ဆွေးနွေးချက်:အနာတဟန်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မေးမြန်းခြင်း[ပြင်ဆင်ရန်]

@Ninjastrikers:, အမျိုးသားစာပေဆုရရှိတဲ့စာအုပ်တိုင်းက ဝီကီမှာ ဆောင်းပါးဖန်တီးခွင့်စည်းမျဉ်းထဲဝင်သလားမသိဘူး။ သို့မဟုတ် ခါတိုင်းလိုပဲ သူ့အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါး၊ သတင်း၊ စာပေ ... တွေရှိမှပဲ ဝင်သလား။ အခြားကဏ္ဍတွေမှာ ဝင်တယ်ဆိုရင်တောင်ဘာသာပြန်ကဏ္ဍကျ နဲနဲဒွိဟဖြစ်နေလို့၊ မူရင်းစာအုပ်ရှိနေတော့ ဘာသာပြန်စာအုပ်က သတ်သတ်ရေးခွင့်ရှိလားဗျ၊ Aungookingofcelestials (ဆွေးနွေး)

အမျိုးသားစာပေဆုက နိုင်ငံအဆင့် စာပေဆုကြီး ဖြစ်တာမို့လို့ စာပေဆုရ စာအုပ်အနေနဲ့ Notability criteria တစ်ခုနဲ့ကိုက်ညီလို့ ဆောင်းပါးဖန်တီးခွင့်ရတယ်။ ဒါပေမယ့် ဆောင်းပါးအတွက် ထပ်ဆောင်းအနေနဲ့ ခိုင်လုံတဲ့ တတိယရင်းမြစ်တွေကနေ ကိုးကားဖို့တော့ လိုပါတယ်။ ဒီတစ်ခုက ဘာသာပြန်စာအုပ်ဖြစ်နေတော့ သီးခြားခွဲရေးထုတ်တာထက် မူရင်းစာအုပ်ဆောင်းပါးအောက်မှာ ဘာသာပြန်အပိုင်းအနေနဲ့ မြန်မာဘာသာပြန်သူ၊ ရရှိတဲ့ဆု စသလောက်ပဲ ထည့်ရေးတာက ပိုကောင်းမယ်ထင်ပါတယ်။ NinjaStrikers «» ၀၉:၄၄၊ ၁၃ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]
ဟုတ်၊ ခဏနေလောက်မှ အဆင်ပြေအောင် ပြန်ပြင်လိုက်ပါဦးမယ်။ Aungookingofcelestials (ဆွေးနွေး) ၁၁:၁၀၊ ၁၃ ဇန်နဝါရီ ၂၀၂၁ (UTC)[အကြောင်းပြန်ရန်]