ဇာဘီဗာကာ

ဝီကီပီးဒီးယား မှ
လာဘ်ကောင်ရုပ် ဇာဘီဗာကာ

ဇာဘီဗာကာ (ရုရှား: Забива́ка, "Goalscorer")သည် ရုရှားနိုင်ငံ၌ ကျင်းပခဲ့သော ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင် လာဘ်ကောင်ရုပ်ဖြစ်သည်။ အမည်မှာ ရုရှားစကားလုံးဖြစ်သော забияка ("hothead") နှင့် забивать ("to score") ကို ပေါင်းစပ်ထားသော အမည်ဖြစ်သည်။

ဤလာဘ်ကောင်ရုပ်ကို ရုရှားနိုင်ငံတွင် အင်တာနက်မှ မဲပေေးရွေးချယ်ခဲ့ပြီး အရုပ်ရေးဆွဲသူမှာ ဒီဇိုင်းကျောင်းသူ ယဲ့ကာကျယ်ရင်နာ ဘာချာရိုဗာ(Екатерина Бочарова) ဖြစ်သည်။[၁]

ဒီဇိုင်း[ပြင်ဆင်ရန်]

ဇာဘီဗာကာ

လာဘ်ကောင်ရုပ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။ ထိုအရုပ်မှာ အမွေး အညိုနှင့်အဖြူရှိသော ယူရေးရှန်း ဝံပုလွေကို ကိုယ်စားပြုပြီး "RUSSIA 2018" ဟု ရိုက်နိုပ်ထားသော တီရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး လိမ္မော်ရောင် မျက်မှန်ကို ဝတ်ဆင်ထားသည်။ ဒီဇိုင်းနာအဆိုအရ ထိုမျက်မှန်များ စကိတ်မျက်မှန်မဟုတ်ပဲ စက်ဘီးစီးခြင်းကဲ့သို့သော အာကစားများတွင် အသုံးပြုသော အားကစားမျက်မှန်အမျိုးအစား တစ်ခုဖြစ်သည်။ အကြောင်းမှာ "ဇာဘီဗာကာသည် ကွင်းထဲတွင် အလွန်လျင်မြန်လှသဖြင့် သူ့မျက်လုံးများသည် အကာအကွယ်လိုသောကြောင့်" ဖြစ်သည်။[၂]

အင်္ကျီတွင် ရောစပ်ထားသော အရောင်များဖြစ်သည့် အဖြူ၊ အပြာနှင့် အနီရောင်တို့သည် ရုရှားအသင်းကို ကိုယ်စားပြုသော အမျိုးသား အရောင်များ ဖြစ်ကြသည်။

ယှဉ်ပြိုင်ခြင်း[ပြင်ဆင်ရန်]

ဒီဇိုင်းပြိုင်ပွဲ ရလဒ်များကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် Channel One ရုပ်သံလိုင်း၏ Evening Urgant ရုပ်သံအစီအစဉ်တွင် ကြေညာခဲ့သည်။ ဇာဘီဗာကာဟု အမည်ပေးထားသော ဝံပုလွေမှာ မဲ ၅၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကျား (၂၇ ရာခိုင်နှုန်း)နှင့် ကြောင် (၂၀ ရာခိုင်နှုန်း)တို့ကို ကျော်ဖြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မဲပေးခြင်းတွင် လူပေါင်း ၁ မီလီယံကျော် ပါဝင် မဲပေးခဲ့ကြခြင်းဖြစ်သည်။[၁]

တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သော ထို Evening Urgant ရုပ်သံအစီအစဉ်တွင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဗစ်တာလီ မူထ်ကိုမှ လာဘ်ကောင်ရုပ်၏ အမည်ကို အကြံပြုခဲ့ခြင်းဖြစ်သည်။ ဖီဖာမှ ဒီဇိုင်းရေဆွဲခဲ့သူ ဘာချာရိုဗာကို အနည်းငယ်မျှသော ဆုကြေးငွေဖြစ်သည့် ဒေါ်လာ ၅၀၀ ကို ချီးမြှင့်ခဲ့သည်။[၃]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Wolf chosen as 2018 FIFA World Cup Official Mascot and named Zabivaka" (သတင်းထုတ်ပြန်ချက်)။ ဖီဖာ။ 21 October 2016။ 22 October 2016 တွင် မူရင်း အား မော်ကွန်းတင်ပြီး4 October 2018 တွင် ပြန်စစ်ပြီး
  2. "Russians deride choice of confusing 2018 World Cup mascot Zabivaka". Russia Beyond, 28 October 2016
  3. [၁] "Создатель талисмана ЧМ-2018, волка Забиваки, получила за свою работу 500 долларов "

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ယခင်က
ဖူလီကို
ဖီဖာ ကမ္ဘာ့ဖလား လာဘ်ကောင်ရုပ်
Zabivaka

FIFA 2018
ဆက်ခံသူ
TBA