

ကစားသမားဘဝမှ အနားယူပြီးသည့်နောက် ဇီဒန်းသည် နည်းပြဘဝသို့ ကူးပြောင်းခဲ့ကာ ရေအား မဿရစ်ဿ် (ရီးရဲ) ၏ အရံအသင်း 'ရေအား မဿရစ်ဿ် ကာ့စတီလာ' တွင် ဦးဆောင်းနည်းပြခဲ့သည်။[၁၇] နှစ်နှစ်ကြာ ထိုအသင်း၌ တာဝန်ယူခဲ့ပြီး အသင်းကြီးသို့ ၂၀၁၆ ဇန်နဝါရီတွင် ပြောင်းရွှေ့ခဲ့သည်။[၁၈] အသင်းကြီးနှင့် ပထမနှစ်နှစ်ခွဲတာ ကာလအတွင်း ဥရောပချန်ပီယံလိဂ် သုံးနှစ်ဆက်တိုက်ရယူနိုင်သော ပထမဆုံးနည်းပြဖြစ်သလို ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား နှစ်ကြိမ်စီ၊ လာလီဂါဖလားတစ်ကြိမ်၊ စူပါကိုပါ ဒီ အက်စပဲန်ညာ (Supercopa de España) တစ်ကြိမ် စသဖြင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။[၁၉] ဤအောင်မြင်မှုများသည် ဇီဒန်းအဖို့ ၂၀၁၇၌ အကောင်းဆုံး ဖီဖာအမျိုးသား နည်းပြ အဖြစ်ရွေးချယ်ခံရစေသည်။[၂၀] သို့သော် ၂၀၁၈ မေလ၌ နုတ်ထွက်ခဲ့၏။[၂၁][၂၂] ၎င်းထွက်ခွာပြီး အသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် ၂၀၁၉ ၌ အသင်းသို့ တဖန်ပြန်လာခဲ့ကာ[၂၃] လာလီဂါဖလားတစ်ကြိမ်၊ စူပါကိုပါ ဒီ အက်စပဲန်ညာဖလားတစ်ကြိမ် ရရှိစေခဲ့သည်။[၂၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Acta del Partido celebrado el 12 de mayo de 2019, en San Sebastián-Donostia (in Spanish)။ Royal Spanish Football Federation။ 22 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 June 2019 တွင် ပြန်စစ်ပြီး။
  2. Zinedine Zidane Profile။ 28 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  3. Zinedine Zidane။ 7 July 2018 တွင် ပြန်စစ်ပြီး။
  4. Zinedine Zidane is quietly becoming one of the greatest managers ever (in en-US)။ 2020-07-17 တွင် ပြန်စစ်ပြီး။
  5. Mythbuster: Zidane is a lucky coach but not a great one | Goal.com။ 2020-07-17 တွင် ပြန်စစ်ပြီး။
  6. Lowe၊ Sid။ "Zinedine Zidane the manager is already outperforming Zidane the player" (in en-GB)၊ The Guardian၊ 2017-06-04။ 
  7. Real Madrid: Zidane departs as the second most successful coach in Real Madrid history (in en) (2018-05-31)။ 2020-07-17 တွင် ပြန်စစ်ပြီး။
  8. "Zidane's lasting legacy". BBC Sport. Retrieved 20 April 2013."Zidane is greatest football player" Archived 21 September 2013 at the Wayback Machine.. Fox Sports. Retrieved 20 April 2013.
    "Brazil 0 France 1: Zidane regains mastery to tame Brazil" Archived 19 December 2013 at the Wayback Machine.. The Independent. Retrieved 17 November 2013.
  9. "Brazil's Fans Lament Demise of the Beautiful Game". The New York Times. Retrieved 17 November 2013.
  10. "Defending champion bounces back from World Cup flop to try again" Archived 30 May 2006 at the Wayback Machine.. Sports Illustrated. Retrieved 17 November 2013.
  11. "French heir who became king" Archived 22 June 2018 at the Wayback Machine.. FIFA.com. Retrieved 17 November 2013.
  12. "Zinedine Zidane set to become Real Madrid director of football"၊ 14 June 2012။ 
  13. Ronaldo's overhead kick and five other classic UCL goals။ UEFA။ 14 July 2018 တွင် ပြန်စစ်ပြီး။
  14. "Zidane voted Europe's best ever" The Guardian. London. Retrieved 17 November 2013.
  15. "Kaka: Former Brazil, AC Milan and Real Madrid midfielder announces retirement"၊ BBC Sport၊ 17 December 2017။ 
  16. "Zidane: A victory for the Arab world"၊ FIFA၊ 16 April 2015။ 17 July 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 22 June 2018။ 
  17. Zidane to manage Castilla in the 2014/2015 season။ Real Madrid CF။ 25 June 2014 တွင် ပြန်စစ်ပြီး။
  18. "Zinedine Zidane: new coach of Real Madrid"၊ Real Madrid CF၊ 4 January 2016။ 
  19. "Zinédine Zidane the manager is already outperforming Zidane the player"၊ 4 June 2017။ 27 June 2017 တွင် ပြန်စစ်ပြီး 
  20. FIFA Football Awards 2017 – Voting Results (PDF)။ FIFA (23 October 2017)။ 24 October 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 October 2017 တွင် ပြန်စစ်ပြီး။
  21. Pope၊ Nick။ "Zinedine Zidane Announces His Resignation From Real Madrid"၊ 31 May 2018။ 31 May 2018 တွင် ပြန်စစ်ပြီး 
  22. "Zinedine Zidane: Real Madrid boss stands down five days after Champions League win"၊ BBC Sport၊ 31 May 2018။ 31 May 2018 တွင် ပြန်စစ်ပြီး 
  23. "Zinedine Zidane: Real Madrid reappoint Frenchman to replace Santiago Solari"၊ BBC Sport၊ 11 March 2019။ 11 March 2019 တွင် ပြန်စစ်ပြီး 
  24. West၊ Andy (16 July 2020)။ How Real Madrid and Zinedine Zidane won back La LigaBBC Sport။ 17 July 2020 တွင် ပြန်စစ်ပြီး။