ဆွေးနွေးချက်:ရှစ်တောင်ကြီးရွာ၊ သရက်ချောင်းမြို့နယ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ရှစ်တောင်ကြီး ဟူသောအရေးအသားကို သရက်တောင်ကြီးဟု ပြင်ဆင်ရန် ဆန္ဒပြုပါသည်။ အကယ်၍ ထားဝယ်အသံထွက်ဖြင့်ရေးမည်ဆိုပါက ရှစ်တော်န်ကီး ဟုရေးသင့်သည်ဟု ယူဆမိပါသည်။ ရှစ်မှာ ထားဝယ်အသံထွက်ဖြစ်၍ တောင်ကြီးမှာ ဗမာ(မြန်မာ)အသံထွက် ဖြစ်နေသဖြင့် ရှစ်တောင်ကြီး ဟုရေးလျှင် ဘာသာစကားနှစ်ခုကိုခွ၍ ရေးထားသကဲ့သို့ဖြစ်နေပါသည်။ — U Aung Kyaw Htay (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ ၀၀:၀၇၊ ၂၂ ဧပြီ ၂၀၂၂

@U Aung Kyaw Htay: ရှစ်တောင်ကြီး နာမည်က မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ်က ထုတ်ဝေထားတဲ့ Countrywide P-Code dataset ထဲမှာ ဖော်ပြထားတဲ့ နာမည်အတိုင်းရေးထားတာပါ။ သူရဲ့ မူရင်း ရင်းမြစ်က ထွေအုပ်က စာရင်း ဖြစ်ပါတယ်။ NinjaStrikers «» ၀၂:၄၃၊ ၂၂ ဧပြီ ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]
လက်ရှိအချိန်တွင် အများခေါ်ဝေါ်သုံးစွဲနေကြသော အမည်ကိုခေါင်းစဉ်ပြု၍ ရေးသားခြင်းဖြင့် ရှာဖွေဖတ်ရှုသူများအတွက် ပိုမိုလွယ်ကူအဆင်ပြေမည်ဟုထင်မြင်မိပါသည်။ ထွေအုပ်စာရင်းတွင် ရှစ်တောင်ကြီးဟု (မူလရင်းမြစ်အရေးအသားသဘောမျိုးဖြင့် ) ရေးသားထားကြောင်းကို ဆောင်းပါးစာကိုယ်တွင် ထည့်သွင်းရေးသားခြင်းက ပိုကောင်းမည်လားဟုတွေးမိပါသည်။ မနေ့ကမှ အကောင့်ဖွင့်ထားသော beginner တစ်ယောက်ဖြစ်၍ အမှားအယွင်းရှိမည်ကိုလည်း စိုးရိမ်ပါသည်။U Aung Kyaw Htay (ဆွေးနွေး) ၀၅:၂၉၊ ၂၂ ဧပြီ ၂၀၂၂ (UTC)[အကြောင်းပြန်ရန်]