ဆွေးနွေးချက်:သွေးလွန်တုပ်ကွေး

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဒီသွေးလွန်တုပ်ကွေး ဆောင်းပါးမှာ ကိုးကားစာရင်းမပါတာကို တွေ့ရလို့ အကြံပြုချင်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်တဲ့ ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များ[၁]၊ ကမ္ဘာ့ကျန်းမာရေးအဖွဲကထုတ်တဲ့ သွေးလွန်တုပ်ကွေးကာကွယ်နိုင်ရန် အကြံပြုချက်များ[၂] နဲ့ National Strategic Plan for Dengue Prevention and Control 2016-2020[၃] မှာ ပါတဲ့ အချက်အလက်တွေက လက်ရှိအချိန်မှာ မှန်ကန်တဲ့ အချက်အလက်တွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အဲဒီထဲမှာပါတာတွေကို ကိုးကားပြီးပြန်ရေးမယ်ဆိုရင် လက်ရှိဆောင်းပါးရဲ့ အရေးအသားဖွဲ့စည်းပုံကိုပါ ပြောင်းသွားနိုင်ပါတယ်။

သက်ဆိုင်ရာ ဆရာဝန်တဦးတယောက်က တတ်သိနားလည် ကျွမ်းကျင်စွာ ရေးထားတဲ့ ကျန်းမာရေး၊ ဆေးပညာ၊ အသိပညာဆောင်းပါးတွေ လိုအပ်နေပါတယ်၊ နောက်ရေးတဲ့ ဆောင်းပါးက လက်ရှိဆောင်းပါးထက် ပိုစုံလင်မယ်၊ အထောက်အထား အကိုးအကားပါဝင်မယ်ဆိုရင် အဟောင်းကို ဖျက်ပြီး အသစ်ရေးဖို့ ကျနော်တော့ ထောက်ခံပါတယ်။ ကျန်တဲ့သူတွေ အမြင်ကရော? နောက်တခုက အင်္ဂလိပ်ကနေ ဘာသာပြန်လိုက်ရင်ကော ပိုမစုံလင်ဘူးလားလို့ အကိုးအကားတွေ ပါဝင်ပြီးသားမို့ အချိန်ကုန်ခံ ရှာနေစရာမလိုအောင်လို့ဗျ Bhoned(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၁၁:၀၇၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

ညွှန်း[ပြင်ဆင်ရန်]

မျိုးကြည်သာ (ဆွေးနွေး) ၁၁:၅၈၊ ၂၉ ဒီဇင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]