မာတိကာသို့ ခုန်သွားရန်

ဆွေးနွေးချက်:အမျိုးသားနေ့

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
အကြောင်းအရာအသစ် ထပ်ထည့်ရန်
ဝီကီပီးဒီးယား မှ

အမျိုးသားနေ့ ဖြစ်ပေါ်လာစေတဲ့ ပထမကျောင်းသားသပိတ်ရဲ့ ခေါင်းဆောင် ကျောင်းသား (၁၁)ဦး

  • ၁။ ကိုဘဦး (ဘီအေ အထက်တန်း။)
  • ၂။ ကိုဘရှင် (ဘီအက်စီ အထက်တန်း။)
  • ၃။ ကိုညီပိတ် (ဘီအက်စီ အထက်တန်း။)
  • ၄။ ကိုဖိုးကွန်း (ဘီအက်စီ အထက်တန်း။) - ဖိုးကွန်း၊ ဗိုလ်မှူး
  • ၅။ ကိုအေး (ဘီအေ အထက်တန်း။)
  • ၆။ ကိုလှတင် (ဘီအေ အထက်တန်း။)
  • ၇။ ကိုဖေသိန်း (အိုင်အေ အထက်တန်း။)
  • ၈။ ကိုထွန်းဝင်း (အိုင်အေ အထက်တန်း။)
  • ၉။ ကိုဘရှင် (အိုင်အေ အထက်တန်း။)
  • ၁၀။ ကိုဘခင် (အိုင်အေ အထက်တန်း။)
  • ၁၁။ ကိုအောင်ဒင် (အိုင်အေ အထက်တန်း။)

တို့ရဲ့ အတ္ထုပ္ပတ္တိလေးတွေ ရှိရင် ဆောင်းပါးသီးခြားစီနဲ့ တင်ပေးကြပါလားခင်ဗျာ။ ကျွန်တော်ရှာတာတော့ နံပါတ်(၄) ကိုဖိုးကွန်းတစ်ယောက်ပဲ တွေ့သေးတယ်။ လေးစားစွာဖြင့် - သုတေသီ ၁၄:၀၉၊ ၁၅ နို​ဝင်​ဘာ​ ၂၀၁၁ (UTC)

နယ်ချဲ့ အင်္ဂလိပ်များက မြန်မာနိုင်ငံ အောက်ပိုင်းကို သိမ်းယူလိုက်ပြီး 15 နှစ် ကြာသည်အထိ ပညာရေးကို တာဝန်မယူခဲ့ပေ။ သို့နှင့် 19 ရာစု နှောင်းပိုင်း 1866 ခုနှစ်တွင် ပညာသင်ကြားရေးလုပ်ငန်းကို စတင်ခဲ့တယ်။ 1920 မှာ တက္ကသိုလ်ဥပဒေကြမ်းတစ်ခုကို အင်္ဂလိပ်တွေက ရေးဆွဲခဲ့တယ်။ မြန်မာတွေ အနေနဲ့ တက္ကသိုလ်တစ်ခုရှိစေလိုပေမဲ့ တက္ကသိုလ်ဥပဒေက မြန်မာလူမျိုးတွေရဲ့ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားတာကြောင့် ကန့်ကွက်ခဲ့ကြတယ်။ 1920 ဒီဇင်ဘာလ 1 ရက် မှာ ကန့်ကွက်မှုတွေကြားက ဥပဒေကို အတည်ပြုခဲ့တယ်။ ဒုတိယဘုရင်ခံက ဒီဇင်ဘာလ 7 ရက်မှာ ကိုယ်တိုင် တက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်မယ်လို့ ကြေညာခဲ့တယ်။ ထို့ကြောင့် အထက်ဖော်ပြပါ ကျောင်းသားကြီး 11 ဦးက 1920 ဒီဇင်ဘာလ 3 ရက်နေ့မှာ ကန့်ကွက် သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ကြတယ်။ အဲ့နောက်မှာ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်က ကေျာင်းသား‌ေတွက 1920 ဒီဇင်ဘာလ 5 ရက် ( မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့) မှာ စတင်သပိတ်မှောက်ခဲ့တယ်။ ထို့နောက် တစ်နိုင်ငံလုံး သပိတ်ပျံ့နှံ့သွားခဲ့တယ်။ 1922 ခုနှစ် ဇန်နဝါရီလ မှာ ရန်ကုန်မြို့မှာကျင်းပတဲ့ ဂျီစီဘီအေ အထူးကွန်းဖရင့်က တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပေးခဲ့တယ်။

ဆောင်ပုဒ်ကို ခွဲထုတ်နိုင်မနိုင်

[ပြင်ဆင်ရန်]

ဆောင်ပုဒ် တွေ နှစ်အလိုက် မတူဘဲ ထုတ်ပြန်တာ သတိထားမိပါတယ်။ သီးသန့် တပုဒ် ခွဲထုတ်ပြီး စတင်တဲ့ နှစ်ကတည်းက ခုနှစ်ထိ၊ နောင်လာမဲ့ နှစ်တွေအထိ စုစည်းသွားရင် ဘယ်လိုလဲ ခင်ဗျာ။ ဘဝကလှပတယ်၊အချစ်ကစားမရတယ် (ဆွေးနွေး) ၀၄:၀၁၊ ၁၉ နိုဝင်ဘာ ၂၀၁၉ (UTC)အကြောင်းပြန်ရန်

ကောင်းပါတယ် Thuta Pyae Sone (ဆွေးနွေး) ၁၂:၂၁၊ ၂၁ နိုဝင်ဘာ ၂၀၁၉ (UTC)အကြောင်းပြန်ရန်

အမျိုးသားနေ့စာစီစာကုံးရေးနည်းကဗျာအပိုက်အချိုးအစားများရလဒ်

[ပြင်ဆင်ရန်]

အချိုးအစားညီမျှမှရှိချင်းအချိုးအစားရလများဆွေးနွေးရန်အတွက်ဖြစ်သည်အစားအမျိုးဧ။်ရလဒ်အချိုးများ@ 103.81.113.56 ၁၄:၄၈၊ ၁၇ နိုဝင်ဘာ ၂၀၂၄ (UTC)အကြောင်းပြန်ရန်