ဆွေးနွေးချက်:လက်စဘီယံ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

lesbian ကို ဒီက မဂ္ဂဇင်း၊ ဂျာနယ် ဘာဘာညာညာ တွေမှာ လက်စဘီယံ ဆိုပြီး ရေးကြလားတော့မသိပါ။ အသံကို တိုက်ရိုက်ထွက်ရင်လက်+စ+ဘီ+ယံ မှာ 'စ' သည် eng အသံအရ သရမရှိပါ၊ ဆိုလိုတာက အသံတစ်လုံးရဲ့ တန်ဖိုးမရှိပါ။ ကပ်ပါးကောင်လို သူများကို မှီထွက်ရတဲ့ နောက်ပိတ်သံ ဖြစ်ပါတယ်။ ဒါ့ကြောင့် 'လက်ဇ်ဘီယန်' လို့ အထဲမှာရေးထားပေးပါတယ်။ Aungookingofcelestials (ဆွေးနွေး) ၀၆:၃၀၊ ၂၅ စက်တင်ဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]

တစ်ခုမေ့နေလို့။ မြန်မာစကားမှာ နောက်ပိတ်သံစနစ်မရှိပါ။ ဒါပေမယ့် အခြားဘာသာစကား ကလာတဲ့ အခြင်းအရာများကို လိုက်လျောညီထွေ အဆင်ပြေစေရန် တရားဝင်မဟုတ်သော်လည်း လူအများလက်ခံသုံးစွဲတဲ့ ပုံစံတစ်ခုလို့မြင်ပါတယ်။ နေရာတကာ ရေးလို့မရတာတော့ လက်ခံပါတယ်။ ဥပမာ Trueman - ထြူးမန်း လို့ ရေးရတာ အဆင်မပြေသလိုပဲ။ မူရင်း 'ထ' က အသံတစ်လုံးတန်ဖိုးမရှိပေမဲ့ ထရူးမန်း လို့ ရေးရတာ ပိုအဆင်ပြေနိုင်ပါတယ်။ Aungookingofcelestials (ဆွေးနွေး)