ဆွေးနွေးချက်:ဇီနဒင် ဇီဒန်း

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

attacking mildfielder & runner-up[ပြင်ဆင်ရန်]

  • Attacking midfielder ကို အလယ်တန်းတိုက်စစ်မှူး လို့ သုံးထားတာ မမှန်ရင် ပြောင်းလဲပေးနိုင်ရန်။ (သတင်းစာ၊ ဂျာနယ်တွေ မဖတ်တော့ အဲ့ဝေါဟာရ သိပ်မသိဘူး)
  • runner-up ကို 'ဒုတိယရသူ' သို့ 'ဒုတိယဆုရှင်' လို့ ရေးရင် အဆင်ပြေမယ် ထင်တယ်ဗျ။
    Oxford English Dictionary မှာ "a competitor or team taking second place in a contest"
    Oxford Advanced Learner's Dict; (9th edition) မှာ "a person or team that finishes second in a race or competition; a person or team that has not finished first but that wins a prize" လို့ ဖွင့်ထားတော့ 'ဒုတိယရသူ' သို့ 'ဒုတိယဆုရှင်' ဆို (တစ်ဦးချင်းရော၊ အသင်းပါ) ခြုံငုံနိုင်မယ် လို့ယူဆပါတယ်။

note: ဆုကြေငြာစနစ် ဖတ်မိသလောက် gold, silver, bronze စနစ်/ first,second, third,. . စနစ်/ winner, runner-up စနစ် တို့ရှိပြီး (အခြားစနစ်များရှိနိုင်) သူ့ဟာနဲ့သူ ကွဲပြားတော့ second , runner-up က ကြေငြာစနစ်သာကွာတာ အတူတူပဲထင်ပါတယ်။ အဆင်ပြေရင် ပြင်ပေးနိုင်ပါရန်။ Aungookingofcelestials (ဆွေးနွေး) ၁၈:၄၂၊ ၁၇ ဇူလိုင် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ဘရိုအကြံပြုထားတဲ့ အလယ်တန်းတိုက်စစ်မှူးဒုတိယဆုရှင် ဆိုတာက သင့်တော်မယ်လို့ ယူဆပါတယ်။ ကျနော်ဆိုရင် နက္ခတ္တဗေဒဘက်မှာ ဆောင်းပါးတွေရေးဖြစ်ရင် အချို့အသုံးအနှုန်းတွေကို မြန်မာလို မပြန်တတ်လို့ အဆင်ပြေသလို ဘာသာပြန်လိုက်ရတာတွေရှိတယ်။ လောလောဆယ် ဆောင်းပါးအရေအတွက် တိုးလာအောင်ပဲ အာရုံရောက်နေတာကြောင့်လည်း ပါပါတယ်။ ဘရိုရဲ့စေ့စပ်မှုကို လေးစားလျက်ပါ။ Dr Lotus Black (ဆွေးနွေး) ၂၀:၄၇၊ ၁၇ ဇူလိုင် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]
ဆောင်းပါးအရေအတွက် တိုးဖို့ အားဖြည့်ပါတယ်။ အားလည်းပေးပါတယ်။ အချို့ဝေါဟာရက (မြန်မာဘာသာ)ခေတ်အသုံး မရှိ၊ မတွင်ကျယ်တော့ ကြံဖန်ရေးရတာတွေရှိလို့ ကိုယ်ချင်းစာပါတယ်။ စေ့စပ်လှတာတော့ ဟုတ်ပါဘူး၊ အချက်လက်ပိုင်း၊ အသံထွက်ပိုင်းတွေ ဇီဇာကြောင်တာနေမှာပါ။ ဟီး ။ Aungookingofcelestials (ဆွေးနွေး) ၁၂:၃၃၊ ၁၈ ဇူလိုင် ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]